အခက် အခဲဖြစ်နေတဲ့ ပြည်သူတွေကို ဆန် ဆီနဲ့အလှူငွေများသွားရောက် လှူဒါန်းလာခဲ့တဲ့ သရုပ်ဆောင် နေဒွေး

အခက် အခဲဖြစ်နေတဲ့ ပြည်သူတွေကို ဆန် ဆီနဲ့အလှူငွေများသွားရောက် လှူဒါန်းလာခဲ့တဲ့ သရုပ်ဆောင် နေဒွေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အနုပညာ လောကမှာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကား ပေါင်းများစွာကို ကျရာ ဇာတ်ရုပ်မှာ ပိုင်ပြင်နိုင်စွာနဲ့ သရုပ်ဆောင်ရင်း ပရိတ်သတ်တွေရဲ့ ချစ်ခြင်း မေတ္တာတွေကို အပြည့်အဝ သိမ်းပိုက်ထားတဲ့ မင်းသား ချောတစ်ယောက်ကတော့ နေဒွေးပဲ ဖြစ်ပါတယ်။

နှုတ်ခမ်းနီ မလေးတွေရဲ့ အသည်းကျော် နေဒွေးဟာဆိုရင် ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားပြီး ချိုသာတဲ့ အပြုံးလေးတွေကြောင့် ပရိတ်သတ်က ချစ်မဝ ဖြစ်နကြတာပဲ ဖြစ်ပါတယ်။

အလှူ အတန်း ရက်ရောလွန်းတဲ့ နေဒွေးက ခုလတ်ရှိမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် စားဝတ် နေရေးအခက် အခဲဖြစ်နေကြတဲ့ ပြည်သူတွေကိုလည်း နေ့စဉ် ရက်စက် သူတတ်နိုင်လောက် လှူဒါန်းနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

နေဒွေးဟာ မိဘအပေါ်မှာလည်း အရမ်းကို သိတတ်တဲ့ သားလိမ္မာလေး တစ်ယောက်ဖြစ်သလို အမေကိုလည်း အမြဲ စိတ်ချမ်းသာအောင်ထားတဲ့ မွေးရကျိုးနပ်တဲ့ သားလေးတစ်ယောက်ပဲဖြစ်ပါတယ်။

နေဒွေးက အခုလို အနုပညာ လုပ်ငန်းတွေကို နားထားရတဲ့အချိန်မှာ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းကို လုပ် ကိုင်နေတာပဲဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် စီးပွာ းရေး လုပ်ငန်းဖြစ်တဲ့ ဂျစ်တူး အော်ဂန်းနစ်စူပါ ဆန်ရောင်းဝယ်ရောင်းကနေလည်း ဆန်အိတ်တွေကို အမြဲ လှူဒါန်း နေတာပဲဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင်လည်း နေဒွေးက ဒဂုံဆိပ်ကမ်း (၆၀) ရပ်ကွက်မှ စားဝတ် နေရေး အခက်အခဲဖြစ်နေကြတဲ့ အိမ်ထောင်စု တွေအတွက် ဆန်နဲ့ ဆီတွေကို ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီလို လှူ ဒါန်းဖြစ်ခဲ့ပုံကို နေဒွေးက အခုလိုပဲပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့ကုသိုလ် ဒဂုံဆိပ်ကမ်း ၆ဝ ရပ်ကွက်တွင် နေထိုင်သော စားဝတ် နေရေး ခက်ခဲနေတဲ့ သက်ကြီးရွယ်အို အဖိုး အဖွားများအတွက် JITTOO အော်ဂန်းနစ်စူပါဆန် နှင့် ဆီ အလှုငွေများလှုဒါန်းခဲ့ပါသည်။ ပူပေါင်း ပါဝင် လှုဒါန်းသူများကိုလည်း ကျေးဇူးအထူးပါ။ JITTOO ဆိုပြီး သူရဲ့အလှူလေးကို ပုံနဲ့ တကွ တင်ထားတာပဲဖြစ်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း သရုပ်ဆောင် နေဒွေးရဲ့ အလှူလေးကို သာဓုခေါ်ပေးကြပါအုံးနော်။ ဖတ်ရှုအားပေးကြတဲ့ ပရိတ်သတ်တွေကိုလည်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *