သူမပိုင်ဆိုင်တဲ့ တန်ဖိုးကြီးမြေကွက်ကို ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေအတွက် လှူဒါန်းခဲ့တဲ့ ဇာဇာထက်

သူမ ပိုင်ဆိုင်တဲ့ တန်ဖိုးကြီးမြေကွက်ကို ပြည်သူ့ အ ကျိုးပြု လုပ်ငန်းတွေအတွက် လှူဒါန်းခဲ့တဲ့ ဇာဇာထက်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဇာဇာထက်က ပရိတ်သတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိတ်သတ် အချစ်တော် တစ်ယောက်ပါ။

ဇာဇာထက်က ဒီနေ့မှာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဒီကာလ ပြည်သူတွေအတွက် အကျိုးရှိမယ့်

လုပ် ငန်းစဉ်တွေ လုပ်ဆောင်မယ်ဆို သူ့ပိုင်ဆိုင်တဲ့ မြေကိုအခမဲ့ အသုံး ပြုခွင့် ပေးသွားမယ်လို့ ဖော်ပြလာခဲ့ပါတယ်။

အခု ကာလမှာ ကိုဗစ် တတိယလှိုင်းကြောင့် ပြည်သူတွေအတွက် အောက်စီဂျင် ရရှိရေးတဲ့ ကူးစက်ခံရတဲ့ ပြည်သူတွေအတွက်

ကွာရာတင်း စင်တာတွေ လိုအပ်နေတာကြောင့် သူပိုင်ဆိုင်တဲ့ မြေကွက်မှာ အောက်စီဂျင် စက်ရုံဖြစ်ဖြစ် ကိုယ်ထူကိုယ်ထ Q စင်တာဖြစ်ဖြစ် လုပ်မယ်ဆိုရင်

“သန်လျင်သ ဘာဝ တရားရိပ်သာ အကျော်မှာ ကျွန်မ ပိုင်ဆိုင်တဲ့ ပေ(၂၀) (၆၀) မြေကွက် သုံးကွက်တွဲ ရှိပါတယ်။

တကယ်လို့ အောက်ဆီဂျင် အတွက်ပဲဖြစ်ဖြစ် ကိုယ်ထူ ကိုယ်ထQ center လုပ်ချင်တာပဲဖြစ်ဖြစ် ဒီကာလမှာ

အကျိုးရှိအောင် ကူညီချင်လို့ ကျွန်မမြေကွက်ကို ခဏငှားသုံးပါ။

ယူသုံးပါ။ ပိုက်ဆံ တစ်ပြားမှ ပေးစရာမလိုပါဘူး။

ဒါပေမဲ့ အကြံအဖန်သမားတော့ မငှားပါဘူးရှင် ခိုင်လုံတဲ့ အချက် အလက်တွေပြနိုင်တဲ့သူ တကယ် ကူညီမဲ့ သူဆိုရင် အချိန်မရွေး ဆက်သွယ်ပါ။

မှတ်ချက် မီးမရှိတော့ မီးစက်တော့ လိုပါလိမ့်မယ်ရှင့်” ဆိုပြီးတော့ အခမဲ့ အသုံးပြုခွင့် ပြုကြောင်း ဖော်ပြထားခဲ့တာပါ။

ပရိတ်သတ်ကြီးအားလုံးလည်း ဇာဇာထက်ရဲ့ ဒီကာလမှာ တတ်နိုင် သလောက် အကျိုးရှိအောင် ကူညီချင်တဲ့

စိတ်ထားလေးနဲ့ ကူညီမှုကတော့ တကယ်ကို လေးစား ချီးကျူးထိုက်ပါပေတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *