သူမရဲ့ ပရိတ်သတ်တွေ သိအောင် ရင်ဖွင့်ချလိုက်တဲ့ သရုပ်ဆောင် ယဉ်လက်

သူမရဲ့ ပရိတ်သတ်တွေ သိအောင် ရင်ဖွင့်ချလိုက်တဲ့ သရုပ်ဆောင် ယဉ်လက်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ယဉ်လက် ဟာဆိုရင် အက်ရှင် ဇာတ်ကားတွေမှာ သရုပ် ဆောင်တဲ့ ဖိုက်တင် မင်းသမီး တယောက်ဖြစ်ပါတယ်။

သူကိုတော့အာဏာ သိမ်းပြီး နောက်ပိုင်းမှာ တပ်မ တော်ကို ထောက်ခံခဲ့လို့ ပရိတ်သတ်တွေရဲ့ ပြင်းပြင်း ထန်ထန် ဝေဖန် တိုက်ခိုက် ပြောဆိုတာကို ခံခဲ့ရသူ တယောက်ဖြစ်ပါတယ်။

အဲ့ဒီလို ဝေဖန်မှုတွေ အပေါ် သူမကတော့ သံဝေဂ ဆန်တဲ့အသိ တရားတွေနဲ့ အခုလိုပဲ ရင်ဖွင့်လာခဲ့ပါတယ်။

ခက်ခဲတယ် ဒါပေမယ့် မင်းအတွက် ကျေနပ်တယ် မေတ္တာထားရင် ရန်သူတောင် မိတ်ဆွေ ဖြစ်လာနိုင်တယ် ဆိုသလိုမျိုးပဲ အရာရာကို အကောင်းဘက်က တွေးရင် ဖြစ်လာ သမျှ အခက်ခဲ တိုင်းသည် လှပနေမယ် ခွန်အား ဖြစ်စေနေလိမ့်မယ်။

နှစ်ကုန်တော့မယ် ဒီနှစ်အတွင်း ငါဘာများရလိုက်လဲ ? ရတာပေါ့ စိတ်သောကဖြစ်စရာတွေ ဒုက္ခတွေ ရလိုက်တာပေါ့ လို့တွေးနေရင် ဒီ နှစ်ဆိုတာကြီးက အဓိပ္ပါယ် ရှိတော့မှာ မဟုတ်ဘူး အဲ့လို တွေးမယ့်အစား

ငါဘာတွေရလိုက်လဲ ?

ရတာပေါ့အများကြီး ချစ်တယ်လို့ပြောပြီး ကျောခိုင်းတဲ့ သူအတွေအကြောင်းသိရတယ်။ ခက်ခဲတဲ့ အချိန်မှာ ကိုယ်နဲ့အတူ ဘယ်သူတွေ ကျန်ခဲ့လဲသိရတယ် ကိုဘယ်လောက် အထိပျော့ညံ့တယ်။

မာကျောတယ် ဆိုတာလည်း သိရတယ်။ ဘယ်လို ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင် နေရမလဲဆိုတာ သိရတယ်။

အပြုံးတွေသေသွားပြီလို့ ထင်ခဲ့ပေမယ့်။ ခက်ခဲပေမယ့် ငါပြန်ပြုံးနိုင်တာကိုလည်း သိရတယ်လို့ တွေးလိုက်ရင် ဒီနှစ်က အဓိပ္ပါယ်ရှိသွားလိမ့်မယ်။

ကိုယ့်အမြင်ပြောရရင်..

တကယ်တော့ သုံးလေးနှစ်စာကို တစ်နှစ်ထဲနဲ့ ကြုံတွေ့ရတာ ..တန်ပါတယ်လေ…တစ်နှစ်တည်းနဲ့ ရင့်ကျက်သင့်သလောက်ရင့်ကျက်သွားတာပေါ့…တန်ပါတယ်။

သရုပ်ဆောင် ယဉ်လက်ကတော့ အထက်က အတိုင်း ရင်ဖွင့်ခဲ့တာဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရဲ့ အမြင်လေးတွေလဲ မှတ်ချက်လေးတွေ ကောမန့်မှာ ရေးခဲ့ကြပါအုံးနော်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *