သူ မှီခိုနေတဲ့ အရပ်မှာ လိုအပ်နေတဲ့ ကွက်လပ်တခု အတွက် အမွန်မြတ်ဆုံး ကုသိုပြုခဲ့တဲ့အကြောင်း ပြန်လည် မျှဝေလာခဲ့တဲ့ မင်းမော်ကွန်း

သူ မှီခိုနေတဲ့ အရပ်မှာ လိုအပ်နေတဲ့ ကွက်လပ်တခု အတွက် အမွန်မြတ်ဆုံး ကုသိုပြုခဲ့တဲ့အကြောင်း ပြန်လည် မျှဝေလာခဲ့တဲ့ မင်းမော်ကွန်း

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ သရုပ်ဆောင် မင်းမော်ကွန်က အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့ပြီး လွတ်မြောက် နယ်မြေမှာ ပြည်သူ့ စစ်သားအဖြစ် ခံယူခဲ့တာပဲ ဖြစ်ပါတယ်။

အခု အချိန်မှာတော့ တိုက်ပွဲတွေ မစသေးခင်မှာ သူတို့ မှီခိုနေရတဲ့ အရပ်က ဆိုးရွားနေတဲ့ လမ်းကို ကိုယ်တိုင် ပြုပြင်ပေးနိုင်ခဲ့ပြီ

အဲ့ဒီကုသိုလ် အတွက် ပရိတ်သတ်တွေနဲ့ ထပ်တူရပါစေလို့ အောက်ပါအတိုင်း သစ္စာဆို ဆုတောင်းခဲ့ပါတယ်။

မိုးတွင်းတုန်းက ပျက်သွားတဲ့ ကျွန်တော်တို့ မှီခိုနေရတဲ့ အရပ်က တောင်ပေါ်လမ်းကလေး ဒီလမ်းကလေး ပျက်သွားတော့ဒီအရပ်ကသူတွေ အားလုံး ရိက္ခာလမ်း ကြောင်း ဈေးဝယ် လမ်းကြောင်းတွေဆို

ခက်ခက်ခဲခဲနဲ့ တောင်ပေါ်ကို ထမ်းရတင်ရ ဒီ လမ်းလေးကို ပြင်ဖို့ရည်ရွယ်ထားတာ မိုးတွင်းတစ်လျောက်လုံးပါ၊ ဒီနေ့တော့ ပြင်နိုင်ပါပြီ။

ကိုမှီခိုနေရတဲ့ အရပ် ကိုယ့်ကို စောင့်လျှောက်ပေးတဲ့ ဒေသကို ပြန်အကျိုး ပြုခွင့်ရခြင်းဟာလဲ မင်္ဂလာ တစ်ပါးပါပဲ။

နောက်နောင်လည်း တိုင်းရင်းသား ဒေသတွေ အတွက် ဆက်လက် အကျိုးပြုဖို့ ရည်ရွယ်ထားပါတယ်။

လမ်းဖောက်ခြင်း အကျိုးကြောင့် ကျွန်တော်တို့ အား လုံး ရည်ရွယ်ရာ ခရီးလမ်းဖြစ်တဲ့

ဒီမိုကရေစီ ပန်းတိုင်ကို ဖြောင့်ဖြူးစွာ အလျင် အမြန် ရောက်ရပါစေသား။

ပရိတ်သတ်တွေကလည်း သာဓု ခေါ်ဆိုပြီး ကုသိုလ် ထပ်တူရနိုင်ကြပါစေ။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *