သူငယ်ချင်းကို အိမ်ပေါ်ခေါ်တင်မိရာမှ ခင်ပွန်းနဲ့လိုက်ပြေးသွားတဲ့ဖြစ်ရပ် (နောက်ကျောကိုဓားနဲ့ ထိုးပြီးသစ္စာဖောက်တဲ့ ဖြစ်ရပ်က အတော်လေးကိုရွံစရာကောင်းတယ်)

သူငယ်ချင်းကို အိမ်ပေါ်ခေါ်တင်မိရာမှ ခင်ပွန်းနဲ့လိုက်ပြေးသွားတဲ့ဖြစ်ရပ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ကိုယ့်ရဲ့ အ ချစ်ရဆုံးသော လင်ယောက်ျားနဲ့ ကိုယ်ကကျွေးမွေး စောင့်ရှောက်ခဲ့တဲ့ အခင်ဆုံး သူ ငယ်ချင်းတို့က နောက်ကျောကိုဓားနဲ့ထိုးပြီး သစ္စာဖောက်တဲ့ဖြစ်ရပ်ဟာ ရွံစရာကောင်းလွန်းလို့ မရှိလောက်ပါဘူးလို့ ထင်ရပေမယ့် အပြင်လောကမှာတော့ အဲဒီလိုဖြစ်ရပ်တွေက တကယ်ရှိနေခဲ့ပါတယ်။

အသက် (၂၂) နှစ်အရွယ် Krissieက Calum Duffy ဆိုသူအမျိုးသားနဲ့ ဆယ်ကျော် သက်အရွယ်ကတည်းက အိမ်ထောင်ကျပြီး တိုက် ခန်းလေး တစ်ခန်းမှာ အတူတူ နေထိုင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ Krissie ဆီကို သူခင်ရတဲ့ သူငယ်ချင်းမတစ်ယောက်က ဖုန်းဆက်ပြီး ရင်ဖွင့်ခဲ့ပါတယ်။

Beth Furiniက Krissie နဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ဆိုလည်း မမှားပါဘူး။ သူမအိမ်ငှားနေတဲ့အိမ်က ဆက်မငှားတော့တဲ့အတွက် နေစရာနေရာမရှိလို့ Krissie များနေစရာလေး သိမလားဆိုပြီး ဖုန်းဆက်မေးခဲ့ပြီး အဆင်မပြေမှုတွေကို ရင်ဖွင့်ခဲ့ပါတော့တယ်။

သူငယ်ချင်းလည်းဖြစ် နဂိုကတည်းကမှ ကြင်နာတတ်တဲ့စိတ်ထားရှိတာကြောင့် Krissie က သူမတို့ အိမ်မှာ အခြားအိမ်ရှာနေတဲ့ အချိန်အထိ လာနေဆိုပြီး Beth Furini ကို ခေါ်တင်လာခဲ့ပါတယ်။

အိပ်ခန်းက တစ်ခန်းတည်းရှိလို့ Beth Furini ဟာ ဆိုဖာပေါ်မှာ အိပ်ခဲ့ရပေမယ့်လည်း ကျောခင်းစရာနေရာလေးရအောင် ကူညီပေးတဲ့အတွက် ကျေးဇူးတင်လှပါပြီဆိုပြီး Krissie ကို ခဏခဏပြောနေခဲ့ပါတယ်။

Krissie အလုပ်သွားချိန်တိုင်း ခင်ပွန်းဖြစ်သူ Calum Duffyနဲ့ သူငယ်ချင်းမ Beth Furini တို့နှစ်ယောက်တည်း အိမ်မှာ ကျန်ကျန်နေခဲ့တာပါ။ ဒါပေမယ့် စစချင်းမှာတော့ အမြင်မသင့်မှာ ဆိုးလို့ဆိုပြီး Calum Duffy ဖြစ်ဖြစ် Beth Furini ဖြစ်ဖြစ် အပြင်ထွက်သွားပြီး Krissie အလုပ်က ပြန်လာကာမှ အိမ်ကိုပြန်လာလေ့ရှိပါတယ်။

နောက်ပိုင်း နေတာကြာလာတော့ သုံးယောက်သား ပိုရင်းနှီးသွားခဲ့ကြပါတယ်။ သစ္စာဖောက် နှစ်ဦးရဲ့ခြေလှမ်းတွေကို Krissie တစ်ယောက် စတင်သတိထားမိတဲ့ အခေါက်မှာ သူတို့နှစ်ယောက်က ဆိုဖာပေါ်မှာ နီးနီး ကပ်ကပ်ထိုင်နေကြပြီး ဖုန်းတစ်လုံးကို အာရုံစူးစိုက်ကြည့်နေရင်း ရယ်မောနေကြတာပါ။

ဒီမြင်ကွင်းကို Krissie အလုပ်ကပြန်လာလို့ အိမ်ကိုသော့ဖွင့် ဝင်လိုက်တဲ့အချိန်မှာ မြင်ခဲ့ရတာဖြစ်ပြီး စစတွေ့ချင်းမှာတင် မင်သက်စေခဲ့ပါတယ်။

အထာနပ်တဲ့ Krissie ရဲ့ ခင်ပွန်းက ဆိုဖာပေါ်ကနေခုန်ဆင်းကာ Krissie ကို ပြေးဖက်ပြီး အိမ်ပြန်ရောက်ပြီလား အိပ်မလို့ပဲ ဒါပေမဲ့ Beth ကို မင်းပြန်မလာသေးလို့ အဖော်လုပ်ပေးနေတာ ဘာညာနဲ့ပြောကာ သရုပ်ဆောင်လာခဲ့ပါတယ်။ ရိုးသားတဲ့ Krissie ကလည်း ခင်ပွန်းရဲ့စကားကို ယုံကြည်ခဲ့ပေမယ့် စိတ်ထဲတော့ သိပ်ဘဝင်မကျခဲ့ပါဘူး။

သိပ်မကြာခင်မှာပဲ Calum Duffy က Krissie ကို မချစ်တော့ကြောင်း တစ်ယောက်တည်း နေချင်ကြောင်းပြောပြီး အိမ်မှထွက်သွားကာ နှစ်ဦးသား လမ်းခွဲခဲ့ပါတယ်။ Krissie က စီးပွားရှာလည်းတော်ပြီး ဇနီးမယားကောင်း ပီသသူလည်းဖြစ်တာကြောင့် ခင်ပွန်းထားသွားတာ ဘာကြောင့်လည်းဆိုတဲ့ အကြောင်းအရင်းကို လုံးဝမမှန်းတတ်ခဲ့ပါဘူး။

ဒါကြောင့် ရက်ပေါင်းများစွာ သူ့ဘေးမှာရှိနေခဲ့သေးတဲ့ သူငယ်ချင်း Beth ကိုရင်ဖွင့်ပြီး ငိုကြွေးခဲ့ပါတယ်။ ဒါပေမဲ့ Beth ကလည်း Krissie နည်းနည်းလေး စိတ်သက်သာရာရချိန်မှာ အိမ်တွေ့ပြီဆိုပြီး အိမ်ပြောင်းသွားခဲ့ပါတယ်။

တကယ်တော့ အိမ်ခြေယာမဲ့ဖြစ်နေလို့ ခေါ်တင်ထားတဲ့ သူငယ်ချင်း Beth နဲ့ ခင်ပွန်း Calum Duffy တို့က စည်းဝါးကိုက်ကာ Krissie ကို အရူးလုပ်သွားခဲ့ကြပါတယ်။

မကြာခင်မှာပဲ Calum Duffy နဲ့ Beth Furini တို့က ဖေ့စ်ဘွတ်ခ် ပေါ်မှာ relationship တင်ခဲ့တာကို မြင်တဲ့သူတွေက Krissie ကို ပြန်ပြောခဲ့ပါတယ်။ Krissie ကိုယ်တိုင် Beth ကို မေးတဲ့အချိန်မှာတော့ တောင်းပန်ပါတယ်။

တကယ်ချစ်သွားလို့ပါဆိုတဲ့ စကားသာပြောလာခဲ့ပါတယ်။ အခုအချိန်မှာတော့ သစ္စာ ဖောက် နှစ်ယောက်က ရင်သွေးလေးရှိနေပြီး Krissie တစ်ယောက်လည်း နေသားကျနေပြီဆိုပေမယ့်လည်း အတိတ်ရဲ့ အဖြစ်ဆိုးကြီးကိုတော့ တော်တော်နဲ့မေ့ပျောက်ဖို့ မရနိုင်သေးပါဘူး။

သို့ပေမယ့် ကလေးရပြီဆိုတဲ့ သတင်းကြားတဲ့အတွက် တရားဝင်ကွာရှင်းဖို့ကို ပြုလုပ်နေခဲ့ပါတယ်။ ပရိတ်သတ်ကြီးအားလုံးလည်း သူတို့ နှစ်ယောက်အပေါ် မှတ်ချက်လေးတွေ ရေးခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း ကျေးဇူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *