ဟာ သ သရုပ် ဆောင် ဆင်မ ကို လာ ရောက် ဖမ်းဆီးစဉ်က အဖြစ်အပျက်ကို ပြောပြလာခဲ့တဲ့ ဦးဆင်မရဲ့ ဇနီးဖြစ်သူ

ဟာသ သရုပ်ဆောင် ဆင်မကို လာရောက် ဖမ်းဆီးစဉ်က အဖြစ်အပျက်ကို ပြောပြလာခဲ့တဲ့ ဦးဆင်မရဲ့ ဇနီးဖြစ်သူ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သြဂုတ်လ ၂၄ ရက်နေ့ ညပိုင်းမှာ နေအိမ်မှာ ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတဲ့ သရုပ်ဆောင် ဆင်မကို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးသလို အဆက် အသွယ်လည်း မရသေးဘူးလို့ မိသားစုဝင်တွေက ခုလို ပြောပါတယ်။

လာဖမ်းတုန်းကတော့ အင်အား တော်တော် များများပါတယ်။

ကိုဗစ်ကာလဆိုတော့ ဘယ်မှလည်း ပြောင်းနေလို့ မရဘူးလေ…

ညဘက်ကြီး စစ်ကားတွေ လာတာတောင် ကိုဆင်မက ဘယ်သူတွေကို လာဖမ်းပြန်ပြီလဲ မသိဘူးဆိုပြီး စိုးရိမ်နေတာ…

သူ့ကို လာဖမ်းတယ်လို့ကို မထင်ထားတာ… တိုက်ကိုအရှေ့ အနောက်ဝိုင်းပြီး ဖမ်းခဲ့တာပါ။

ဧည့်စာရင်း စစ်တယ်ဆိုပြီး ဝင်လာပေမယ့် အိမ်ထဲကို နေရာအနှံ့ရှာပါတယ်။ ခွေးတွေ အူလို့ ပစ်ဖို့ထားထားတဲ့ လေးခွတစ်ခု သိမ်းသွားပါတယ်။

ဝါယာကြိုး သေးသေးလေး လည်းသိမ်းသွားပါတယ်။ ဧည့်စာရင်း တိုင်ထားလားမေးပြီး အဝတ် အစား နည်းနည်းထည့်ပြီး လိုက်ခဲ့ဆိုပြီးခေါ် သွားတာပါ။

အခုထိ ဘယ်မှာ ထားတယ်ဆိုတာ အဆက် အသွယ်မရပါဘူး။ ဘာလုပ်လို့လုပ် ရမှန်းလည်း မသိဘူး “လို့ သရုပ်ဆောင်ဆင်မရဲ့ ဇနီးက ဘီဘီစီကို ပြောပြလာပါတယ်။

ဟာသ သရုပ်ဆောင် ဆင်မက အာဏာ သိမ်းမှုဖြစ်စဉ် နောက်ပိုင်းမှာ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ

တွေမှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အိမ်မှာပဲ နေထိုင်ကာ လှုပ်ရှားမှုတွေထဲ ပါဝင်တာ မရှိဘူးလို့ မိသားစုတွေက ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာ သိမ်းမှုဖြစ်စဉ် နောက်ပိုင်း ရုပ်ရှင် အစည်းအရုံးက အမှု ဆောင်ရွေးချယ်ပွဲမှာ ပြည်သူတွေ စိတ်ဆင်းရဲနေချိန်နဲ့ အနုပညာရှင်တွေ

ဖမ်း ဆီးခံရချိန်မှာ အစည်းအရုံးမှာ မပါဝင်နိုင်ဘူး ဆိုတဲ့ ခံယူချက်နဲ့ အစည်း အရုံးကနေ နုတ်ထွက်ခဲ့တာ ဖြစ်တယ်လို့ မိသားစုဝင်က ပြောပြပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း သရုပ်ဆောင် ဆင်မအတွက် ဆုတောင်းပေးကြပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *