အခက် အခဲဖြစ်နေကြတဲ့ ပြည်သူအားလုံးကို ကူညီချင်ပေမယ့်လည်း တတ်နိုင်သလောက်လေးပဲ လုပ်ပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ အိစိကွေး

အခက် အခဲဖြစ်နေကြတဲ့ ပြည်သူအားလုံးကို ကူညီချင်ပေမယ့်လည်း တတ်နိုင်သလောက်လေးပဲ လုပ်ပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ အိစိကွေး

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ကလေး သရုပ်ဆောင် ဘဝကနေ အနုပညာ လောကထဲကို စတင် ဝင်ရောက် လာတဲ့ အိစိကွေးက ယခုအချိန်မှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ ဆယ်ကျော်သက် မင်း သားချောလေး တစ်ယောက်ပဲဖြစ်ပါတယ်။

ပရိတ်သတ်တွေရဲ့ တစ်ခဲနက် အားပေး ချစ်ခင်မှုတွေကို ရရှိထားတဲ့ အိစိကွေးက အရေးတော်ပုံ ကာလကြီးမှာ ပြည်သူတွေနဲ့ အတူ ရပ်တည် နေသူပဲ ဖြစ်ပါတယ်။

အိစိကွေးက ယခုလိုအချိန်မှာ အခက် အခဲဖြစ်နေတဲ့ ပြည်သူ တွေကို တတ်နိုင်တဲ့ ဘက်က လှူဒါန်းမှုတွေကိုလည်း ပြုလုပ်ပေးနေတဲ့ ပရဟိတ မင်းသားလေး ဆိုရင်လည်း မမှားပါဘူး။

အိစိကွေးက အလှူငွေတွေ ကောက်ခံပေးပြီး ကိုယ် တိုင်ကိုယ်ကျ သွားရောက် လှူဒါန်း ပေးနေတာတွေ့ရပါတယ်။

လူငယ် တစ်ယောက် ပီပီ အခုလို ကာလမျိုးမှာ စိတ်အား ထက်သန်စွာနဲ့တစ်တပ် တစ်အား ကူညီပေးနေတဲ့ အိစိကွေး ကတော့ တကယ်ကို ချီးကျူးဖို့ကောင်း ပါတယ်။

အခုလို ခက်ခဲနေတဲ့ ပြည်သူတွေ အားလုံးကို ကူညီချင်ပေမယ့် အလုပ်တွေ အားလုံး ရပ်ထားရတာကြောင့် အကုန်လုံးကိုမကူညီနိုင်တာကို စိတ်မကောင်းတဲ့ အကြောင်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှတဆင့် ရေးသားဖော်ပြထားပါတယ်။

အိစိကွေးက “ အခုကာလမှာ ဒုက္ခရောက်နေတဲ့ သူတွေအ ကုန်လုံးကို တကယ် ကူညီချင်ပါတယ် …

အလုပ်တွေလည်း ရပ်ထားရတော့ လူတိုင်းကို မကူညီနိင်ဖြစ်ရလို့ အားလည်းနာတယ် စိတ်လည်းမကောင်းဘူး…

ဒါပေမယ့် တတ်နိင်တဲ့ဘက်ကနေ ကူညီပေးပါ့မယ် လာအကူအညီတောင်းကြတဲ့ သူတွေကို ဒီကနေပဲ တောင်းပန်ပါတယ်…

ကျွန်တော်လည်း ကူညီနိင်သလောက် ကူညီနိင်အောင် ကြိုစားပါမယ်နော်…

အားလုံး အန္တရာယ်ကင်း ဖြေရှင်းကြပါစေဗျာ ”ဆိုပြီးရေးသားထားပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း အိစိကွေရဲ့ အလှူလေးကို ပါဝင်ကူညီကြပါအုံးနော်။

ဖတ်ရှုအားပေးကြတဲ့ ပရိတ်သတ်ကြီးကို အထူး ကျးဇူးတင် ရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *