သု သာန်မှာ အကူ အညီပေ းနေကြတဲ့ သူတွေ အတွက် တတ် နိုင်တဲ့ ဘက် ကနေ ထမင်းဘူ းလေးတွေ လှူဒါန်းခဲ့ တဲ့ သဇင်ထူးမြင့်တို့ မိသားစု

သုသာန်မှာ အကူအညီပေးနေကြတဲ့ သူတွေအတွက် တတ် နိုင်တဲ့ ဘက်ကနေ ထမင်းဘူးလေးတွေ လှူဒါန်းခဲ့တဲ့ သဇင်ထူးမြင့်တို့ မိသားစု

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် သဇင်ထူးမြင့်က မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့ အတူ တက်ကြွစွာ ပါ ဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

လမ်းထွက် ဆန္ဒပြမှုတွေမှာလည်း နေ့တိုင်းလိုလို ပါဝင်ခဲ့တဲ့သူဖြစ်ပြီး မိသားစုလိုက် ရပ်တည်ချက်ပြတ်ပြတ် သားသားနဲ့ လျှောက်လှမ်းခဲ့တာကြောင့် ၅၀၅ (က) နဲ့ အမှုဖွင့် အရေးယူ ခံထားရတာဖြစ်ပါတယ်။

သဇင်ထူးမြင့်တို့ မိသားစုဟာ ၅၀၅ (က)နဲ့ အမှုဖွင့် ခံထားရတာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရပေမယ့်လည်း အရေးတော်ပုံကြီး အောင်မြင်ရေးနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ် အခြေအနေတွေမှာ တတ် နိုင်တဲ့ဘက်က နေပါဝင် ကူညီပေးနေတာ တွေ့ရပါတယ်။

ယနေ့မှာ ဆိုရင်လည်း သဇင်ထူးမြင့်တို့ မိသားစုဟာ သုသာန်တွေမှာ အပင်ပန်းခံပြီးကူညီပေးနေကြတဲ့ ပရဟိတအဖွဲ့သားတွေနဲ့ မီးသဂြိုလ်‌ပေးဖို့စောင့် နေကြရတဲ့သူတွေအတွက် ထမင်းဘူးတွေ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်း အရာလေးကိုလည်း သူမရဲ့ Facebook စာမျက်နှာမှာ “သုသာန်မှာ အကြာကြီး စောင့်နေရတဲ့ သူတွေကို ထမင်းဘူးတွေ လှူဖို့ တွက် ကူညီလှူဒါန်းပေးတဲ့ Clean Yangon ကအကိုတွေကို အရမ်း ကျေး ဇူးတင်ပါတယ်။

ပရဟိတ အသင်း ၂ ခုကို ဒီနေ့မှာ လှူဒါန်းဖို့တွက် ကြိုတင်ပြင်ဆင်နေတုန်း မနေ့က မထင်မှတ်ပဲ ကြား လိုက်ရတဲ့ သတင်းက သဲတို့အဖွားလေး အောက်စီဂျင်ကျပြီး ရုတ်တရက် ဆုံးပါး သွားပါတယ်။

အဲ့တော့ ဒီအလှူလေးကို အဖွားလေးတွက် ရည်စူးပြီး လှူဒါန်းပါတယ်။

အဖွား ကောင်းရာဘုံ ဘဝမှာ အေးအေး ချမ်းချမ်း ရှိနေမယ်လို့ လည်းယုံကြည်ပါတယ်။

နောက်ဆုံး ခရီးကို လိုက်ပို့ခွင့်လည်းမရခဲ့ပေမယ့် အဖွားတွက် တတ်နိုင်သလောက် ကောင်းမှုကုသိုလ်တွေ ထပ်ပြီး လုပ်ပေးသွားပါ့မယ်” ဆိုပြီး ရေးသား မျှဝေထားခဲ့ပါတယ်။

ပရိတ်သတ်တွေအတွက် ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *