အကြောသေနေတဲ့ဖခင်ကို အချိန်ပြည့်ဂရုစိုက်နိုင်အောင် တက္ကသိုလ်အဆောင်မှာ ခေါ်ယူပြုစုပေးနေခဲ့တဲ့ ကျောင်းသားလေးရဲ့ အဖြစ်

အကြောသေနေတဲ့ဖခင်ကို အချိန်ပြည့်ဂရုစိုက်နိုင်အောင် တက္ကသိုလ်အဆောင်မှာ ခေါ်ယူပြုစုပေးနေခဲ့တဲ့ ကျောင်းသားလေးရဲ့ အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ Guo Shijun အမည်ရှိတဲ့ တရုတ်နိုင်ငံက ကျောင်းသားလေးဟာ တက္ကသိုလ် ကနေဘွဲ့ရယူဖို့ဆိုတဲ့ သူ့ရဲ့အိမ်မက်ကို လုံးဝ လက်မလွတ် ခဲ့တဲ့အပြင် အကြောသေနေတဲ့ ဖခင်နဲ့ စိတ်ကျန်း မာရေး မကောင်းတဲ့ မိခင်တို့ကိုပါ ပြုစုစောင့် ရှောက်နေခဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

Guo Shijunဟာ တက္ကသိုလ်မှာ အတော်ဆုံး ကျောင်းသားဖြစ်တဲ့အပြင် ကြိုးစား အားထုတ်လွန်းတဲ့ ကျောင်းသားဖြစ်တာမို့ မလွဲမရှောင်သာတော့ဘဲ တက္ကသိုလ်ဖက်က သူ့ရဲ့ဖခင်ကို အဆောင်မှာ ခေါ်ယူ နေထိုင်ခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်။ Shijun ရဲ့ မိသားစုက အတော့်ကို ဆင်းရဲပြီး ငယ်ဘဝကလည်း အတော်ကို ခက်ခဲခဲ့ပါတယ်။

မိခင်ဖြစ်သူကလည်း ဦးနှောက် အမြှေးရောင် ရောဂါ ခံစားခဲ့ရပြီးနောက် စိတ်ကျန်း မာရေးချို့တဲ့နေတဲ့ သူတစ်ယောက်လိုဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။

ထို့ကြောင့် ဖခင်ဖြစ်သူက မိသားစုကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့လို့ Shijunက top student တစ်ယောက်ဖြစ်လာခဲ့ရတာပဲ ဖြစ်ပါတယ်။

သို့ပေမဲ့လည်း လုပ်ငန်းခွင့်မှာ ဖခင်ဖြစ်သူက မတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရလို့ အကြောသေ သွားခဲ့ရပါတယ်။

အဘိုး အဘွားတွေက မိခင်ဖြစ်သူကို စောင့် ရှောက်ပေးထားပေမဲ့လည်း ဖခင်ကိုထပ်ပြီး ကြည့်ရှုစောင့်ရှောက်ပေးဖို့ မဖြစ်နိုင်တော့လို့ ခုလို ကျောင်အဆောင်မှာ ဖခင်ကိုခေါ်ထားပြီး Shijun က ပြုစုစောင့်ရှောက်ပေးနေခဲ့ပါတယ်။

ကျောင်းစရိတ် အတွက်လိုအပ်တဲ့ ငွေကြေးကို သူငယ်ချင်း နဲ့ ဆွေးမျိုးထံမှ ချေးငှါးနေရတာပဲ ဖြစ်ပါတယ်။ ဒါတောင် စားစရိတ်နဲ့ မိဘတွေရဲ့ ဆေးကုသစရိတ် မပါရှိသေးပါဘူး။ ဒါကြောင့် Scholarship ရအောင် ကိုယ် တိုင် ကြိုးပမ်းလာခဲ့ပါသေးတယ်။

ဘဝနဲ့ ရည်မှန်းချက်ကို လုံးဝ အလျော့မပေးတဲ့ Shijun ဟာ ဘွဲ့ရပြီးရင်တော့ ကျွန်တော့် ဘဝကဒီထက် ပိုပြီးအဆင်ပြေသွားမယ်လို့ ထင်ပါတယ် ဆိုပြီး ပြောပြလာခဲ့ပါတယ်။ တကယ့်ကို လေးစားစရာ ကောင်းလွန်းတဲ့ လူငယ်တစ်ဦးပဲ ဖြစ်ပါတယ်။

ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအား လုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ် နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်း ပေး လိုက်ပါတယ် ခင်ဗျာ။

Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *