သားဖြစ်သူ ပြန်လာမဲ့ အချိန်ကို မျှော်နေရင်း ယ နေ့ မှာပဲ လောကကြီးကို နှုတ်ဆက် သွားပြီဖြစ်တဲ့ ပြေတီဦးရဲ့ ဖခင်

သားဖြစ်သူ ပြန်လာမဲ့ အချိန်ကို မျှော်နေရင်း ယ နေ့ မှာပဲ လောကကြီးကို နှုတ်ဆက် သွားပြီဖြစ်တဲ့ ပြေတီဦးရဲ့ ဖခင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဒီရက်ပိုင်းမှာ ကိုဗစ်ရော ဂါကြောင့် ကိုယ်ချစ်ခင်ရသူတွေ မိသားစုဝင်တွေကို ဆုံးရှုံးရသူတွေ များစွာရှိနေတာ စိတ်မကောင်း စ ရာပဲဖြစ်ပါတယ် ။

အနုပညာ ရှင်တွေထဲမှာ ဆိုရင်လည်း ကိုဗစ် ကူးစက်ခံရသူတွေ များစွာတွေ့ရပြီး တစ်ချို့ဆို ကွန်လွန်သွားတဲ့ သတင်းတွေပါကြားနေရလို့ ပရိတ်သတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြရတာပဲ ဖြစ်ပါတယ်။

အခုလည်း သရုပ်ဆောင် ပြေတီဦးရဲ့ ဖခင်ဖြစ်သူက ကိုဗစ်ရောဂါကူး စက်ခံထားရပြီး မကြာခင် ရက်ပိုင်းတွေက အောက်ဆီဂျင် ထိုးကျမှု တွေရှိခဲ့တာကို တွေ့ရပါတယ် ။

ဒီနေ့မှာတော့ ပြေတီဦးရဲ့ ဖခင်ကွယ် လွန် သွားတဲ့ သတင်းတွေ လူမှုကွန် ရက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။

သရုပ်ဆောင် ပြေတီဦး၏ ဖခင် ဒေါက်တာ ဦးတင်မောင်ဦး အသက် (၇၄) နှစ် ကိုဗစ်ရောဂါဖြင့် ကွယ် လွန်သွားကြောင်း သိရှိရပါတယ် ။

“ မလုပ်ပေး လိုက်ရဘူးဆိုတဲ့ နောင်တ စိုးစဉ်းမှ မရှိစွာနဲ့ သမီးတတ်နိုင်သမျှ အစွမ်းကုန် လုပ်ပေးခဲ့ပါတယ်..

ကံကြမ္မာကိုတော့ ပြောင်းလဲမပေးနိုင်ဘူးပေါ့အဖေ။ အဖေကိုယ်တိုင် အကြိမ်ကြိမ် စိတ်ကြိုက် ရွေးချယ်ခဲ့တဲ့ ကံကြမ္မာအတွက် အဖေလဲ နောင်တကင်းစွာ လက် ခံနိုင်မယ် ထင်ပါတယ်.။

သိလို့ဖြစ်စေ မသိလို့ဖြစ်စေ ကာယကံ ဝစီကံ မနောကံ နဲ့ ပစ်မှားမိခဲ့ဖူးတဲ့ အပြစ်တိုင်းအတွက် ထိခြင်းငါးပါးနဲ့ ကန်တော့လိုက်ပါတယ်။

ငြိမ်းချမ်းစွာ အနားယူပါတော့”ဆိုပြီး ငွေတီဦးက သူမရဲ့ လူမူကွန်ယက်မှာ ဖခင်ဖြစ်သူနဲ့ ပတ်သက်လို့ ရေး သား ထားတာကို ပရိတ်သတ်တွေ အတွက် ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ညီနန္ဒကလည်း ပြောစရာစကားလုံး မရှိရအောင်ကို ကြေကွဲ ဝမ်းနည်း နေမိကြောင်းကို“ သူငယ်ချင်း ပြေတီဦး ရဲ့ဖခင် ဆုံးပြန်ပြီ

နှစ်သိမ့်စရာ စကားလုံး ရှာမတွေ့ဘူး သူငယ်ချင်းရယ် ”ရေးသား ဖော်ပြထားပါတယ် ။

ပြေတီဦး ခမျာ ဖမ်းဆီး ထိန်းသိမ်းခံထားရလို့ ခုလို ဖခင် ကွယ်လွန်တာ သိရရင် ဘယ်လောက် ဖြေဆည် မရ ဖြစ်နေမလည်း စိတ်မကောင်းမိတာ အမှန်ပါပဲ ။

ပရိတ်သတ်ကြီးအတွက် ပြေတီဦးရဲ့ ဖခင် ကွယ်လွန်သွားတဲ့ သတင်းလေးကို ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

မိသားစုနှင့်ထပ်တူဝမ်းနည်းရပါတယ်ဦးတီရေ Credit

Add a Comment

Your email address will not be published. Required fields are marked *