သူငယ်ချင်းရဲ့အသုဘ ဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ် တင်ခဲ့တာကြောင့် ဝေဖန် ပြောဆိုခြင်းခံခဲ့ရတဲ့ အမျိုးသားတစ်ဦးရဲ့ အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

သူငယ်ချင်းရဲ့အသုဘ ဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ် တင်ခဲ့တာကြောင့် ဝေဖန် ပြောဆိုခြင်းခံခဲ့ရတဲ့ အမျိုးသားတစ်ဦးရဲ့ အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ မလေးရှားနိုင်ငံရှိ Hafiz Mahamad အမည်ရှိတဲ့ social influencer အမျိုးသားတစ်ဦးရဲ့ သူငယ်ချင်းကောင်းဖြစ်တဲ့ Loh က လေဖြတ်ရောဂါနဲ့ရှည်လျားတဲ့ တိုက်ပွဲအပြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။

သို့ပေမဲ့ Hafizက သူငယ်ချင်းကောင်း Loh ရဲ့ ရက် သတ္တပတ်အကြာဖြတ် သန်းသွားတဲ့ အသုဘကို ဗီဒီယိုရိုက်ကာ အင်တာနက် ပေါ်တင်ခဲ့ပြီးနောက် netizen များစွာက အပြင်း အထန် ဝေဖန်လာခဲ့ကြပါတယ်။

(၃) မိနစ်ကြာတဲ့ ၎င်း ဗီဒီယိုမှာ Hafiz က လေဆိပ် တစ်ခုမှာ ဖက်ရှင်ကျကျနဲ့လမ်း လျှောက်နေတာကို တွေ့မြင်ရပြီး အ သုဘပွဲရှိ Loh ရဲ့ရုပ်အလောင်းကို မြေမြုပ် မသဂြိုလ်ခင် Loh ရဲ့အလုံပိတ် ရုပ်အလောင်းကိုကြည့်ပြီး ဝမ်းနည်းကြေကွဲစွာ ပွေ့ဖက်နေတဲ့မြင်ကွင်းပါ ပါဝင်နေခဲ့ပါတယ်။

ဗီဒီယိုရဲ့နောက်အပိုင်းတစ်ခုက ဈာပန အ ခမ်းအနားကို ဦးဆောင်နေတဲ့ Hafiz နှင့် သေ ဆုံးသွားသူရဲ့ ရုပ်အလောင်းကို င်္သချိုင်း တွင်းထဲသို့ မြေချထားနေတဲ့မြင်ကွင်းကိုပါ ပြသလာခဲ့ပါတယ်။

Hafiz က လေဆိပ်မှာ ငါ့မျက်ရည်တွေ စီးကျနေပါခဲ့တယ်။ ငါ့သူငယ်ချင်းကို ငါချစ်ပြီးလွမ်းတယ်ဆိုတဲ့ Caption နဲ့ ၎င်း ဗီဒီယိုကို ကိုယ်တိုင် ဝေမျှလာခဲ့ပါတယ်။

ဗီဒီယိုကို တင်လိုက်တဲ့ Hafiz ရဲ့ရည်ရွယ် ချက်က စင်ကြယ် ကောင်းစင်ကြယ်နိုင်ပေမဲ့လည်း အင်တာနက် အသုံးပြုသူတွေကတော့ ၎င်း ဗီဒီယို တစ်ခုလုံးမှာ Hafiz တစ်ယောက် တည်းကိုသာ အာ ရုံရောက်ပြီး ဒေါသထွက်လာခဲ့ကြပါတယ်။

အချို့ကလည်း တစ်စုံ တစ်ဦးရဲ့အသုဘကို ရိုက်ကူးထားခြင်းက သင့်လျော်မှု ရှိမရှိကို မသိရကောင်းလားဆိုတဲ့ မေးခွန်းတွေ ထုတ်လာခဲ့ကြပါတယ်။

အစပိုင်းမှာ Hafiz ဟာသူရရှိခဲ့တဲ့ အမုန်းစကားတွေ အပေါ်တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။ နောက်တော့ ဘုရားသခင်က ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကိုသိမှာပါ ဒီကိစ္စအပေါ် လူအများရဲ့ထင်မြင်ချက်တွေအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါဘူး။

အခြားသူတွေက ကျွန်တော်ရဲ့ဗီဒီယိုကို ကြည့်ပြီး ကျွန်တော့်က ခံစားချက်ကင်းမဲ့နေတယ်လို့ ပြောဆိုနေကြတယ်။ မင်းတို့ရဲ့ နှ လုံးသားကို မထိန်း ချုပ် ပေးနိုင်တာကိုတော့ ကျွန်တော် လက်ခံပါတယ်လို့ Hafiz က ပြန်ဖြေကြားလာခဲ့ပါသေးတယ်။

သူငယ်ချင်းဘဲ ချစ်လွန်းနေလို့ အခုလို လုပ်တာလား Hafizဘဲ နာမည်ကြီးချင်လို့ လုပ်တာလားဆိုတာကိုတော့ ခန့်မှန်းမရနေပါဘူးဗျာ။

ပရိတ်သတ်ကြီးအားလုံးလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ထင်မြင်ချက်လေးတွေ ရေး သားခဲ့ပါအုံးနော်။

ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအား လုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ် နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ် ခင်ဗျာ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *