သရုပ်ဆောင် မဖြစ်ခင် ဒုရဲအုပ် ဘဝတုန်းက အမှတ်တရတွေကို ပြောပြလာခဲ့တဲ့ အဘသား ဦးဝင်းမြိုင်

သရုပ်ဆောင် မဖြစ်ခင် ဒုရဲအုပ် ဘဝတုန်းက အမှတ် တရတွေကို ပြောပြလာခဲ့တဲ့ အဘသား ဦးဝင်းမြိုင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ဦးဝင်းမြိုင်ကတော့ ဇာတ်ပို့ ဇာတ်ရံ တစ်ယောက်အနေနဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိထားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

တည်ကြည်တဲ့ ခန့်ညားတဲ့ ဥပဓိရုပ်ကြောင့် မင်းသားရဲ့ အဖေ အခန်း ဆရာဝန် အခန်းတို့မှာ အများဆုံး သရုပ်ဆောင် ရလေ့ရှိသလို လတ်တလောမှာလည်း

ရုပ်ရှင် အစည်း အရုံး ဇာတ်ပို့ ဇာတ်ရံ အလွှာရဲ့ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေတာ ပဲဖြစ်ပါတယ်။

သူကတော့ ဒီနေ့မှာ ငယ်ငယ်တုန်းက ဓာတ်ပုံဟောင်းတွေကို ပြန်ကြည့်ရင်း မင်းသား မဖြစ်ခင် ဒုရဲအုပ်

ဘဝနဲ့ကျင်လည် ခဲ့တုန်းက အချိန်တွေအကြောင်း ပရိတ်သတ်တွေကို မျှဝေလာခဲ့ပါတယ်။

(၁၉၈၁) ခုနှစ် ဒုရဲအုပ်လောင်း သင်တန်းဆင်းပြီး အ လုပ်သင် ဒုရဲအုပ်အဖြစ် ဖြူးရဲစခန်းမှာ တာဝန်ကျ

အသက်က (၂၇) လောက် မမျှော်လင့်ဘဲ ဓါတ်ပုံလေး ပြန်တွေ့တော့ အတိတ်ပုံရိပ်လေးတွေ ပြန်ပေါ်လာခဲ့ပါတယ်။

မှတ်မှတ်ရရ ဖြူးင်္သြံင်္ကန်နဲ့စတွေ့ လူပုံက ဖြူနွဲ့နွဲ့ သင်္ကြန်မဏ္ဍပ်မှာ တာဝန်ကျတော့ အမူးသမား အုပ်စုနဲ့ ဖိုက်တင်ပလေးရရော ဖောင်ကြီးသင်တန်းမှာ

လိုက်ဝိတ်တန်း လက်ဝှေ့ ရွှေတံဆိပ်ရှင်လေ လက်ရည်ကို မြို့နယ်ကောင်စီလူကြီးတွေ တွေ့သွားတော့ မြို့ နယ်လက်ဝှေ့ ဆပ်ကော်မတီအတွင်းရေးမှူး တာဝန်ပေးခဲ့ပါတယ်။

အဲ့ဒီနှစ်က ပဲခူးတိုင်း ဇုံပေါင်းစုံ လက်ဝှေ့ တန်ခွန်စိုက်ဒိုင်းကို ဖြူးမြို့နယ်အတွက် ယူပေးခဲ့ပါတယ်။

အလုပ်သင် ကာလပြီးတော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှူးရုံး ထောက်လှမ်းရေး/ နိုင်ငံရေးဌာနမှာ တာဝန်ကျတယ်။

ဒီလက်ရည်နဲ့ပဲ အရေး အခင်းကာလ တလျှောက်လုံးတိုင်း တပ်ဖွဲ့ မှူး ရဲ့ လုံခြုံရေး အရာရှိ တာဝန်ယူခဲ့ရတယ်။

အခုတော့ ရုပ်ရှင်မှာ အဖေခန်း သရုပ်ဆောင် အေးအေး ချမ်းချမ်းဖြစ်သွားပြီ တိုက်ခိုက်မှုတွေ လုပ်စရာ မလိုတော့ဘူး။

အသက်ကလည်း (၆၈) နှစ်ဆိုတော့ ဘုရားနဲ့ တရားနဲ့ မေတ္တာတွေနဲ့ ကိုယ့်ကိုယ်ကို အံ့သြနေမိ ဆိုပြီး အ တိတ် အကြောင်းတွေကို မျှဝေလာခဲ့ပါတယ်။

အခုအချိန်မှာ အေးချမ်း တည်ငြိမ်တဲ့ ကာရိုက်တာတွေနဲ့ တွေ့မြင်နေရတဲ့ ဦးဝင်းမြိုင်ကတော့ တချိန်တုန်းက ဒုရဲအုပ် လက်ဝှေ့ ရွှေတံဆိပ်ဆုရှင် အဖြစ်နဲ့

ဘဝ ရပ်တည်ခဲ့ဖူးတဲ့အကြောင်း ဦးဝင်းမြိုင်ရဲ့အ တိတ်အကြောင်း တချို့ကို ပရိတ်သတ်ကြီး အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *