အခက် အခဲတွေနဲ့ ကြုံနေရချိန်မှာတောင် ဒုတိယ မိသားစုဖြစ်တဲ့ ပရိတ်သတ်တွေကို စိုးရိမ်စိတ် အပြည့်နဲ့ စကား လက်ဆောင် လေး ပါးလာခဲ့တဲ့ ဖိုးချစ်

အခက် အခဲတွေနဲ့ ကြုံနေရချိန်မှာတောင် ဒုတိယ မိသားစုဖြစ်တဲ့ ပရိတ်သတ်တွေကို စိုးရိမ်စိတ် အပြည့်နဲ့ စကား လက်ဆောင် လေး ပါးလာခဲ့တဲ့ ဖိုးချစ်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ဇာတ်မင်းသား ဖိုးချစ်က မကြာသေးခင် နာရီပိုင်းလောက်က သူ့ရဲ့ လူမှုကွန်ယက်မှာ ကိုယ်တိုင် အခက်အခဲတွေနဲ့

ကြုံနေရချိန်မှာတောင် ပရိတ်သတ်တွေကို စိုးရိမ်စိတ် အပြည့်နဲ့ စကား လက်ဆောင်လေး ရေးသား ဝေမျှပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

ပြည်သူများနဲ့ အတူ ချစ်ခင် တန်ဖိုးထားရတဲ့ မိသားစုများအားလုံး ကျန်းမာရေး အထူး ဂရုစိုက်ကြဖို့ မှာကြားနေတာပဲ ဖြစ်ပါတယ်။

နိုင်ငံရေး စီးပွားရေး လူမှုရေး ကျန်းမာရေး အဘက်ဘက်က စိန်ခေါ်မှု ကြီးမားနေချိန်မှာ ရအောင် ဖြတ် သန်း နေထိုင်ခြင်းကလည်း လူသား တစ်ယောက် ထမ်းဆောင်ရမယ့် တာဝန် ဝတ္တရားဖြစ်ကြောင်း ပြောပြထားပါသေးတယ်။

ခေတ်ကပေးသော ကာလကပေးသော လောကဓံအတွေ့ အကြုံများကို လက်ခံရင်း ကိုယ်ယုံကြည်ရာ ပန်းတိုင်ကိုရောက်အောင် ချီတက်ရမှာ ဖြစ်ကြောင်းကိုလည်း ရေးသား ထားပါတယ်။

အဆင်မပြေမှုတွေ များစွာထဲက ရအောင် ရုန်းထွက် ကျော်ဖြတ်နေကြရတဲ့ အတွက် ပင်ပန်းနေကြမှာကို နားလည်ပေမယ့်လည်း မြန်မာနိုင်ငံမှာ မွေးဖွား

ကြီး ပြင်းလာကြသူများဖြစ်တဲ့ အတွက် နိုင်ငံ့အရေးကို ရှောင်လွှဲလို့ မရဘဲ ရင်ဆိုင် ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။

လောကကြီးကနေ စောစီးစွာ ထွက်ခွာသွားကြသူများ အတွက်လည်း ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးရင်း နောက်ထပ် ထိခိုက်ဆုံးရှုံးမှုတွေ မရှိရလေအောင်

ပြည်သူ အချင်းချင်း လက်ချင်း ယှက်ပြီး ကိုယ် မရောက်ရောက်အောင် သွားကြဖို့ လိုအပ်ကြောင်း ရေး သား ဝေမျှရင်း သူ့ရဲ့ ဒုတိယ မိသားစုဖြစ်တဲ့

ပရိတ်သတ်တွေကို ပြောမပြတတ်အောင် လွမ်းနေပြီဖြစ် ကြောင်းကိုလည်း ရေးသားထားတာပဲ ဖြစ်ပါတယ်။

ပြည်သူများကလည်း ကျနေတဲ့ စိတ်ဓာတ်ကို ပြန်ဆွဲတင်ပြီး ရအောင် ကျော်ဖြတ်နေကြကြောင်း ဖိုးချစ်ရဲ့ ပို့စ်အောက်တွင် ရေးသား ထားကြတာကို မြင်တွေ့ရပါတယ်။

အကောင်းအဆိုးကို လက်ခံပြီး ရောင်နီလာမယ့် နေ့သစ်တွေကို မျှော်လင့်ရင်း ဒီအခြေအနေ ဆိုးကြီးကို ရအောင် ကျော်ဖြတ်နိုင်ကြဖို့ လိုအပ်လှပါတယ်။

အားလုံးလည်း ကျန်းမာရေး ဂရုစိုက်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံသစ်ဆီကိုရောက်အောင် လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူးကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *