သမီးလေးကို ပေါင်မုန့်ဝယ်ကျွေးနိုင်ဖို့ ဗိုက်ဆာတဲ့အချိန် ရေခဲတုံးလေးတွေနဲ့ ဆန်စေ့တွေကိုသာ စားပြီး တောင့်ခံခဲ့ရှာတဲ့ မိခင်

သမီးလေးကို ပေါင်မုန့်ဝယ်ကျွေးနိုင်ဖို့ ဗိုက်ဆာတဲ့အချိန် ရေခဲတုံးလေးတွေနဲ့ ဆန်စေ့တွေကိုသာ စားပြီး တောင့်ခံခဲ့ရှာတဲ့ မိခင်

မိဘတွေဆိုတာ သူတို့တွေ ငတ်မွတ်ဆာ လောင်နေရင်တောင်မှ သူတို့ရဲ့သားသမီးကိုမဆာလောင်အောင်ကျွေးမွေးပြီး ဒုက္ခဒဏ်တွေကို အမြဲခံပေးသူတွေပါနော်။ Aisha Othman အမည်ရှိတဲ့ မိခင်တစ်ယောက်ကလည်း သူမရဲ့ 7နှစ်အရွယ်သမီးလေးအ တွက် စားစရာချန်ထားပေးနိုင်ဖို့အတွက် သူမဆာလောင်နေတဲ့အချိန်တွေမှာဆိုရင် ရေခဲတုံးလေးတွေကိုသာဝါးစားပြီးတော့ တောင့်ခံနေလေ့ရှိတာပါ ။

Aisha ရယ် ၊ သူမခင်ပွန်းရယ် ပြီးတော့ သူမ၏သမီးလေး Paymitra တို့ဟာ Desa Rejang PPR ဆိုတဲ့ မလေးရှားနိုင်ငံ ၊ Kuala Lumpurမြို့မှာရှိတဲ့ လူများစွာနေထိုင်တဲ့အိမ်တန်းရားကြီးတစ်ခုမှာ နေထိုင်တာပါ။

သူမတို့မိသားစုက အတော်လေးကိုဆင်းရဲပြီး သူမ၏ခင်ပွန်းကလုံခြုံရေးဝန်ထမ်းတစ်ဦးအနေနဲ့ အလုပ်လုပ်ကိုင်နေလျက်ရှိပြီး သူမတို့မိသားစု၏တစ်လ ဝင်ငွေမှာတော့ RM 1,500 ခန့်သာရရှိခဲ့တဲ့အတွက်ကြောင့် ဘာစားရင်ကောင်းမလဲဆိုပြီးစဉ်းစားခွင့်လေးတောင်မရရှိဖူးဘူးဆိုပြီး Aisha ကပြောပြခဲ့တာပါ။ ဘာလို့လည်းဆိုတော့ လျှပ် စစ်မီး ၊ ရေ စတဲ့အခွန်တွေ နဲ့ အိမ်ငှါးခတွေကြောင့် ဖြစ်ပါတယ်တဲ့ ။

ထို့အပြင် ယောက္ခမကိုလည်း ယခင်ကအိမ်ငှါးခတွေဖြစ်တဲ့ RM 5,000 မြန်မာငွေ 18သိန်းဝန်ကျင်) ခန့်ပေးဖို့ အကြွေးများပြန်ဆပ်နေရကြောင်းလည်း သိရှိရပါတယ်နော်။ ကျွန်မတို့ အခွန်တွေပေးဆောင်ပြီးရင်တော့ စားချင်တာစားနိုင်ပြီဆိုပေမဲ့လည်း အမြဲ တမ်းအခွန်တွေပေးပြီးလတိုင်း ကျွန်မတို့မှာပိုက်ဆံတွေ မကျန်တော့ပါဘူးဆိုပြီး Aisha ကပြောပြသွားခဲ့တာပါ။

တခါတလေ စားစရာမရှိတဲ့အချိန်တွေမှာဆိုရင် 3ရက်လောက် ဆန်စေ့တွေကိုသာစားခဲ့ကြပြီးတော့သမီးလေးအတွက်တော့ ပေါင် မုန့်လေး ချန်ထားပေးလေ့ရှိတာပါ။ ကျွန်မထမင်းချက်ရင် မီတာခတက်မှာကြောက်လို့ တအားဗိုက်ဆာတဲ့အချိန်တွေမှာဆိုရင် ရေခဲတုံးလေးတွေကို စားလိုက်တယ် ဆိုပြီး Aisha ကပြောခဲ့တာပါ ။

ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Azreen Madzian က Aisha နှင့်သူမ၏သမီးဖြစ်သူ Paymitra တို့၏အကြောင်းကိုကြား သိသွားခဲ့ချိန်မှာတော့ မိနစ် 20စာ For Paymitra ဆိုတဲ့ခေါင်စဉ်လေးနဲ့ ဖြစ်ရပ်မှန်သူတို့ရဲ့ဘဝဇာတ်ကြောင်းလေး ကို အဆိုပါတိုက်တန်းအဆောက်အအုံ PPR စနစ်ဖြင့်နေထိုင်နေကြရတဲ့သူများအကြောင်းနှင့်အတူ ရိုက်ကူးပေးခဲ့တာပါ။

၎င်းရုပ်ရှင်ရဲ့ကျေးဇူးကြောင့် Setiwangsa MP,Nik Nazmi Nik Ahmad Service centre မှအရာရှိများက Aisha ရဲ့အခြေအနေကို သတင်းလက်ခံရရှိသွားခဲ့ကြပြီး သူမတို့မိသားစု၏အခြေခံအစားအစာများအတွက် အထောက်အပံ့ပေးခဲ့ကြတာပါ။

Aisha နှင့် သူမ၏ခင်ပွန်ကိုလည်း လူမှု ဝန်ထမ်းအလုပ်တွေကိုလျှောက်ထားကြဖို့ အကြံဉာဏ်ပေးခဲ့ကြပါသေးတယ်။ ကံ ကောင်းစွာနဲ့ပဲ Aisha ဟာ ကုန်စုံဆိုင်တစ်ခုမှာအလုပ်ရရှိသွားခဲ့ပြီး သူမ၏မိသားစုအတွက်လည်း ဝင်ငွေများကို တစ်ဖက်တစ်လှမ်းမှ ရှာဖွေပေးနိုင်ခဲ့ပါတော့တယ်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *