သရုပ်ဆောင် ခန့်စည်သူ အား Myanmar Academy ဆု တင်မက မြန်မာ့ ရုပ်ရှင် အစည်းအရုံး ကပါ ရာသက်ပန် တရား၀င် ပိတ်ပင်

သရုပ်ဆောင် ခန့်စည်သူ အား Myanmar Academy ဆု တင်မက မြန်မာ့ ရုပ်ရှင် အ စည်းအရုံး ကပါ ရာသက်ပန် တရား၀င် ပိတ်ပင်

မင်္ဂလာပါ ပရိတ်သတ်ကြီး တို့ရေ အာ ဏာသိမ်းမှု စတင် ဖြစ်ပေါ်စ်တည်းက ပြည်သူတွေဟာ မတရားမှုကို လက်သင့်မခံနိုင်တဲ့ အတွက် ဒီကနေ့ အချိန်ထိ လမ်းပေါ်ထွက် ဆန္ဒပြ တော်လှန်နေကြတာပဲ ဖြစ်ပါတယ်။

ဒီတော်လှန်ရေး တိုက်ပွဲမှာလဲ နိုင်ငံ အတွက် အသက်ပေးပြီး တိုက်ပွဲ ၀င်သွားရတဲ့ လူငယ်တွေ ပြည်သူတွေလဲ ရှိခဲ့ကြပါပြီ။ ဒီမတရား မှုကြီးကို အနုပညာ ရှင် တွေလဲ အတူ တွန်း လှန် ပါ၀င် ခဲ့ကြပါတယ်။

ဒါပေမဲ့ အချို့သော အနုပညာရှင်တွေဟာတော့ မိမိရဲ့ ကျော်ကြား မှုကို မထောက်ထား ပဲ နေသာသလိုသာ နေံခဲ့ကြပါတယ်။ ပြည်သူတွေဟာလဲ ဒိ့အတွက် Social Punishment တွေ စတင် ပြုလုပ်လာကြပါပြီ။

ဒီကနေ့မှာလဲ သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူဟာ မိမိရဲ့ ရရှိထားတဲ့ အကယ်ဒမီ ဆုကို မထောက်ထားပဲ ပြည်သူရဲ့ စံပြ ပုဂ္ဂိုလ် အဖြစ် ရှိမနေခြင်း‌ ကြောင့် တရား၀င် ပိတ်ပင် ခံလိုက်ရပါပြီ။

“တရားဝင် ပိတ်ပင်ခြင်း။ Myanmar Academy ဆုရှင် သရုပ်ဆောင်  “ခန့်စည်သူ” သည် နိုင်ငံရေး အကြပ် အတည်းဖြစ်နေချိန် ပြည်သူများအား ကူညီထောက်ပံခြင်းမျိုးအား မတွေ့ရခြင်း၊ သင် ရရှိထားသော Myanmar Academy ဆုTitle ကြီးအား မထောက်ထားဘဲ ပြည်သူ၏ စံပြပုဂ္ဂိုလ်

တစ်ဦးအဖြစ် ရှိမနေခြင်း ၊ အခုလိုပြည်သူများ အသက်ချွေးပေးဆပ်နေရချိန်မှာ စိတ်ပူပန်ပြီး စာတကြောင်းမျှတောင် ဖွင့်ဟပြော ဆိုခြင်းလဲ မရှိခြင်း နှင့် အဆိုးဆုံးကတော့  မိမိတို့ပြည်သူလူထုကို ပုန်ကန်သည့် သဘောကို သက်ရောက် ‌နေတာဖြစ်လို့ ယနေ့ ၊ ယခုမှ စတင်ကာ

Myanmar Academy ဆု တင်မက မြန်မာ့ရုပ်ရှင် အစည်းအရုံးမှ ” ခန့်စည်သူ ” အား ရာသက်ပန် တရားဝင် ပိတ်ပင် သွားမည်ဖြစ်ပြီး သူနှင့် ပက်သက်သော Information များ အားလုံးကိုလည်း မိမိတို့ဖက်မှ ဖျက်သိမ်း မည်ဖြစ်ကြောင်း အများပြည်သူများအား အသိပေး အပ်ပါသည်။

ဆက်လက်ပြီး အကယ်ဒမီ ဆုရရှိသူများထဲမှ ထုပ်ပယ်ရန် ကျန်ရှိနေသူများ ထပ်မံတင်ပြသွားမည်။” ဆိုပြီး ကြေညာ လာခဲ့တာပဲ ဖြစ်ပါတယ်။

မတရားမှုကို တော်လှန်နေကြတဲ့ မြန်မာ ပြည်သူ ပြည်သားတွေ အားလုံး အန္တရာယ်ဘေး ကင်းကြပါစေ။ ဖတ်ရှု အားပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီး သာယာသော နေ့ရက်များ ပိုင်ဆိုင် ကြပါစေ။ Source ; The Myanmar Academy Awards

Add a Comment

Your email address will not be published. Required fields are marked *