သူ့ ကို သ တ်ဖို့ လိုရင် အ ချိန် မရွေး လာနိုင်ကြော င်းနဲ့ တိုင်းပြည် ကိုတော့ နစ် နာအောင် မလုပ်ဖို့ ပြ တ်သား စွာ ပြောလိုက်တဲ့ မင်းမော်ကွန်း

သူ့ ကို သတ် ဖို့ လိုရင် အ ချိန်မရွေး လာနိုင်ကြော င်းနဲ့ တိုင်းပြည် ကိုတော့ နစ် နာအောင် မလုပ်ဖို့ ပြ တ်သားစွာ ပြောလိုက်တဲ့ မင်းမော်ကွန်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ လတ်တလော မြန်မာနိုင်ငံရဲ့ ဒီမီုကရေစီ အရေးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူ တွေ နဲ့အတူ အနုပညာရှင် များစွာ ကလည်း ပူးပေါင်းပါဝင်ခဲ့ ကြပါတယ်။

ဒီလို ပြည်သူတွေ နဲ့ အတူ တစ်သားတည်း ပါဝင် လှုပ်ရှားတဲ့ အနုပညာရှင်တွေ ထဲမှာ သရုပ် ဆောင် မင်းမော်ကွန်း လည်းအပါ အဝင်ပါ။

မင်းမော်ကွန်းက လူထုလှုပ် ရှားမှု တွေမှာ အောင်မြင် မှုတွေကို ဘေးချိတ်ပြီးလူငယ်တွေရဲ့ အနာဂတ် အိမ် မက်တွေ မပျောက်အောင် တာဝန်သိ ပြည်သူ တစ်ယောက်အနဲ့ စိတ်အား ထက်သန်စွာ ပါဝင်ခဲ့ ပါတယ်။

မင်းမော်ကွန်း ကတော့ ကိုယ်တိုင်လည်း လမ်းမထွက် ကာ လှုပ်ရှားမှု တွေမှာ စိတ်ရော ကိုယ်ပါ နှစ်ပြီး ပါဝင်သ လို ဖြိုခွင်းမှု တွေကြောင့် ထိခိုက်နစ်နာ သူတွေကိုလည်း စာနာ နားလည်မှု လေးတွေနဲ့ အတူ ဖေးမကူညီမှု လေးတွေ ကိုလည်း ဆောင်ရွက်ခဲ့ ပါတ ယ်။

ဒါကြောင့်လည်း သူ့အနေနဲ့ ခြိမ်း ခြောက်ခံရ မှုတွေ ရှိနေတာ ကြောင့်ခုဆို မိသားစုနဲ့ ခွဲခွာကာ တိမ်းရှောင် နေရတာ လည်းဖြစ် ပါတယ်။ ဒီလို တိမ်းရှောင် နေရတဲ့ အချိန်တွေ မှာတောင် သူ့ရဲ့ လူမှုကွန်ယက် ကနေပြီးတော့ သတင်း အချက်အလက် တွေနဲ့အတူ ပြည်သူတွေ ခွန်အား ဖြစ်စေမယ့် စာလေးတွေကို ဝေမျှပေး နေဆဲပါ။

အခုလည်း သူ့ကို သ+တ်ဖို့ လိုအပ်ရင် အချိန် မရွေးလာသတ် နိုင်ကြောင်းနဲ့ ပြည်သူတွေ အားလုံး ချစ်တဲ့ တိုင်းပြည် ကြီးကိုတော့ နစ်နာအောင် မလုပ်ဖို့ ခုလို စာလေးရေး ကာဝေမျှ လာပါတယ်။

” ငါ့ကိုသတ်ဖို့ လိုအပ်ရင် အချိန်မရွေး သာလာခဲ့ သူငယ်ခြင်း ဒါပေမယ့် ငါတို့ချစ်တဲ့ တိုင်းပြည်ကို နစ်နာရအောင် မင်း ပြန်မသတ်ပါနဲ့တော့”ဆိုပြီး ရေးသား ဖော်ပြထား တာကို ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေး လိုက်ပါတယ် မင်းမော်ကွန်းလည်း ဘေးအန္တရာယ် ကင်းရှင်းပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ်။

Source & Photo Credit : Kyaw Kyaw Htay Lwin Facebook Account

Add a Comment

Your email address will not be published. Required fields are marked *