သွေးအေးသွားမှာ မဟုတ်ဘဲ အဆုံးသတ် တိုက်ပွဲအထိ တိုက်ပွဲ ဝင်သွားမယ့် မြနှင်းရည်လွင်

သွေးအေးသွားမှာ မဟုတ်ဘဲ အဆုံးသတ် တိုက်ပွဲအထိ တိုက်ပွဲ ဝင်သွားမယ့် မြနှင်းရည်လွင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ပြည်သူ တွေနဲ့အတူ အမှန်တရားဘက်ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ကြသူများထဲတွင် သရုပ်ဆောင် မြနှင်းရည်လွင်တစ်ယောက်လည်း အပါ အဝင်ပဲ ဖြစ်ပါ တယ်။

သူမဟာ နွေဦးတော် လှန်ရေး အစပိုင်းတွင် လမ်းပေါ် ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် အာဏာရှင်လူတစ်စုမှ ပုဒ်မ ၅၀၅ (က) ဖြင့် တရား စွဲဆို အရေးယူ ခံထားရတာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ ဘေးကင်းလုံခြုံတဲ့နေရာတွင် နေထိုင်နေပြီး တော်လှန်ရေး တိုက်ပွဲများအတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ကူညီ ဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်းမြနှင်းရည်လွင်ရဲ့ Facebook Story တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ဘယ်နေရာရောက်ရောက် သွေးအေးမသွားဘဲ အဆုံး ထိတိုက်ပွဲ ဝင်သွားမှာဖြစ်ကြောင်းလက်သုံးချောင်းထောင်ထားတဲ့ သူမရဲ့ ပုံလေးတစ်ပုံကို တင်ထားတာ ဖြစ်ပါ တယ်။

မြနှင်းရည်လွင်ဟာ ပြည်သူ့ အစိုးရ NUG မှ ထုတ်လွှင့်မယ့် Radio အစီ အစဉ်များတွင်လည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်တွင်ရှိတဲ့ ပြည်ထဲရေးနှင့် လူ ဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဌာန Facebook Page တွင်လည်း အစီအစဉ် တင်ဆက်သူ အဖြစ် တာဝန်ယူ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

အနုပညာရှင်ဖြစ်ပေမယ့် အရေးကြုံလာတဲ့အခါ ပြည်သူတွေနဲ့အတူ ဓမ္မဘက်ကနေ အခိုင်အမာရပ်တည် ပေးခဲ့ကြတဲ့ အနုပညာရှင်များအားလုံးဟာ တကယ်ကို လေးစားဂုဏ်ယူစရာ ကောင်းလှပါတယ်။

အရေးတော်ပုံ အောင်မြင်သွားတဲ့အခါ ပြည်သူတွေနဲ့ အတူ ရပ် တည်ပေးခဲ့ကြတဲ့ အနုပညာရှင် တိုင်းကို အရင်က ထက် ပိုပြီး ချစ်ခင်အားပေးကြဖို့ လိုအပ်ကြောင်း ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *