အခက်အခဲတွေကြားထဲက ရေးသားထားတဲ့ ခင်ပွန်းဖြစ်သူရဲ့မွေးနေ့ဆုတောင်းစကားလေးကြောင့် ကြည်နူးနေတဲ့ ဒါရိုက်တာ ကိုပေါက်ရဲ့ဇနီး

အခက်အခဲတွေကြားထဲက ရေးသားထားတဲ့ ခင်ပွန်းဖြစ်သူရဲ့မွေးနေ့ဆုတောင်းစကားလေးကြောင့် ကြည်နူးနေတဲ့ ဒါရိုက်တာ ကိုပေါက်ရဲ့ဇနီး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဒါရိုက်တာ ကိုပေါက်ကတော့ မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုမှာ ပြည်သူတွေ နဲ့အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပါတယ်။ ခုလက်ရှိမှာတော့ အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့်တော့ Speak out လုပ်ပေးနေတာလည်း ဖြစ်ပါတယ်။

မိသားစုနဲ့ တကွဲတပြား နေထိုင် နေရတာကို မြင်ပြီး ပရိတ်သတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြတာပါ။ ဒီနေ့ကတော့ ကိုပေါက်ရဲ့ ချစ်လှစွာသော ဇနီးမွေး နေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ကိုပေါက်က တော့ ဇနီးရဲ့မွေးနေ့ကို အခက်အခဲတွေများစွာကြားထဲက အမှတ်တရမွေးနေ့ ဆုတောင်းစာလေး ပေးပို့လာခဲ့တာပါ။

ဒါကတော့ ”အခက်အခဲတွေကြားထဲက မွေးနေဆုတောင်းလေး ပို့ပေးတဲ့“အိုပါးရေ အရမ်းချစ်တယ်နော်” သည်းရေ ဒီနေ့ကျရောက်တဲ့ မွေးနေ့မှာ မင်္ဂလာပါ လို့တောင် နှုတ်ဆက်ခွင့်မရတဲ့ နိုင်ငံအရေးထဲ တို့တွေဝေးနေကြတာ တစ်လနဲ့ရှစ်ရက်ရှိသွားပြီ။ အမှတ်တရနွေဦးပါပဲ သည်းရေ။

တို့ရဲ့ဝေးကွာမှုက နွေဦးမှာအသက်ပေးသွားကြရတဲ့ တော်လှန်ရေးမိသားစုတွေရဲ့ဘဝနဲ့စာရင်တော့ သေးသေးလေးပါ သည်းရေ။ ရည်းစားဘဝကနေ မနှစ်ကသည်းမွေးနေ့အထိအနားမှာအတူတူရှိခဲ့ပေမယ့်ဒီနှစ်မွေးနေ့မှာ အတူတူရှိမနေနိုင်ခဲ့ဘူး။ Sorry ပါ။ ကျန်းမာရေးဂရုစိုက်ပြီး သား၂ယောက်အတွက်အားတင်းပေးပါလို့တောင်းဆိုပါတယ်။

(မတောင်းဆိုလည်းရှိနေပြီးသား ဆိုတာသိပါတယ်) အရင်နှစ်ကလို တခြားဆုတွေအများကြီးတောင်းပေးမယ့်အစား “အရေးတော်ပုံအောင်ပါစေ” ဆိုရင် သည်းလိုချင်တဲ့ ဆုနဲ့ပြည့်မယ် လို့ထင်ပါတယ်။

မိုးမကူးခင်ပြန်ဆုံကြမယ်နော်။ အားလုံးကို ချစ်တယ်။ သတိရတယ်။ လွမ်းတယ်။ သည်းရဲ့ အိုပါး အိုပါးစာလေးကို သားသား တို့ကို ဖက်ပြလိုက်တယ်နော် သားငယ်လေးက မေမေ တဲ့ သားသား ဖေဖေ ပြန်မလာတာကြာပြီနော်တဲ့ အရေးတော်ပုံအောင်ရမည်။ ” ဆိုပြီး ရေးသားထားတာပါ။

ကိုပေါက်ရဲ့ ဇနီးကလည်း ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့ဆုတောင်းစာကို ဖတ်ပြီး ကြည်နူးနေတာပါ။ အရေး တော်ပုံကြီး အောင်မြင်ပြီး ခွဲခွာနေရတဲ့ မိသားစုတွေ အမြန်ဆုံးပြန်ဆုံနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *