သံသရာအကြွေး မပါစေချင်လို့ အကြွေး တောင်းရတာပါ ဆိုတဲ့ ရေမွန် ချစ်သူကေ

သံသရာအကြွေး မပါစေချင်လို့ အကြွေး တောင်းရတာပါ ဆိုတဲ့ ရေမွန် ချစ်သူကေ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အဆိုတော် ရေမွန်က လွန်ခဲ့တဲ့ ရက်ပိုင်းလေးကမှ ငှက်ဖျား ရောဂါနဲ့ ဆုံးပါးပြီးနောက်ပိုင်းမှာ မိသားစုများနဲ့ ပရိတ်သတ်တွေကြားမှာ အရမ်းကို ဝမ်းနည်းစရာလေးတွေ ခံစားခဲ့ကြရပါတယ်။

ရေမွန်ရဲ့ နောက်ဆုံးခရီးကိုလည်း ချစ်သူဖြစ်သူ ကေ လိုက်ပါ ပို့ဆောင်ခြင်းမရှိတဲ့အပေါ်မှာလည်း သူမက တိတ်ဆိတ်နေပြီး သူမရဲ့ မိခင်ဖြစ်သူကသာ ဖြေရှင်းလာခဲ့ပါတယ်။

သူမက ချစ်သူ သေဆုံးထားပြီး ခံစားရလွန်းလို့ အဖျား ၁၀၂ ရှိနေလို့ပါဆိုပြီး ဖြေရှင်းလာတော့လည်း ပရိတ်သတ်တွေက နားလည် ပေးခဲ့ကြပြန်ပါတယ်။

ဒီနေ့လေးမှာ ဖြစ်ခဲ့တဲ့ ကိစ္စလေးက သူမကို မိသားစု အပေါင်းအသင်းများ အပါအဝင် ပရိတ်သတ်များကပါ လက်မခံနိုင်တဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။

ချစ်သူ ကေက ရေမွန် မသေဆုံးခင်မှာ Bar သွားရင်း သုံးဖို့ဆိုပြီး ဟော့ပေါ့ဖိုး ငွေသား ၃ သိန်းနဲ့ ဖုန်းကို လက် ဆောင်အနေနဲ့ ပေးထားခဲ့တယ်လို့ သိရပါတယ်။

ချစ်သူ သေဆုံးပြီးလို့ ရက်တောင်မလည်သေးဘဲနဲ့ ရေမွန် မိခင်နဲ့ ညီမဖြစ်သူဆီကနေ အကြွေး ပြန်တောင်းတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ကေက ပိုက်ဆံပြန်တောင်းရတဲ့ အကြောင်းရင်းကိုလည်း “ကေ့ပိုက်ဆံလည်း မဟုတ်ပါဘူး အဲ့ ၃ သိန်းကလည်း မတောင်းမိပါဘူးတကယ်။

လူရင်းတွေပါ ကေ့ ပေါ် အထင်လွဲတာ သိရတော့ တကယ်စိတ်မကောင်းဘူး သိချင်ရင် လာမေးလို့ရပါတယ်။ အသံဖိုင်လည်း ရှိပါတယ်။

ဖုန်းတောင်းတယ်ဆို တာလည်း သူ့ညီမလေးဆီက ၁ ရက်ပဲတောင်းတာပါ နှစ်ယောက် ဓါတ်ပုံနဲ့ video လေး တွေကူးချင်လို့ပါ။

ရက်တောင်မလည်သေးဘူး ဒါမျိုးတွေ တောက်လျောက်ဖြစ်နေတဲ့ အတွက် တကယ် စိတ်မကောင်းပါဘူး။

အခု ဒီကိစ္စမှာ အထင်လွဲသွားရင် အန်တီရော ညီမလေးရော band က သူတွေကော အကုန်လုံးကို ကေ အားနာပါ တယ်” လို့

ဖြေရှင်းထားခဲ့ပေမဲ့ သူမက ပရိတ်သတ်တွေ ကောမန့်မှာလည်း မေးလို့မရအောင် ကောမန့်ပိတ်ပြီး ဖြေရှင်းလာတာ ဖြစ်တဲ့အတွက် မကျေမနပ်တွေ ဖြစ်နေခဲ့ကြပြန်ပါတယ်။ ဒီနေ့မှာတော့ ချစ်သူ ရေမွန် ရက်လည်တဲ့နေ့ဖြစ်ပြီး

သူမက ထပ်မံပြီးတော့ “အလကားနေ အလကားး blame ချင်နေသူတွေရဲ့ အမြင်မှာတော့ စောက်ကြွေးတောင်းတယ်ပေါ့လေ တကယ်က ကို့ကို့ ကို သံသရာအကြွေး မပါစေချင်တာပါ။

ချစ်တယ်ကိုကို ” လို့ရေးသားပြီး profile lock ချသွားခဲ့ပါတယ်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *