အကြောသေတဲ့ ဖခင်ကို လူကြီးလေးတစ်ယောက်လို ဘဝကိုရုန်းကန်နေခဲ့ရတဲ့ (၉)နှစ်အရွယ် သမီးလေးရဲ့ အဖြစ်

အကြောသေတဲ့ ဖခင်ကို လူကြီးလေးတစ်ယောက်လို ဘဝကိုရုန်းကန်နေခဲ့ရတဲ့ (၉)နှစ်အရွယ် သမီးလေးရဲ့ အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ Li Chunyan အမည်ရှိတဲ့ (၉) နှစ် အရွယ်မိန်းကလေးက အရွယ်နဲ့မလိုက်အောင် အိမ်မှာ လူကြီးတစ်ယောက်လို နေထိုင်နေခဲ့ရတာပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၆) နှစ်က မိခင်ဖြစ်သူက ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီးနောက် (၂၀၁၂) ခုနှစ်မှာ ဖခင်ဖြစ်သူကလည်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မတော်တဆဖြစ်ပြီး အောက်ပိုင် အကြောသေသွား ခဲ့ရပါတယ်။

သူမက ဖခင်အတွက် အစားအသောက် ရေချိုး အတူလမ်းလျှောက်ပေး စတဲ့အလုပ်တွေ လုပ်ကိုင်ပေးနေရရုံသာမက စာသင်ခန်းထဲမှာလည်း အတော်ဆုံး ကျောင်းသူတစ်ယောက်ဖြစ်အောင် အမြဲကြိုးစားနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ခုလက်ရှိမှာတော့ သူမ နဲ့ ဖခင်ဖြစ်သူတို့က အသက် (၇၀)နှစ် အရွယ်အဖွားဖြစ်သူနဲ့ အတူနေထိုင်နေပြီး အိမ်ရဲ့ဝေယျာဝစ္စတွေကိုလည်း လုပ်ကိုင်ကာ ဖခင်ဖြစ်သူကိုလည်း ပြုစုစောင့်ရှောက်ပေးနေခဲ့ရပါတယ်။

ဖခင်ဖြစ်သူ အလုပ်လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီကတော့ မတော်တဆအတွက် ထိခိုက်နစ်နာကြေးမပေးခဲ့လို့ သူမတို့ မိသားစုဟာ အိမ်အသုံး စရိတ်အတွက် အတော်လေး ရုန်းကန်နေခဲ့ရပါတယ်။

သူမတို့ရဲ့ မိသားစုကိုတော့ အစိုးရက လစဉ် (၆၀၀) ယွမ်း ထောက်ပံ့ပေးနေလျက်ရှိပါတယ်။ Chunyan က သူမရဲ့ဘဝက ဘယ် လောက်ပဲ ကံဆိုးနေပါစေ လုံးဝမငိုခဲ့ပါဘူး။ သူမငိုကြွေးနေတာကိုမြင်ရင် ဖခင် နဲ့ အဘွားဖြစ်သူတို့ စိတ်ခံစားသွားရမှာ စိုးရိမ်လို့ဖြစ်ကြောင်း သူမကပြောပြလာခဲ့ပါတယ်။

သူမက အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင်ပြင်ဆင်နေရင်း အကောင်းမြင်တတ်တဲ့ ကလေးငယ်တစ်ယောက်ပါ ။ ကျွန်မတို့ကို ကူညီခဲ့တဲ့ ဦးလေးနဲ့ အန်တီကိုကျေးဇူး တင်တယ်လို့ပြောချင်ပါတယ်။ ကျွန်မ စာကြိုးစားပြီး အနာဂတ်မှာသူတို့ကို ကျေးဇူးပြန်ဆပ်မှာပါဆိုပြီး ပြောပြလာခဲ့ပါတယ်။

တကယ့်ကို အရွယ်နဲ့မလိုက်ဖက်အောင့် ရင့်ကျက်တည်ငြိမ်လွန်းတဲ့ ကလေးငယ်တစ်ယောက်ပါပဲလေ။ ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း သမီးလေးအပေါ် ထင်မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း မင်္ဂလာရှိတဲ့ နေ့လေးဖြစ်ပါစေ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *