သမီးလေးကြောင့် ဓမ္မဘက်မှာပဲ ရပ်တည်ပြီး လိပ်ပြာ သန့်သန့်နဲ့ ရှေ့ဆက် နိုင်ခဲ့တယ်ဆိုတဲ့ မြဝတ်ရည်

သမီးလေးကြောင့် ဓမ္မဘက်မှာပဲ ရပ်တည်ပြီး လိပ်ပြာ သန့်သန့်နဲ့ ရှေ့ဆက် နိုင်ခဲ့တယ်ဆိုတဲ့ မြဝတ်ရည်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ အွန်လိုင်းပေါ်မှာ နာမည်ကြီး ဆယ်လီ တစ်ဦးဖြစ်တဲ့ ခွဲစိတ် အထူးကု ဆရာဝန် တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြဝတ်ရည် ကိုတော့ လူတိုင်း သိကြလိမ့်မယ် ထင်ပါတယ်။

သူမက ခွဲစိတ် ဆရာဝန်ဘဝမှာ CDM ပြုလုပ်ပြီး ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ရင်း စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒေါက်တာ မြဝတ်ရည် ကို ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆို ထားတာကြောင့် လွတ်မြောက် နယ်မြေတစ်နေရာမှာ ကိုယ်ဝန် ဆောင်ထားရင်းနဲ့ပဲ မိသားစုနဲ့ အတူ တိမ်းရှောင် နေရပါတယ်။

သူမက ဖမ်းဝရမ်း ထုတ်ခံထားရလို့ ရှောင်တိမ်းရင်း လွတ်မြောက် နယ်မြေမှာပဲ ရင်သွေး ငယ်လေးကို အောင်မြင်စွာ မွေးဖွား နိုင်ခဲ့ပါတယ်။

ဒေါက်တာ မြဝတ်ရည်က သမီးလေးကြောင့် ဓမ္မဘက်မှာပဲ ရပ်တည်ပြီး လိပ်ပြာ သန့်သန့်နဲ့ ရှေ့ဆက်နိုင်ခဲ့တယ်လို့ အခုလိုပဲ ရင်ဖွင့်လိုက်ပါတယ်။

တော်လှန်ရေး ကာလ တစ်လျှောက်လုံး အာဏာရှင်ကို ဆန့်ကျင်ခဲ့ရာမှာ ကိုယ့်လူတွေ ကျဆုံး ဆုံရှုံးရတိုင်း ကျတတ်လွန်းတဲ့ စိတ်တွေကို ပြန်ကောက် တင်ပြီး အားတင်းနေရတာ သမီးလေးကြောင့်ပါပဲ

သမီးလေးကြောင့် ဓမ္မဘက်မှာပဲ ရပ်တည်ပြီး လိပ်ပြာ သန့်သန့်နဲ့ ရှေ့ဆက် နိုင်ခဲ့တာပါပဲ တစ်နေ့ကျရင်တော့ ခက်ခဲမှုတွေ အတွေ့ အကြုံတွေ ပြောခွင့်ရချင်ပါသေးတယ် ” လို့ သူမရဲ့ လူမှု့ကွန်ယက် စာမျက်နှာပေါ်မှာ ရေးသား ဖော်ပြထားတာကို တွေ့ရပါတယ်။

သူမဟာ သူမရဲ့လသား အရွယ် ရင်သွေးလေးကို ငဲ့နေရလို့ တော်လှန်ရေး အတွက် ပါဝင်ဆောင်ရွက်လို့ မရတာကြောင့် အားနာ မိတယ်လို့ မကြာသေးခင် ရက်ပိုင် းလောက်က ရေးသား ခဲ့ပါသေးတယ်။

ပရိတ်သတ်ကြီး‌ရေ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက် နယ်မြေမှာ မိသားစုနဲ့ အတူ နေထိုင်နေရတဲ့ CDM ဆရာဝန် ဒေါက်တာ မြဝတ်ရည် အတွက် အားပေး စကားလေးတွေကို ကောမန့်မှာ ရေးသား သွား‌ပေးခဲ့ပါအုံးနော်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *