သူ့ရဲ့ ခွေးလေးကို လက်က မချနိုင်ပဲ သွားလေရာခေါ်ပြီး ပန်းရောင်းနေရင်း လောကဓံကို အံတုနေတဲ့ ကလေးငယ်တစ်ယောက် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

သူ့ရဲ့ ခွေးလေးကို လက်က မချနိုင်ပဲ သွားလေရာခေါ်ပြီး ပန်းရောင်းနေရင်း လောကဓံကို အံတုနေတဲ့ က လေးငယ်တစ်ယောက်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ ခုလက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံ ရေး မတည်ငြိမ်မှုတွေကြောင့် ပြည်သူ အများစုက

လည်း စားဝတ် နေရေး မပြေလည်မှုတွေနဲ့ တွေ့ကြုံနေကြရတာကို ပရိတ်သတ်တွေလည်း တွေ့မြင်ကြမယ် ထင်ပါတယ်။

ကုန်ဈေးနှုန်း မြင့်တက်မှုတွေနဲ့ စီးပွားရေး ကြပ်တည်း လာမှုတွေကြောင့် ပြည်သူ အများလည်း စားဝတ် နေရေးအတွက် ခက်ခက် ခဲခဲ ရုန်းကန် နေကြရတာ ပဲဖြစ်ပါတယ်။

ဝမ်းရေးအတွက် ပင်ပင် ပန်းပန်း ရှာဖွေနေကြတဲ့ အထဲ မီးပွိုင့်မှာ ပန်းရောင်းရတဲ့ ကလေးငယ်တွေရဲ့ ဘ၀ ဟာလည်းမလွယ်ကူ လှပါဘူး။

ဒီလို ပူပြင်းတဲ့ ရာသီဥတု ဒဏ်ကို အံတုရင်း ပန်းရောင်းနေတဲ့ မန္တလေးက ကလေးငယ်လေးရဲ့ပုံရိပ်

တွေကတော့ မကြာသေးမီကမှ Facebook အသုံးပြုသူတွေရဲ့ကြားမှာ ချီးကျူးစရာ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

ကလေးငယ်လေးက ဝမ်းရေးအတွက် ပန်းရောင်းနေရပေမယ့် ခွေးပေါက်စလေး တစ်ကောင်ကိုလည်း ဝယ်

ထားကာခွေးလေးကို သွားလေရာခေါ်ပြီး ဂရုစိုက် ပြုစုရင်းနဲ့ ပန်းရောင်းနေတာပဲ ဖြစ်ပါတယ်။

ကလေးငယ်လေးရဲ့ ကြင်နာတတ်တဲ့ စိတ်ထားလေးကြောင့် မင်းသမီး မေနွယ်ထွန်းဟာ ကလေးအတွက် လိုအပ်တာတွေ သွားရောက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်း အရာလေးကိုလည်း သူမရဲ့ Facebook စာမျက်နှာမှ တဆင့် ဒီကလေးက လမ်း ၈၀ ၂၆ လမ်း ထောင့်မှာ ခွေးလေး ပိုက်ပြီး ပန်းရောင်းတဲ့ ကလေးပါ

နေကလဲ တအားပူ ဦးထုပ်လဲ မပါဘူး သူ့ခွေးကိုလဲ လက်ထဲက မချပဲ ပန်းရောင်းတာ ဖြစ်ပါတယ်။

ကုသိုလ် ထပ်တူ ရကြပါစေနော် ဆိုပြီးရေးသား ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း ကလေးကို သွားရင်း လာရင်း တွေ့ခဲ့ရင် ပန်လေးတွေ အားပေးကြပါအုံးနော်။

ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း ကျေးဇူး အထူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *