သံချပ်ကာယာဉ်နှင့်တူသည့်ကဏန်းကောင်ဟာ ခြင်ကိုက်ခံရလျှင်အသက်ဆုံးရှုံးရတယ်တဲ့

သံချပ်ကာယာဉ်နှင့်တူသည့် ကဏန်းကောင်ဟာ ခြင်ကိုက်ခံရလျှင် အသက်ဆုံးရှုံးရတယ်တဲ့

မိတ်ဆွေတစ်ဦးက ပြောပြသည်။ ကဏန်းကောင်သည် ခြင်ကိုက်ခံရလျှင်သေသည် ဟူသတတ်။ ကဏန်းကောင်သည် ရေသတ္တဝါ ဖြစ်သည်။ သံချပ်ကာစစ်ယာဉ်နှင့် တူသည်ဟူ၍ နှိုင်းခိုင်းရဖွယ်ရှိ လောက်အောင် အင်အားခိုင်ဖြီးသော အကောင်မျိုးဖြစ်သည်။

နူးညံ့သောအသားကို ထူထဲမာကျော သောအခွံဖြင့် ဖုံးကာထားသည်။ အသားနေရာလပ်မကျန်။ ခြေချောင်း၊ လက်ချောင်း တို့သည် ပင်လျှင် သံချောင်းတမျှ မာကျောသောအခွံဖြင့် လွှမ်းအုပ်လျက်ရှိသည်။ ကဏန်း၏အခွံသည် အခွံဟုဆိုရသော်လည်း သာမန် ငါးပုစွန်တို့၏ အကြေးခွံမျိုးမဟုတ်။

သတ္တဝါနှင့် မမျှအောင် မာကျောသောအခွံ၊ ထူထဲသောအခွံဖြစ်သည်။ နူးညံ့ပျော့ပျောင်းသော ဝမ်းဗိုက်သား နေရာ တွင် ပင်လျှင် ငါးကြင်းမြီးကွက်အကြေးခွံထက် ပိုမိုမာကျောထူထဲသော အခွံများ အချပ်အချပ်ထပ်လျက် ဖုံးကာထားသေးသည်။ ကဏန်းကောင်တွင် အသားပေါ်သည့်နေရာ

အလျဉ်းမရှိဟူ၍ ဆိုရမလောက် ဖြစ်သည်။ ယင်းသို့သော အအုပ်အခွံ၊ အကာအကွယ်ကြောင့် ထိုသတ္တဝါသည် မသေနိုင်၊ မပျောက်နိုင်သော အဆင့်အခြေသို့ မရောက်။ အလွယ်နှင့်ပင် သေနိုင်သည်။ ဆင်ပြောင်ကြီး နင်းခံရ၍သေခြင်းမျိုး မဟုတ်။ ခြင်ကောင်လေးကိုက်၍ သေခြင်းမျိုး ဖြစ်သည်။

ထိုအချက်သည် မယုံချင်စရာပင် ဖြစ်သည်။ မိတ်ဆွေဖြစ်သူက ထိုအချက်ကို အခိုင်အမာဆိုသည်။ သက်သေထူနိုင်သည်ဟု ဆိုသည်။ ရေဖြည့် အိုး ခွက် စသည်တို့တွင် အဖုံးအကာ အလုံပိတ်၍ ကဏန်းကိုထည့်ထားမှသာ စိတ်ချရသည်ဟု ဆိုသည်။ သို့မဟုတ်ပါက အခန်းတွင်းရှိခြင်ကောင်တို့က

ကဏန်းကို ကိုက်လိမ့် မည်၊ ခြင်ကိုက်ခံရလျှင် ကဏန်း သေလိမ့်မည်။ကဏန်း၏ ကိုယ်ပေါ်တွင် ခြင်ကိုက်စရာ နေရာမရှိ။ မှန်သည်။ သို့ရာတွင် ခြင်ကောင်က ကိုက်၍ရသည့်နေရာကို ရှာတတ်သည်။ ထိုနေရာမှာ ကဏန်း၏ မျက်စိဖြစ်သောဟူ၏။ သံချပ်ကာ စစ်ယာဉ်လို ထူထဲသော အအုပ်အခွံ

ကာဖုံးထားသည့် ကဏန်း၏မျက်စိကို ခြင်ကိုက် နိုင်သည်။ မျက်စိခြင်ကိုက်ခံရလျှင် ကဏန်း သေသည်။ ထိုအချက်နှင့် ဆက်စပ်လျက် တွေးကြည့်စရာ သဘောတစ်ရပ် ပေါ်လာသည်။ ထိုသဘောမှာ ဤသို့ဖြစ်သည်။

မည်မျှလောက်အထိပင် ဂုဏ်ဟိတ်သိက္ခာ၊ အင်အားစွမ်းရည် ကြီးမားသော အရာပင်ဖြစ်စေ ပျော့ ကွက်၊ ဟာကွက်၊ အားနည်းချက် ရှိသည်သာဖြစ်ရသည်ဆိုသော အချက်ပေတည်း။ ထိုပျော့ကွက်၊ ဟာ ကွက်၊ အားနည်းချက်ကို ထိုးနှက်ဖျက်ဆီးခြင်းခံရသည့်အခါ

ထိုအရာသည် ကြီးမားသောအကာ အကွယ်များရှိနေသည့်ကြားမှပင် ပြိုကွဲပျက်စီးခြင်းအဖြစ်သို့ ရောက်ရသည်သာဖြစ်သည်ဆိုသော အချက် ပေတည်း။ Crd

Add a Comment

Your email address will not be published. Required fields are marked *