သားယောကျာ်းလေး (၁၄) ယောက်မွေးပြီးနောက် ပထမဆုံးအကြိမ် သမီး မိန်းကလေးကို ထပ်မံမွေးဖွားနိုင်ခဲ့တဲ့ မိခင်(အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

သားယောကျာ်းလေး (၁၄) ယောက်မွေးပြီးနောက် ပထမဆုံးအကြိမ် သမီး မိန်းကလေးကို ထပ်မံမွေးဖွားနိုင်ခဲ့တဲ့ မိခင်

ကဲ ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ အမေရိကန်နိုင်ငံ (Michigan) ပြည်နယ်ရှိ မိသားစုတစ်စုက သား ယောကျာ်းလေး (၁၄) ယောက် မွေးဖွားပြီးမှ မိသားစုဝင် အသစ်ဖြစ်တဲ့ သမီး မိန်း ကလေး တစ်ယောက်ကို ပျော်ရွှင်စွာ ကြိုဆိုလာခဲ့ကြပါတယ်။

အသက် (၄၅) နှစ်အရွယ် Kateri Schwandt အမည်ရှိတဲ့ အမျိုးသမီးက ပြီးခဲ့တဲ့ နိုဝင် ဘာလ (၄) ရက်နေ့မှာ ပထမဆုံးသော သမီး မိန်းကလေးဖြစ်တဲ့ Maggie Jayne လေးကို ထပ်မံ မွေးဖွားလာခဲ့ပါတယ်။

အသက် (၄၅) နှစ်အရွယ် Jay အမည်ရှိတဲ့ ခင်ပွန်းဖြစ်သူဟာ သူတို့ ဇနီးမောင်နှံက လွန်ခဲ့တဲ့ (၁၉၉၃) ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြပြီး သမီးလေး တစ်ယောက်ရဖို့ အခု အ သက် အရွယ်ထိ ရောက်သွားခဲ့မယ်လို့ မထင်ထားကြောင်း ပြောပြခဲ့ပါတယ်။

သူတို့ မိသားစုဟာ အရမ်းကို ပျော်ရွှင်နေကြပြီး Maggie Jayne လေးကို သူတို့ မိသားစုစာရင်းမှာထည့်သွင်းဖို့ အရမ်း စိတ်အား ထက်သန်နေခဲ့ကြရပါတယ်။

ဒီနှစ်မှာတော့ များစွာသောအကြောင်းတွေကြောင့် အမှတ်တရ များစွာရရှိခဲ့ပေမဲ့ Maggie လေးက ကျွန်တော်တို့ စိတ်ကူးနိုင်သမျှထဲမှာ အကောင်းဆုံး လက်ဆောင်တစ်ခုပါဘဲလို့ ဝမ်းသာမဆုံးဖြစ်နေတဲ့ ဖခင်ဖြစ်သူက ပြောလာပါသေးတယ်။

ကျွန်တော့်ရဲ့မိဘတွေက နောက်ဆုံးမှာတော့ သူတို့မှာဘယ်တော့မှ ရှိလာမှာမဟုတ်ဘူးလို့ထင်ထားတဲ့ သမီး မိန်းကလေးနဲ့ အတူ ကောင်းချီးခံစားခဲ့ရပါပြီ ကျွန်တော့် အိမ်မှာ ပန်းရောင် အဝတ်အထည် ဒါမှမဟုတ် မိန်း ကလေးပစ္စည်း တစ်ခုခုရှိနေတာတောင်မှ ကျွန်တော် မယုံကြည်နိုင်သေးဘူးလို့ Schawndt ရဲ့အကြီးဆုံးသား Tyler က ပြောခဲ့ပါတယ်။

၎င်း ဇနီးမောင်နှံရဲ့ အခြားသား ယောကျာ်းလေးတွေကတော့ Zach ၊ Drew ၊ Brandon ၊ Tommy ၊ Vinny ၊ Calvan ၊ Gabe ၊ Wesley ၊ Charlie ၊ Luka ၊ Tucker ၊ Francisco နှင့် Finley တို့ဘဲဖြစ်ကြပါတယ်။

Schawndt က သူမ ဒီအသက်အရွယ်ထိ ကိုယ်ဝန်ဆောင်နိုင်သေးတယ်ဆိုတော့ အိမ်ထဲမှာ ဘောလုံး တစ်သင်းစာထပ်ဖြည့်ဖို့ ဟော်မုန်းဓာတ်တွေ အလုံအလောက်ရှိသေးကြောင်း နောက်ပြောင်ပြီး ပြောခဲ့ပါသေးတယ်။

သူမက တကယ်လို့ သမီးလေး တစ်ယောက်ရခဲ့ရင် သမီးလေးကို အထူးသဖြင့် သူမ ဆယ်ကျော်သက် အရွယ်မှာ သူမ ဘဝတစ်ခုလုံး ယိုယွင်း ပျက်စီးမသွားအောင် အ ကောင်းဆုံး ကာကွယ်ပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။

တစ်ကယ်လည်း သူမအတွက် ဝမ်းသာစရာပါ။ ဒီတော့ Maggie လေးရဲ့ အနာဂတ်လည်း တောက်ပပြီး အစ်ကို (၁၄) ယောက်နဲ့ အတူ အဆင်ပြေပြေနဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း သူမတို့ မိသားစုဘဝလေးကို နှစ်သက် အားကျမိမယ်လို့ ထင်ပါတယ်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံး ကျေးဇူးအထူတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *