သူမ အရမ်းချစ်ရတဲ့ ဦးလေး ကွယ်လွန် သွားတာကြောင့် ဝမ်းနည်း စိတ်မကောင်း ဖြစ်နေရှာတဲ့ သရုပ်ဆောင် ခိုင်သင်းကြည်

သူမ အရမ်းချစ်ရတဲ့ ဦးလေး ကွယ်လွန် သွားတာကြောင့် ဝမ်းနည်း စိတ်မကောင်း ဖြစ်နေရှာတဲ့ သရုပ် ဆောင် ခိုင်သင်းကြည်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ခိုင်သင်းကြည်က အမိုက်စား သရုပ်ဆောင် ချက်တွေနဲ့ အတူ ကျရာ ဇာတ်ကာင်မှာ အကောင်းဆုံး

သရုပ် ဆောင် နိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ အကယ်ဒမီ မင်းသမီး တစ်ယောက်ပဲ ဖြစ်ပါတယ်။

ခိုင်သင်းကြည်က ဘုရားတရား အလွန်ကိုင်းရှိုင်းပြီး အလှူအတန်းတွေမှာလဲ ရက်ရက်ရောရော ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ချစ်စရာ ကောင်းတဲ့ သမီးလေး တစ်ယောက်ကိုလဲ ပိုင်ဆိုင် ထားပါသေးတယ်။

ခိုင်သင်းကြည်က တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့ အ တူ အမှန်တရားဘက်က ပါဝင်ပြီး လမ်းထွက်ကာ လူထု လှုပ် ရှားမှုတွေမှာ အားတက်သရာ ပါဝင်ခဲ့ပါတယ်။

ယခု တစ်ခါ မှာဆိုရင်လဲ ကွယ်လွန် သွားပြီဖြစ်တဲ့ ဦးလေးဖြစ်သူ အပေါ် စိတ်မကောင်းစွာနဲ့ အခုလို ရေးသား ဖော်ပြ ထားပါသေးတယ်။ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်။

ခိုင်သင်းကြည်က ဦးလေးတွေထဲမှာ အချစ်ဆုံး ဦးလေး ငယ်ငယ်ထဲက အတူနေခဲ့ ခရီးတွေ အတူ သွားခဲ့ကြပြီး တူမတွေကိုလည်း ချစ်တဲ့ ဦးလေး စိတ်ထား အရမ်းကောင်းတဲ့ ဦးလေး…

မြင့်မြတ်တဲ့ ကောင်းရာဘုံဘဝ ရောက်ပါစေ ဆိုပြီးတော့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားဖော်ပြ ထားပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း သရုပ်ဆောင် ခိုင်သင်းကြည်တို့ မိသားစုနဲ့ ထပ်တူ ဝမ်းနည်း နေကြမယ်လို့ ထင်မိပါတယ်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်း စီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *