အကြာကြီး ခွဲနေရတဲ့ ဖခင်ကို လွတ်ဆွတ်နေကြောင်းကို အမှတ်တရ ပုံလေးတင်လာခဲ့တဲ့ မင်းမော်ကွန်းရဲ့ သမီးငယ်လေး လေပြေသွေး

အကြာကြီး ခွဲနေရတဲ့ ဖခင်ကို လွတ်ဆွတ်နေကြောင်းကို အမှတ်တရ ပုံလေးတင်လာခဲ့တဲ့ မင်းမော်ကွန်းရဲ့ သမီးငယ်လေး လေပြေသွေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မနေ့က ကမ္ဘာပေါ်မှာ ကြီးမားတဲ့ မေတ္တာ တရားတွေနဲ့ သားသမီးတွေကို

ပြုစု စောင့်ရှောက်ပေးကြတဲ့ ဖခင်တွေကို ဂုဏ်ပြုသော အားဖြင့် အဖေများနေ့အဖြစ် သတ်မှတ် ထားကြတာပဲ ဖြစ်ပါတယ်။

အဖေများနေ့မှာ သား သမီးတိုင်းက သူတို့ရဲ့ ဖခင်တွေ အပေါ်မှာ ဘယ်လောက်ထိ ချစ်ကြောင်းကို လူမှုကွန်ယက်များ ပေါ်တွင် ရေးသား ဝေမျှ ထားကြတာကိုလည်း မြင်တွေ့ရပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်းရဲ့ သမီးဖြစ်သူ လေပြေသွေးကလည်း အဖေများနေ့ အထိမ်း အမှတ်အဖြစ် အမှတ်တရ ပုံလေးနဲ့ အတူ ဖေဖေကို လွမ်းနေပြီဖြစ် ကြောင်း အခုလို ရေးသားထားတာ ဖြစ်ပါတယ်။

လေပြေက ရေကူးကန်ထဲတွင် သူတို့ မောင်နှမ နှစ်ယောက်ကို ချီထားတဲ့ ဖေဖေ မင်းမော်ကွန်းနဲ့ ပုံလေးကို တင်ထားပြီး ” Happy Father’s Day Phay miss you “ ဆိုပြီး ရေးသား ထားတာပဲ ဖြစ်ပါတယ်။

မင်းမော်ကွန်းကိုတော့ မြန်မာနိုင်ငံမှာ ခု လက်ရှိဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်

လှုပ်ရှားခဲ့တဲ့ အတွက် ပုဒ်မ ၅၀၅ (က) နဲ့ တရား စွဲဆို အရေးယူ ထားတာကြောင့် ဘေးကင်းရာသို့ တိမ်း ရှောင် နေရတာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်တွေကလည်း သူချစ်ရတဲ့ မိသားစုနဲ့ ခွဲခွာပြီး နေနေရတဲ့ မင်းမော်ကွန်း အတွက် စိတ်မကောင်း ဖြစ်နေကြတာပါ။

လေပြေလေး တင်ထားတဲ့ ပို့စ် အောက်တွင်လည်း အ ရေးတော်ပုံကြီး အမြန်ဆုံး အောင်မြင်ပြီး မိသားစုတွေ အမြန်ဆုံး ပြန်ဆုံ နိုင်ပါစေလို့ ဆုတောင်း ပေးထားကြတာကိုလည်း မြင်တွေ့ရပါတယ်။

သူချစ်ရတဲ့ မိသားစုနဲ့ ခေတ္တ ခွဲခွာပြီး ပြည်သူတွေနဲ့ အတူ အမှန် တရားဘက်ကနေ ရပ်တည်ပေးတဲ့ မင်းမော်ကွန်းရဲ့ စိတ်ဓာတ်ကလည်း လေးစား ဂုဏ်ယူစရာပါပဲ။

ပြည်သူ ပြည်သား အားလုံးတို့လည်း ဒီ အခြေ အနေကနေ အမြန်ဆုံး လွတ်မြောက်ပြီး ချစ်ရသူများနဲ့ ပြန် လည် ဆုံဆည်း နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီ သတင်းကို ပြန်လည် တင်ဆက်ပေးလိုက် ရပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက် ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *