သရုပ်ဆောင် ပိုင်တံခွန် ကျန်းမာရေးကောင်းမွန်ဟု သူ၏ ရှေ့နေထံမှသိရ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

သရုပ်ဆောင် ပိုင်တံခွန် ကျန်းမာရေးကောင်းမွန်ဟု သူ၏ ရှေ့နေထံမှသိရ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ပိုင်တံခွန်ကို ဒီနေ့ ရုံးထုတ် ကျန်းမာရေး ကောင်းမွန် ဘုရား တရား ပိုလုပ်ဖြစ်တယ်လို့ဆို အင်းစိန် ထောင်ထဲမှာ သရုပ်ဆောင်ရဲတိုက်နဲ့ တစ်ဆောင်တည်း အတူနေရတယ်လို့လည်း သူကပြောပါတယ်။

နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆို ခံရပြီး ဧပြီလ ၇ ရက်နေ့က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ မော်ဒယ် ပိုင်တံခွန်ကို ဒီ နေ့ ဧပြီ ၂၉ ရက်မှာ အင်းစိန်ထောင်တွင်း မြောက်ဒဂုံမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့ သူ့ရဲ့ရှေ့နေ အဖွဲ့ထံက သိရပါတယ်။

ဧပြီ ၁၂ ရက်နေ့က ပထမဆုံး ရုံးထုတ်ခဲ့ပြီး မြောက်ဒဂုံတရားရုံးမှာ တရားစွဲဆိုတင်ပို့ခဲ့တာဖြစ်ပြီး အမှုနဲ့ပတ် သက်တဲ့ပထမဆုံးရုံးချိန်းကိုတော့ အင်းစိန်ထောင်တွင်းမှာ ဒီနေ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပိုင်တံခွန်ကို မြောက်ဒဂုံမြို့နယ်မြို့မရဲစခန်းစခန်းမှူး ဒုရဲမှူး ဇော်မင်းအောင်က တရားလိုပြုလုပ် တရားစွဲ ထားတာဖြစ်ပါတယ်။

” ကိုယ်ရောစိတ်ပါ ကျန်းမာပါတယ်။ ကျန်းမာရေးကလည်း တော်တော်လေး ကောင်းမွန်ပါတယ်။ ရွှင်ရွှင်လန်းလန်းနဲ့ တွေ့ရပါတယ်။ သူ့အမေကို ကျန်းမာ ရေးဂရုစိုက်ဖို့ လို့ မှာပါတယ်။ အပြင်မှ ာမလုပ်ဖြစ်ခဲ့တဲ့ ဘုရားတရား အလုပ်တွေ ပိုလုပ်ဖြစ်တယ်။ အ ချင်းချင်းတွေ ဖေးမကူညီစောင့်ရှောက်ကြတယ်။

အပြင်မှာထက် အတွင်းမှာ ပိုစည်းလုံးကြတယ်။ ရှေ့မှာ ပိုကောင်းအောင် ဘာလုပ်မလဲ ကျကျနနတွေးမိတယ်။ ဒါဟာ ဒီကာလမှာ သူရတဲ့အမြတ်တွေပဲလို့လည်း ပြောပါတယ်” လို့ သူ့ရှေ့နေအဖွဲ့ထဲက ဥပဒေအကြံပေးဦးခင်မောင်မြင့်က ဘီဘီစီကိုပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ ပိုင်တံခွန်ဘက်က လိုက်ပါဆောင်ရွက်ဖို့ရှေ့နေ ကိုယ်စားလှယ်လွှဲစာကို တရားရုံးမှာ တင်ခဲ့ပြီး တရားရုံးကလည်း လက်ခံလိုက်တယ်လို့ သိရပါတယ်။

အမှုသည်နဲ့ လည်း ရှေ့နေတွေ စကားပြောဆိုခွင့်ရခဲ့ပြီး အမှုသည်ထံက ညွှန်ကြားချက် ရယူခဲ့တယ်လို့ ဦးခင်မောင်မြင့်ကပြောပါတယ်။ ပိုင်တံခွန်အတွက် တရားလွှတ်တော် ရှေ့နေ ဒေါ်ဇင်မာဦးက လိုက်ပါဆောင်ရွက်မှာဖြစ်ပြီး မေ ၁၃ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။

အဲဒီရုံးချိန်းမှာတော့ မှုခင်းစစ်ဆေးမှုအစီအစဉ် CMP ပြုလုပ်ပြီး အမှုကို ရက်ပေါင်း ၁၇၀ အတွင်းအပြီးစစ်မယ်လို့ တရားသူကြီးက သတ်မှတ်ကြောင်းလည်း ဦးခင်မောင်မြင့်ကပြောပါတယ်။

ပိုင်တံခွန်ဟာ လက်ရှိအင်းစိန်ထောင်တွင်း သရုပ် ဆောင်ရဲတိုက်၊ မီးရထားဌာနနဲ့ လေကြောင်းဦးစီးဌာနက CDM လုပ်လို့ဖမ်းဆီးခံထားရတဲ့အရာရှိတွေအပါ အဝင်ဝန်ထမ်းတွေနဲ့ ကျောင်းသားခေါင်းဆောင် လေးဦးတို့နဲ့အတူ တစ်ဆောင်တည်း နေထိုင်ရတယ်လို့သူ့ရှေ့နေက ပြောပါတယ်။ Source ; BBC

Add a Comment

Your email address will not be published. Required fields are marked *