အ ကြောင်း အ မျိုး မျိုး ကြောင့် သူမျးာ တွေ လို အွန် လိုင်း ကတောင် စာ သင် ကြား ခွင့် မရတဲ့ သား လေးအတွက် စိတ် မကောင်းဖြစ်နေတဲ့ ရန်ရန်ချန်း

အကြောင်း အမျိုးမျိုးကြောင့် သူများတွေလို အွန်လိုင်းကတောင် စာသင်ကြားခွင့်မရတဲ့ သားလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ ရန်ရန်ချန်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ လူထု လှုပ်ရှားမှုများတွင် ပြည်သူများနဲ့အတူ တက်ကြွစွာ ပူးပေါင်း ပါဝင်ခဲ့တဲ့ အဆိုတော် ရန်ရန်ချန်းကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားကြတာ ဖြစ်ပါတယ်။

ရန်ရန်ချန်း တစ်ယောက် အခုလို အခြေ အနေအရပ်ရပ်ကြောင့် ဘေးကင်း လုံခြုံရာသို့ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ပြည်သူတွေနဲ့ အမြဲအတူ ရှိနေကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်တွင် ရေးသား ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်များကလည်း ရန်ရန်ချန်းရဲ့ ရဲရင့်မှုတွေအတွက် လေးစားဂုဏ်ယူနေကြတာပဲ ဖြစ်ပါတယ်။

မနှစ်ကလည်း ကိုဗစ်ရောဂါကြောင့် ကလေးတွေ ကျောင်းတစ်နှစ်နားခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီနှစ်မှာလည်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အ ခြေအနေများကြောင့် မိဘများက သူတို့ ကလေးတွေကို ကျောင်းမအပ်ကြတာပဲ ဖြစ်ပါတယ်။

အမြို့မြို့ အနယ်နယ်မှာရှိတဲ့ အခြေခံ ပညာကျောင်းတစ်ချို့တွင် ကျောင်းတက်ကြသူများ ရှိကြတာဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်က ရန်ရန်ချန်းရဲ့ Facebook အကောင့်တွင် တိမ်းရှောင်နေရတာကြောင့်

အွန်လိုင်းကနေတောင် စာသင်ခွင့်မရတဲ့ သားဖြစ်သူကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေကြောင်း ရေးသားထားတာပဲ ဖြစ်ပါတယ်။

ငါ့သားလေးကွာ ခုချိန်ဆို grade 4 ကျောင်းသားလေးဖြစ်နေပြီ။

ခုတော့နှစ်နှစ်ရှိပြီ ကျောင်းမတက်ရတာ…..

သူများတွေလို online ကနေလည်းသင်မရနဲ့ မအလ မအလ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ပရိတ်သတ်များကလည်း ဒီအခြေအနေတွေ မကြာခင်မှာ ပြီးဆုံးတော့မှာဖြစ်တဲ့အတွက် အားတင်းထားဖို့ ရန်ရန်ချမ်းကို နှစ်သိမ့်ပေးနေကြတာ ဖြစ်ပါတယ်။

တိမ်းရှောင် နေကြသူများအားလုံး ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အမြန်ဆုံး အဆင်ပြေသွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ရန်ရန်ချန်းတို့ မိသားစုအတွက် အားပေး နှစ်သိမ့်ပေးကြပါအုံးနော်။

Add a Comment

Your email address will not be published. Required fields are marked *