သိန်းပေါင်းများစွာ ချမ်းသာနေတာတောင် တောင်းစားနေခဲ့တဲ့အမျိုးသားတစ်ဦးရဲ့အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

သိန်းပေါင်းများစွာ ချမ်းသာနေတာတောင် တောင်းစားနေခဲ့တဲ့အမျိုးသားတစ်ဦးရဲ့အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ တချို့လူတွေက ပိုက်ဆံကို လွယ်လွယ် ကူကူ သိပ်လိုချင် တတ်ကြပါတယ်။ အင်ဒိုနီးရှား နိုင်ငံ ဂျာဝါတန်ဂါပြည်နယ်က အမျိုးသား တစ်ယောက်ဟာ သာမန် လူတန်းစားထက်တောင် မြင့်တယ်လို့ ပြောလို့ရတဲ့ အခြေအနေရှိပေမယ့်လည်း သူတောင်းစား အလုပ်ကို လုပ်နေလာခဲ့ပါတယ်။

Legiman လို့အမည်ရတဲ့ အသက် (၅၂) နှစ်အရွယ် အမျိုးသားတစ်ဦးက လမ်းပေါ်မှာ တောင်းရမ်းနေစဉ် အင်ဒို အာ ဏာပိုင်တွေရဲ့ အိမ်ယာမဲ့နဲ့ သူဖုန်းစား ရှင်းလင်းရေး အော်ပရေးရှင်း တစ်ခုမှာ အထိန်းသိမ်းခံလာခဲ့ရပါတယ်။

ရဲတွေက Legiman ကို စစ်ဆေး ခဲ့ချိန်မှာတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို အံ့သြစရာ သိလာခဲ့ရပါတယ်။ Legiman မှာ အမေရိကန် ဒေါ်လာ (၁၈,၀၀၀) နီးပါးတန် အိမ်တစ်လုံး ဒေါ်လာ (၁၉,၀၀၀) တန်ဖိုးရှိတဲ့ မြေကွက်တွေ အပြင် ဒေါ်လာ (၆၀,၀၀၀) ကျော်ကိုပါ ဘဏ်ထဲမှာ ထည့်ထားခဲ့ပါသေးတယ်။

၎င်း ဟာတွေက အင်ဒိုငွေနဲ့ဆို ရင်းဂစ် (၄) သိန်းတောင် ရှိပါတယ်။ သူ့ကို ဖမ်းမိတာ (၁၉၂) ရင်းဂစ်နဲ့ပါ။ အရင်က ဖမ်းမိတုန်းကဆို (၂၉၀) ရင်းဂစ်နဲ့ ပိုတောင်များပါသေးတယ်လို့ အာဏာ ပိုင်တွေထဲက တစ်ဦးဖြစ်တဲ့ Udhi Nugroho က ပြောပြလာခဲ့ပါတယ်။

ယခင် ဖမ်းဆီးမှုတွေမှာ ဆိုရင် ATM ကတ်တွေနဲ့ ငွေစုစာအုပ်တွေ ပိုင်တဲ့ သူဖုန်းစားတွေကိုတောင် တွေ့ခဲ့ရဖူးကြောင်း Udhi က ပြောပြလာခဲ့ပါတယ်။ အခုဆိုရင်တောင် သူတောင်း စားသူဌေးလို့ ဆိုရနိုင်တဲ့ Legiman ကို ပြန်လွှတ်ပေးထားပါတယ်။

လမ်းပေါ်မှာ ထပ်မတောင်းရမ်းဖို့သာ သ တိပေးလာခဲ့ကြပါတယ်။ အများ ပြည်သူကိုလည်း သူ တောင်းစားတိုင်းကို ဆင်းရဲတယ် အထင်နဲ့ ပိုက်ဆံတွေ စွတ်မပေးဖို့ သတိ ပေးချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ် ခင်ဗျာ။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း တတောင်းစားအပေါ် ထင်မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ဖြစ်ပါစေလို့ ဆု တောင်းပေးလိုက်ပါတယ် ခင်ဗျာ။ Credit

Add a Comment

Your email address will not be published. Required fields are marked *