သူချစ်ရတဲ့ မိသားစုကို အန္တရာယ်ရှိတဲ့ အရပ်မှာ မထားခဲ့ဘဲ လွတ်မြောက် နယ်မြေသို့ တစ်ပါတည်း ခေါ်သွားခဲ့တဲ့ ရန်ရန်ချမ်း

သူချစ်ရတဲ့ မိသားစုကို အန္တရာယ်ရှိတဲ့ အရပ်မှာ မထားခဲ့ဘဲ လွတ်မြောက် နယ်မြေသို့ တစ်ပါတည်း ခေါ်သွားခဲ့တဲ့ ရန်ရန်ချမ်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အဆိုတော် ရန်ရန်ချမ်းက လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှား မှုတွေမှာ ပြည် သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးနေသူ တစ်ဦး ဖြစ်ပါတယ်။

အာဏာ ရှင်လူတစ်စုမှ ရန်ရန်ချမ်းအား ပုဒ်မ ၅၀၅ (က) ဖြင့် တရား စွဲဆို အရေးယူမှုတွေ လုပ်ထားတာကြောင့် ဘေးကင်းရာ သို့ တိမ်းရှောင်နေကြရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ် ပါတယ်။

ပရိတ်သတ်တွေ စိတ်မပူစေ ရအောင်လည်း လူမှုကွန်ယက်တွင် သတင်း အချက်အလက်များကို ရေးသားဝေမျှပေးနေတာ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်က ရန်ရန်ချမ်းရဲ့ Facebook အကောင့်တွင် ဓာတ်ပုံလေး တစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ သူတို့မိသား စုသုံးယောက်လုံး ဘေးကင်းရာမှာ ရှိနေတဲ့ အကြောင်း ဓာတ်ပုံလေးတစ်ပုံဖြင့် ပြသထားတာ ဖြစ်ပါတယ်။

ရန်ရန်ချမ်းက ဇနီးနဲ့ သားလေးကို အန္တရာယ်ရှိတဲ့ အရပ်မှာ မထားခဲ့ဘဲ သူနဲ့အတူလွတ်မြောက် နယ်မြေသို့ တစ်ပါတည်း ခေါ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်တွေကလည်း သူတို့မိသား စုပုံလေးကို ကြည့်ပြီး အရေးကြုံတဲ့ အခါတိုင်း ပြည်သူတွေ ဘက်ကနေ ရှိနေပေးခဲ့တဲ့ ရန်ရန်ချမ်းရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်ကို လေးစားနေကြတာပဲ ဖြစ်ပါတယ်။

ဂီတလောကမှ ညီအစ်ကို မောင်နှမ များကလည်း ရန်ရန်ချမ်း တို့ မိသားစုလေး ဘေးကင်း လုံခြုံကြပါစေလို့ comment များရေးသားပြီး ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။

မိသားစုဝင်များနဲ့ ခွဲခွာပြီး တိမ်းရှောင်နေရသူများလည်း အမြန်ဆုံး ပြန်လည် ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းလေးကို တင်ဆက် ပေးလိုက်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *