သူတို့ရဲ့ ပိုင်ဆိုင်တာတွေကို Boycott လုပ်ကြဖို့ပြောနေတဲ့ လူတချို့ကို သက်သေနဲ့တကွ ပြန်လည် ဖြေရှင်းလာခဲ့တဲ့ ဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

သူတို့ရဲ့ ပိုင်ဆိုင်တာတွေကို Boycott လုပ်ကြဖို့ပြောနေတဲ့ လူတချို့ကို သက်သေနဲ့တကွ ပြန်လည် ဖြေရှင်းလာခဲ့တဲ့ ဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံ

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ သဉ္ဇာနွယ်ဝင်းက အိမ် ထောင် ကျပြီးနောက်ပိုင်း အနုပညာ လှုပ်ရှားမှုတွေ သိပ်မရှိတော့ဘဲ ခင်ပွန်းဖြစ်သူရဲ့ စီးပွားရေး လုပ်ငန်းတွေကို ဝိုင်းကူ ပေးနေတာပဲ ဖြစ်ပါတယ်။

အခု ရက်ပိုင်းအတွင်းမှာ သူမတို့ ဇနီးမောင်နှံရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သတင်းတစ်ချို့ ထွက်နေတာပဲ ဖြစ်ပါတယ်။

ဒါကတော့ သူမတို့ ဖွင့်လှစ်ထားတဲ့ ဟော့ပေါ့နဲ့ အကင်ဆိုင်တွေကို တပ်အသိုင်း အဝိုင်းနဲ့ ဆက်နွယ်မှုရှိတာကြောင့် boycott ကြဖို့ လတ်တလော လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားနေကြတာပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မနေ့ညက သဉ္ဇာနွယ်ဝင်းခင်ပွန်းရဲ့ လူမှုကွန်ယက်တွင် ပြန်လည် ဖြေရှင်းထားတာဖြစ်ပါတယ်။

အခု နာမည်ကြီးနေတဲ့ ဓာတ်ပုံ တစ်ပုံကတော့ ၂၀၁၈ ခုနှစ်က သူတို့ရဲ့ သားအကြီးဆုံးရဲ့ မွေးနေ့ အခမ်း အနားတုန်းက ပုံဖြစ်ပြီး မဟုတ်ဘဲနဲ့ သတင်းအမှားတွေ အဖွခံနေရတာ ဖြစ်ကြောင်း ရှင်းပြထားပါတယ်။

သူတို့အတွက်ကြောင့်နဲ့ အကုသိုလ် မရစေဖို့ မဟုတ်မှန်တဲ့ သတင်းတွေကို ပြန်လည် စဉ်းစား သုံးသပ်ပေးကြဖို့ကိုလည်း ခုလိုရေးသား တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဟိုးရက်က ကျွန်တော် အသိတစ်ယောက် ဖုန်းဆက်လာပြီး အကြံတောင်းတယ်။

သူလုပ်တဲ့ ဟိုတယ်ရဲ့ အပေါ်ထပ်မှာ တပ်ပေးစွဲထားတယ်။

ဘယ်လို ဘယ်လို လုပ်နေပါတယ်ဆိုပြီး အကောင့်တစ်ခုနဲ့ လုပ်ငန်း ပေ့ခ်ျအောက်မှာရော ဂရုတွေထဲလည်း လျှောက်ရေးရော။

မဟုတ် ပေမယ့်လည်း အဲ့ဒီသတင်းကြီးက ပွပြီး ဝိုင်းဆဲတာ ကောင်းကောင်းခံလိုက်ရတော့ သူဘယ်လို ပြန်ရှင်းသင့်လဲ လာမေးတယ်။

ပြောရရင် သူက စီးပွားရေးကို သန့်သန့်လေးလုပ်ပြီး သူ့ကြိုးစားမှုနဲ့ သူတက်လာတာမို့ ဒီလို ပလိန်းကြီး ရေးခံထိတာ တော်တော်လေး ဒုက္ခရောက်ရတယ်။

နဂိုကတည်းက လူအေးဆိုတော့ ဘယ်အဖွဲ့ အစည်းနဲ့မှ မပေါင်းသင်းမလုပ်ရတဲ့ ဟိုတယ် လိုင်းလေးပဲ သေချာလေးလုပ်နေတဲ့သူ။

သူ့ဟိုတယ်မှာ ဟိုက ဖွသလို ဘာမှမရှိသလို လူ အဝင်ပါးလို့ စိတ်ဆင်းရဲနေတဲ့ကြားက ဒီလို ချောက်တွန်းခံရလိုက်ရတော့မင်းကွာ ဖြေရှင်းမနေပါနဲ့လို့ ပြောလိုက်ရပေမယ့်လည်း သူ့ကို လာရန်ရှာတဲ့ facebook လူအုပ်ကြီးကလည်း ကြောက်စရာ အခုတော့ ကိုယ့်အလှည့် ကျမှ ခံစားဖူးမှ သိတော့တယ်။

သားလေး တစ်နှစ်ပြည့်ပွဲရဲ့ ၂၀၁၈ ကပုံတစ်ခုကို ဦးတည်ပြီး မဟုတ်ပဲနဲ့ အဖွခံရတဲ့ အမုန်းတရားနဲ့ ချောက်တွန်းတဲ့ကိစ္စ။

အားလုံး တကယ့်အမှန်တရားတွေ ပိုက်ရင်း အေးချမ်းတဲ့ ဘဝလေး အမြန် ပိုင်ဆိုင်ရပါစေဗျာ။ မဟုတ်ဘဲနဲ့ အစွပ်စွဲ ခံရတာကတော့ ကိုယ့်ကံ အကြောင်းတရားပဲဆိုတော့ ကောင်းမှုကုသိုလ်လေးနဲ့ ပြန်ဖြေလိုက်ပါ့မယ်။

ကျွန်တော်ကြောင့်တော့ အကုသိုလ်မရစေဖို့ မဟုတ်တာတွေ ရေးနေဖွနေတာကိုတော့ တစ်ချက်လောက် ပြန်စဉ်းစား သုံးသပ်စေချင်ပါတယ် ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းကလည်း တစ်ခုခု ပြောမယ်ဆိုရင် အရင်ဆုံး မှန်လား မှားလား အသေ အချာသိမှ သူတစ် ပါးကို ဝေဖန်ပါ ပြောပါ ဆိုပြီး သူမ ခင်ပွန်းရဲ့ ပို့စ်ကို ပြန်လည်ဝေမျှပြီး ရှင်းပြထားတာ ဖြစ်ပါတယ်။

ပရိတ်သတ်တွေ အားလုံးလည်း အကြောင်းစုံ သိရှိစေဖို့ ဒီသတင်းကို ပြန်လည် တင်ဆက်ပေးလိုက် ရပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *