သားကို ဆရာဝန်ဖြစ်အောင် single mom ဘဝကနေ တစ်ယောက်တည်း ငါးရောင်းပြီး ဆေးကျောင်းထားခဲ့တဲ့ မိခင်ရဲ့ အဖြစ် (မိဘမေတ္တာဟာ အလွန်ကြီးမားပါလားနော်)

သားကို ဆရာဝန်ဖြစ်အောင် single mom ဘဝကနေ တစ်ယောက်တည်း ငါးရောင်းပြီး ဆေးကျောင်းထားခဲ့တဲ့ မိခင်ရဲ့ အဖြစ် (မိဘမေတ္တာဟာ အလွန်ကြီးမားပါလားနော်)

ကဲ ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ (Single mom) ဖြစ်ပေမယ့်လည်း အားမလျော့ပဲ ဆရာဝန်ဖြစ်ချင်တဲ့ သားအတွက် ငါးရောင်းပြီး ရှာဖွေပေးခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။

Nanita Ronquillo ဆိုတဲ့ အမျိုးသမီးက အသက် (၅၅) နှစ်ရှိပြီး ဈေးထဲမှာ ငါးရောင်းတဲ့ အလုပ်ကို လုပ်ကိုင်နေတဲ့ (Single Mom) တစ်ယောက်ဖြစ်ပါတယ်။ အိမ်ထောင်ရေး ကံမကောင်းခဲ့ပေမယ့်လည်း သူမမှာ သား တစ်ယောက်ရှိခဲ့ပြီး သူ့မရဲ့ ဆန္ဒကတော့ သားဖြစ်သူကို ဆေးကျောင်း ထားနိုင်ရမယ် ဆိုတာပဲ ဖြစ်ပါတယ်။

သူမဈေး ရောင်းရတဲ့ တစ်နေ့စာဝင်ငွေက သားဖြစ်သူကို ဆေးကျောင်းထားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာသိပေမဲ့လည်း သူမရဲ့ ဆန္ဒကတော့ ရပ်တန့်မသွားခဲ့ပါဘူး။ သူမရဲ့ သားဖြစ်သူကို ပိုကောင်းတဲ့ ဘဝမှာ အောင် မြင်တဲ့ သူတစ်ဦးဖြစ်စေရမယ်လို့ ယုံကြည်ထားပြီး ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူမရဲ့ ယုံကြည်ချက်ကို အပျက်မခံပဲ မရမကကြိုးစားခဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ်။

Nanita ရဲ့ ခင်ပွန်းဖြစ်သူဟာ သူမကွဲပြီး နောက်အိမ်ထောင်အသစ်နဲ့ နေနေတာဖြစ်ပြီး Nanita က သားတစ်ယောက်နဲ့ ဘဝကို ရုန်းကန်းကြိုးစားနေ ရတာပဲဖြစ်ပါတယ်။

ဈေးရောင်းခြင်းက အခြားသူတွေအတွက်တော့ သက်သာတဲ့ အလုပ်တစ်ခုလို့ ထင်ချင်ထင်ပေမဲ့လည်း သူမအတွက်တော့ မလွယ်ကူခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ခါ တလေမှာ ငါးတွေ မကုန်ရင် ညနေ (၅) နာရီ (၆)နာရီလောက်အထိ ထိုင်ရောင်းရပြီး မနက်ဆိုလည်း (၅) နာရီလောက်ထပြီး ဈေးဗန်းခင်း အလုပ်စနေရပါပြီ။

သားဖြစ်သူ ကျောင်းစရိတ်အတွက် ဈေးကို မနက်ပိုင်းတင် မဟုတ်ပဲ မနက်နဲ့ရောင်းလို့ မကုန်ရင် ညနေပိုင်းတွေပါ အပိုငွေရအောင် ရောင်းနေရပါတယ်။ သူမ တစ်နေ့ ဈေး ရောင်းရတဲ့ ဝင်ငွေက တစ်နေ့ကို PHP 1000 အမေရိကန်ဒေါ်လာ (၁၉) လောက်အထိ ရပြီးကျောင်းစရိတ်ကို ဝင်ငွေက မမျှတဲ့အတွက် သားဖြစ်သူ ကျောင်းနားခဲ့ရတဲ့ နှစ်တွေလည်း ရှိခဲ့ပါတယ်လို့ပြောပြလာခဲ့ပါတယ်။

အခြားသူတွေ (၄) နှစ်နဲ့ ဘွဲ့ရခဲ့ပေမဲ့ သူမရဲ့ သားကတော့ (၆) နှစ် နေမှဘွဲ့ကို ရရှိခဲ့ပါတယ်။ အခုတော့ သူမရဲ့ ကြိုးစားအား ထုတ်မှုတွေက အရာထင်ခဲ့ပါပြီ အောင်မြင်ခဲ့ပါပြီ။

သူမဖြစ်စေချင်သလို သားဖြစ်သူလည်း ဆေးကျောင်းက ဘွဲ့ရလို့ ဆရာဝန်ကြီးတောင် ဖြစ်နေပါပြီ။ (သို့ပေမယ့်) သူမမှာ နှလုံးရောဂါရှိတာကြောင့် အခုဆို သားဖြစ်သူက အလုပ်ပေး မလုပ်တော့ဘဲ သူမကိုပြန်လည် ပြုစုစောင့်ရှောက်နေပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ခုပြောပြတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ထင်မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့ အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင် နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *