သူရဲကောင်း ညီလေး ကြယ်စင်ဟိန်းအတွက် မြေဆွမ်း သပိတ်လေး ပြုလုပ်ကျင်းပခဲ့

သူရဲကောင်း ညီလေး ကြယ်စင်ဟိန်းအတွက် မြေဆွမ်း သပိတ်လေး ပြုလုပ်ကျင်းပခဲ့

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ နွေဦး တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်း ညီလေး ကြယ်စင်ဟိန်းရဲ့ ခန္ဓာကိုယ် ပြန်မရရှိတဲ့အတွက် မြေဆွမ်းသပိတ်သာ ပြုလုပ်ပေးခဲ့ရတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

ညီလေး ကြယ်စင်ဟိန်း ဟာ အသက် (၁၅) နှစ်သာ ရှိသေးပြီး တော်လှန်ရေးမှာ တတ်ကြွစွာ ပါဝင်ခဲ့တဲ့ သူတစ်ဦးပါ။

ကျနော်တို့ရဲ့ သူရဲကောင်း Generation Z တွေ ခဏခဏ ကြွေလွင့်နေရတာ ရင်ထဲ တကယ်ကို မကောင်းဘူး။

မြို့တိုင်း နယ်တိုင်းမှာ အသက်စတေးခဲ့ရတဲ့ သူရဲ ကောင်းတွေဟာ မနည်းတော့ပါဘူး။ ကျနော်တို့ ပြည်သူတွေ မကယ်နိုင်ခဲ့လို့လည်း တောင်းပန်ပါတယ်။

လူငယ်တွေဟာ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတာဖြစ်ပြီး သွေးမနီးကြပေမယ့် သွေးစည်းကြတဲ့ ညီအကို မောင်နှမတွေပါ။

အရင်က မသိခဲ့ မမြင်ဖူးခဲ့ကြပေမယ့် ဒီနွေဦး တော် လှန်ရေးကြောင့် သိခဲ့ကြရပြီး တစ်ဦးဒုက္ခရောက်ရင် တစ်ဖွဲ့လုံး ကူညီပေးနေကြတာပါ။

အခုချိန်ဟာ မိစ္ဆာကောင်တွေက လက်နက်အားကိုးနဲ့ တွေ့ရာ မြင်ရာ ပစ်နေကြပေမယ့် လူငယ်တွေက ရဲရင့်စွာ တိုက်ပွဲဝင်နေကြတုန်းပါပဲ။

ဒီ ကြယ်စင်ဟိန်း လေးဟာ မိ သားစုအပေါ်မှာ အရမ်းသိတတ်တဲ့ ကလေးပါ။ ၁၀ တန်း ပြီးသွားခဲ့ရင် ဖခင်ဖြစ်သူကို အလုပ်နားခိုင်းပြီး အိမ်အတွက် စီးပွားရေးကို တစ်ဖက်တစ်လှမ်းကနေ ဝိုင်းကူပေးမယ်ဟု သိရပါတယ်။

ညီလေးက အခုဆို (၁၀) တန်း တောင် တတ်ခွင့်မရှိတော့ပါဘူး။ တကယ်ကို စိတ်မကောင်းပါဘူး ညီလေးရာ။

ဒါ့အပြင် ညီလေးက အလောင်းပြန်မရတဲ့အတွက် အိမ်မှာ ဈာပန အခမ်းအနား မလုပ်ရတဲ့အပြင် အိမ်ရှေ့လေးမှာ နာရေး မဏ္ဍပ်လေးတောင် မလုပ်ပေးနိုင်ခဲ့ပါဘူး။

ဒါ့ကြောင့် မြေဆွမ်းသပိတ်လေးသာ ပြုလုပ်ပေးခဲ့ ရပါတယ်။ တခြားသော သူတွေလို လူမစည်ပဲ ခြောက် ကပ်နေပါတယ်။

နာရေးဖိတ်စာလေးတောင် မလုပ်ရတဲ့အပြင် သချိုင်္င်း မြေချစရာ သားလေးရဲ့အ လောင်းတောင် မရှိလို့ ရင်တွေလည်း ကွဲရပါတယ်။

ညီလေး ကြယ်စင်ဟိန်း ရဲ့ မိသားစုလေးကိုလည်း တတ်နိုင်သလောက်လေး ဝိုင်းပြီးလှူပေးကြပါဦးဗျာ။

လှိုင်သာယာ မြို့နယ် (၁၄) ရပ်ကွက် ခေမာလမ်း မှာ နေထိုင်ပါတယ်။ သူရဲကောင်းများနဲ့ ပြည်သူလူထုအား အစဉ်လေးစားလျက်

Add a Comment

Your email address will not be published. Required fields are marked *