ဟားငါးကောင် အဖွဲ့ရဲ့ “ဟာဒယသပိတ်” တော်လှန်ရေးအငြိမ့် ကို သြဂုတ် (၁၄) (၁၅) ရက်များတွင် D day Channel မှ ထုတ်လွင့်ပြသမည့်ဟု သိရ

ဟားငါးကောင် အဖွဲ့ရဲ့ “ဟာဒယသပိတ်” တော်လှန် ရေးအငြိမ့် ကို သြဂုတ် (၁၄) (၁၅) ရက်များတွင် D day Channel မှ ထုတ်လွင့်ပြသမည့်ဟု သိရ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ နွေဦးတော်လှန်ရေးမှ တဆင့် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့ PDF ထဲသို့ ရောက်ရှိနေသူ ဟားငါးကောင် ညီ အကိုများက

၎င်းတို့ ၏ ဟာဒယ တော်လှန်ရေး အငြိမ့် ကို လွတ် မြောက်နယ်မြေတွင် ရိုက်ကူးပြီးစီးခဲ့ပြီး လျှင် ပြည်သူ လူထုထံသို့ ထုတ်လွင့် ပြသတော့မည်ဖြစ်ကြောင်း ပြောကြားလာခဲ့ပါသည်။

အဆိုပါ အငြိမ့် ဗီဒီယိုကို အွန်လိုင်း မီဒီယာများဖြစ်တဲ့ Dday Channel နှင့် PVTV Channel တို့မှာ သြဂုတ် (၁၄) (၁၅) ရက်များတွင် ထုတ်လွင့် သွားမည် ဖြစ် ကြောင်း သိရှိရပါတယ်။

“တောတောင်ထဲမှာ အဆင်ပြေအောင် လုပ်ရတာဖြစ်တဲ့ အတွက် ဆက်တင် အခမ်းအနား ဖုန်းနဲ့ KB တီး bluetooth box ဖုန်း ကင်မရာနဲ့ ရိုက်ထားတာဖြစ်တဲ့

အတွက် အားနည်းချက်လေးများ ပါခဲ့သည်ရှိသော် နားလည်ပေးကြပါ ” လို့လည်း ဟား အဖွဲ့ က ပြောဆိုထားပါသေးတယ်။

အဆိုပါ အငြိမ့် ဗီဒီယိုဖိုင်ကို စောင့်မျှော် ကြည့်ရှုကြဖို့ D day Channel နှင့်PV TV Channel များကို Follower လုပ်ထားကြဖို့ကို လည်း ဟားအဖွဲ့ သတိ ပေးပြောကြားခဲ့ပါသေးသည်။

ပရိတ်သတ်ကြီးအားလုံးလည်း ဟားငါးကောင် အဖွဲ့ရဲ့ ဟာဒယသပိတ် တော်လှန်ရေး အငြိမ့်ကို အားပေးကြပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *