သံ ပုံးတီး သံကြာ းတိုင်း ကျွန်တော် ငိုခဲ့ရတယ် ဗိုလ်ကြီး ထွန်းမြတ်အောင် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

သံပုံးတီးသံကြားတိုင်း ကျွန်တော်ငိုခဲ့ရတယ် ဗိုလ်ကြီး ထွန်းမြတ်အောင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သံပုံး စပြီး တီးကြတဲ့ အချိန် ရန်ကုန်မှာ မိဘ ပြည်သူများ ဘာညာ အော်ပြီး ကျနော်တို့က ညကင်း စလှည့်နေပြီ ။

သံပုံး တီးသံတွေက ဗလ အားကိုးနဲ့ အနိုင်ကျင့် ခံရတဲ့သူ ပြန်မလုပ်နိုင်လို့ နာကျည်း အော်ညည်း နေသလို ပါပဲလား ။ ကျနော် ကားပေါ်မှာတင် မျက်ရည် ကျခဲ့တာ ဘယ်သူမှတော့ သတိ မထားမိခဲ့ပါဘူး ။

နောက်ထပ် မြင်ကွင်း တစ်ခုက ကျနော်တို့ စခန်းချတဲ့ နေရာဘေးက အိမ် ။ သူများ အိမ်တွေ သံပုံးတီးတော့ သူလည်း တီးချင်တာပေါ့ ။

အပြင် ထွက်လိုက် အထဲပြန်ဝင်လိုက်နဲ့ နောက်ဆုံး အရဲ စွန့်ပြီး လေး ငါးချက်လောက် တီးပြီးတာနဲ့ ကျနော်တို့ ဘက်လှည့်ကြည့်ပြီး ကြောက်ကြောက်နဲ့ အိမ်ထဲ ပြန်ဝင်သွားတဲ့ အဒေါ်ကြီး ။

ကျနော် တခါ ငိုရပြန်တယ် ။ ကျနော် အပြင် ရောက်ပြီးတာနဲ့ တည်းအိမ်မှာ နေတုန်းက ညတိုင်း သံပုံး တီးမပျက်ခဲ့ပါဘူး ။

တီးနေရင်း တခါတလေ တိုက်အောက်ကို ကြည့်ရင် လမ်းမှာ ကင်း လှည့်နေကြတာ လှမ်းမြင်ရတယ် ။ ကားခေါင်းခန်းမှာ ဘယ်သူများ ငိုနေမလဲ ။ စီဒီအမ် ဗိုလ်ကြီး ထွန်းမြတ်အောင် ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *