သူငယ်ချင်ရဲ့ သမီးဖြစ်သူနဲ့ အသက် (၂၀) နှစ်အရွယ်ကောင်မလေးနဲ့ လက်ထပ်လာခဲ့တဲ့ ထိုင်ဝမ်နာမည်ကျော်တေးရေးဆရာတစ်ဦး

သူငယ်ချင်ရဲ့ သမီးဖြစ်သူနဲ့ အသက် (၂၀) နှစ်အရွယ်ကောင်မလေးနဲ့ လက်ထပ်လာခဲ့တဲ့ ထိုင်ဝမ်နာမည်ကျော်တေးရေးဆရာတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ Li Kuncheng ဆိုတဲ့ နာမည်ကျော် ထိုင်ဝမ် တေးရေး ဆရာတစ်ဦးဖြစ်ပြီး အောင်မြင်မှုများစွာကိုလည်း ရရှိထားပါတယ်။

သို့ပေမယ့် သူ့ရဲ့ကျော်ကြားမှုထက် သူရဲ့ဇနီးလောင်း Li Jing En ကို ကြေညာခြင်းက ပိုပြီးတော့ လူအများကြား ရေပန်းစားလာခဲ့ရပါတယ်။ အကြောင်းအရင်းက သူနဲ့ လက် ထပ်မယ့် မိန်းကလေး Liက သူ့ထက်ကို အသက် (၄၀) လောက်ငယ်နေတာပဲဖြစ်ပါတယ်။

ဒီထက်ပိုပြီး လူပြောများစေခဲ့တဲ့ အချက်က သူမ အသက် (၁၇) နှစ် အရွယ်မှာ သူမကိုစတင်ချိန်းတွေ့ခဲ့ပါတယ်။ Li Kunchengက ဇနီးလောင်း Li Jing En ကို သူရဲ့သူငယ်ချင်းအိမ်မှာ စတွေ့ခဲ့တာဖြစ်ပြီး သူမက သူငယ် ချင်းဖြစ်သူရဲ့သမီးလည်း ဖြစ်နေခဲ့ပါသေးတယ်။

Li Kuncheng ကိုအင်တာဗျူးရာမှာတော့ သူရဲ့ဒဏ်ရာကြောင့် နားနေရတဲ့ အချိန်မှာ သူတို့နှစ်ဦး စတင်ရင်းနှီးခဲ့ကြတာဖြစ်ပြီး သိပ်မကြာမီမှာပဲ သူတို့က ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။

သူတို့ လက်ထပ်မယ့်ကိစ္စကို ကြေငြာလိုက်တဲ့အခါ လူအများစုက သူတို့ရဲ့အချစ်ရေးကို ဝေဖန်လာခဲ့ပါတယ်။ အထူးသဖြင့် Li Jing En ရဲ့ဖခင်ဖြစ်သူက ကန့်ကွက်ခဲ့ပါတယ်။ သူမရဲ့အဖေက သူတို့ရဲ့မင်္ဂလာပွဲပယ်ဖျက်နိုင်ဖို့ တရားဆွဲဆိုတဲ့ အထိ ပြုလုပ်ခဲ့ပေမယ့် အမှုမှာရှုံးနိမ့်ခဲ့ရပါတယ်။

Li Kuncheng ကလည်း မီဒီယာနဲ့ ပြည်သူ လူထူအား သူတို့ရဲ့အချစ်ကို ဝေဖန်ခဲ့တဲ့အ တွက် အပြစ်တင်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကို အမုန်းမပွားသင့်ဘူးလို့လည်း သူကပြောလာခဲ့ပါတယ်။

၎င်းအဖြစ်အပျက်ကြောင့် လူမှုကွန်စာ မျက်နှာပေါ်မှာ Li Jing En နဲ့ Li Kuncheng က တိတ်တိတ်ပုန်း လက်ထပ်ထားကြောင်း သူမမှာလည်း ကိုယ်ဝန်ရှိနေကြောင်းစတဲ့ ဝေဖန်သံတွေ များလာခဲ့ပါသေးတယ်။

Li Jing En က သူမမှာ ကိုယ်ဝန်ရှိမနေကြောင်းနဲ့ မကြာခင်မှာလည်း Li Kuncheng နဲ့ လက်ထပ်သွားမှာဖြစ်ကြောင်းပြောကြားသွားခဲ့ပါတယ်။ သူမအသက် (၂၀) ပြည့်ပြီးတဲ့နောက်မှာ Li Kuncheng နဲ့ သူမက လက် ထပ်လာခဲ့ကြပါတယ်။

ပရိတ်သတ်တွေလည်း သူတို့နှစ်ယောက် အပေါ်မှတ်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးအထူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *