သူရဲကောင်း ချစ်မင်းသူရဲ့ ဇနီးဖြစ်သူအား သွား ရောက်တွေ့ဆုံ နှစ်သိမ့်ပေးရင်းနဲ့ အလှူငွေ လှူဒါန်းလာခဲ့တဲ့ သရုပ်ဆောင် ထူးခန့်ကျော်

သူရဲကောင်း ချစ်မင်းသူရဲ့ ဇနီးဖြစ်သူအား သွား ရောက်တွေ့ဆုံ နှစ်သိမ့်ပေးရင်းနဲ့ အလှူငွေ လှူဒါန်းလာခဲ့တဲ့ သရုပ်ဆောင် ထူးခန့်ကျော်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ထူးခန့်ကျော်က  အနုပညာအလုပ်တွေ လုပ်ကိုင်ရင်းနဲ့တစ်ဖက်တစ်လမ်းကနေ သူတတ်တဲ့ ပညာရပ်လေးနဲ့ လေဖြတ်လူနာတွေအား တိုင်းရင်းဆေးဖြင့် နှိပ်နယ် ကာကုသပေးနေသူ ဖြစ်ပါတယ်။

အရေးကြုံလာတိုင်းလည်း ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ကာ လူထု လှုပ်ရှားမှု များတွင် ပါဝင်ဆောင်ရွက်နေ သူတစ်ဦး  ဖြစ်ပါတယ်။

ပည်သူတွေချစ်တဲ့ အနုပညာ ရှင်များကပါဒီလှုပ် ရှားမှုမှာ တက်ကြွစွာ ပါဝင်နေတာမြင်ရသည်မှာ အလွန်အားတက်စရာ ကောင်းလွန်းလှပါတယ်။ မြောက်ဒဂုံမြို့နယ် လူထု လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ရင်း

မမျှော်လင့်ပဲ ကြွေလွင့်ခဲ့ရတဲ့ သူရဲကောင်းချစ်မင်းသူရဲ့ဇနီးထံသို့မနေ့ကသွား ရောက်ကာ တွေ့ဆုံအားပေးရင်းနဲ့ အလှူငွေများလည်း ပေးအပ်လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီးတော့ လည်း ထူးခန့်ကျော် ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် အခုလိုပဲ ရေးသားဝေမျှထားတာပဲ ဖြစ်ပါတယ်။

မကွယ် လွန်မီ မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲထဲမှ သူ့ရဲ့ဗေဒါကြီးဇာတ်ကောင်အား အလွန် အားပေး ခဲ့တာကို ညီလေး ချစ်မင်းသူရဲ့ ဇနီးပြောပြချက်အရ ကြား သိခဲ့ရတဲ့အတွက် အလွန်ကို  စိတ်မကောင်း ဖြစ်နေတာပဲဖြစ်ပါတယ်။

သူပြုလုပ်ခဲ့သော ဒါနကောင်းမှု သီလကောင်းမှု၊ ဘာဝနာကောင်းမှုတို့ကြောင့် မောင်ချစ်မင်းသူနှင့်တကွ လူထုလှုပ်ရှားမှုတွင် ကွယ်လွန်ခဲ့ပြီးသော သူရဲ ကောင်းများအားလုံး  မြင့်မြတ်သော ဘုံဌာနသို့ ရရှိ

ရောက်ရှိကြပါစေ၊ ဒီလိုဘေးဆိုး ၊ရန်ဆိုး အန္တရာယ်ဆိုးမှလည်း သံသရာ အဆက်ဆက် ကင်းဝေးပါစေလို့လည်း ဆုတောင်းပေးနေတာပဲ ဖြစ်ပါတယ်။

သူ့အနေနဲ့လည်း  အရေးတော်ပုံအောင်ရမည်လို့ ဟစ်ကြွေးနေကြတဲ့ ပြည်သူ တွေရဲ့ကိုယ် လက်နာကျင်မှု တွေကို ကုသပေးလျက် ရှိနေတာလည်း ဖြစ်ပါတယ်။

လက် ရှိမှာတော့ ကိုယ်တိုင် ကျန်းမာရေးမကောင်း ဖြစ်နေပြီး ရက် ပိုင်းလောက် ကုသမှု တွေ ရပ်နားထားရတာကြောင့် စိတ်မ ကောင်းဖြစ် နေ ရကြောင်းကိုလည်း ရှင်းပြထားပါသေးတယ်။

အားလုံး ကျန်းမာပါစေလို့ ရေးသားထားတဲ့ထူးခန့်ကျော်ရဲ့ သတင်းလေးကို ပရိတ်သတ် တွေအတွက် တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *