သူချစ်ရတဲ့ ပရိတ်သတ်တွေ အတွက် ရည်ရွယ်ပြီး ရေးစပ်ထားတဲ့ ကဗျာလေးတပုဒ်ကို သူ့ရဲ့ရှေ့နေက တစ်ဆင့်ပေးလိုက်တဲ့ ပိုင်တံခွန်

သူချစ်ရတဲ့ ပရိတ်သတ်တွေ အတွက် ရည်ရွယ်ပြီး ရေးစပ်ထားတဲ့ ကဗျာလေးတပုဒ်ကို သူ့ရဲ့ရှေ့နေက တစ်ဆင့်ပေးလိုက်တဲ့ ပိုင်တံခွန်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ နှုတ်ခမ်းနီ မလေးတွေရဲ့ အ သည်းကျော် မင်းသားချော ပိုင်တံခွန်ဟာ

ပြည်တွင်းမှာတင်မကပဲ ပြည်ပနိုင်ငံတွေအထိပါ ထိုးဖောက် အောင်မြင်နေတဲ့ အနုပညာရှင် တစ်ယောက်ဆိုလည်း မမှားပါဘူး။

ဆွဲဆောင်မှုရှိတဲ့ ပိုင်တံခွန်က မိန်းကလေး ပရိတ်သတ်တွေတင် အားပေး ကြမ်းတာ မဟုတ်ပဲ ယောကျာ်းလေး ပရိတ်သတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အ ပြည့် အဝ ရရှိထားတာပဲ ဖြစ်ပါတယ်။

စိတ်ထား ဖြူစင်လွန်ပြီး ဖော်ရွေတတ်တဲ့ သူရဲ့ အမူအကျင့်လေးတွေက ပရိတ်သတ်ကို ထူးခြားစွာ ဆွဲဆောင်နေတာပဲ ဖြစ်ပါတယ်။

ခု လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ပိုင်တံခွန်က ရှေ့ဆုံးကနေ ပြည်သူ လူထုနဲ့ အတူ တက်ကြွစွာ ဆန္ဒဖော်ထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့ဒီလို လူထု လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အတွက်ကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် တရားစွဲခံရတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်က တရားစွဲခံရပြီးနောက်မှာ ကျန်းမာရေး မကောင်းသဖြင့် နေအိမ်သို့ ပြန်လာစဉ် ဖမ်းဆီး ခံလိုက်ရတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာ ဆိုရင်လည်း ပိုင်တံခွန်က (၆) လပိုင်း (၁၃) ရက်နေ့ ရုံးချိန်မှာ သူ့ရဲ့ ရှေ့နေက တစ်ဆင့် သူချစ်တဲ့ ပရိတ်သတ်တွေ အတွက် ရည်ရွယ်ပြီး

ကဗျာလေး တစ်ပုဒ် ရေးစပ်သီကုံးပြီး ပေးခဲ့တဲ့အ ကြောင်းကို ပိုင်တံခွန်ရဲ့ အမက ကဗျာလေးကို ပြသရင်း ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

၁၃. ၆.၂၀၂၁ ရုံးချိန်းတုန်းက သူ့ရှေ့နေကတဆင့် သူချစ်တဲ့ပရိတ်သတ်ကြီး အတွက် ရည်ရွယ်ပြီး ရေးသွားပေးတဲ့ ကဗျာလေးပါ

”ဆိပ်ကမ်းတွေကို တန်ဖိုးထားတတ်တဲ့ လှေငယ်လေး တစ်စီးရှိတယ်…

အခုချိန်မှာတော့ အဲ့လှေငယ်လေးဟာ သမုဒ္ဒရာထဲ ရွက်လွှင့်နေရရှာတယ်…

ရာသီဥတု နဲ့ ရေလှိုင်းတွေကြောင့်ဆိပ်ကမ်းပါးလေးတွေ ကျန်းကျန်း မာမာနေပေးဖို့လဲ သူမျှော်လင့်နေရှာတယ်…..

ဘာဖြစ်ဖြစ် အခုချိန်မှာ သမုဒ္ဒရာထဲ မျောလွင့်ရင်းကမ်းကပ်ခဲ့တဲ့ အချိန်လေးတွေကို စိတ်လိုလက်ရ

လွမ်းနေတတ်တဲ့ ကမ်းမမြင် လမ်းမမြင် လှေငယ်လေး တစ်စီးဟာ ကျွန်တော်ကိုယ်တိုင်ပါပဲ…..

လွမ်းတတ်ခဲ့ပြီဗျာ… ပိုင်တံခွန် “

ဆိုပြီးရေးသား လာခဲ့တာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီး အားလုံးလည်း ပိုင်တံခွန် ရေးသားထားတဲ့ အဓိပ္ပါယ်ရှိလွန်းလှတဲ့ ကဗျာလေးကို ဖတ်ရှုရင်း ရင်ထဲမှာကျန်ခဲ့တဲ့ ခံစားချက်လေးကိုလည်း ပြောခဲ့ပါအုံးနော်။

ဖတ်ရှုပေးတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်ရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *