သမီးဖြစ်သူနဲ့ လက်ထပ်မည်ဆိုပါက ဝက်အကောင် ၃၀၀ ပါပေးမည်ဖြစ်ကြောင်း ကြေညာလာခဲ့တဲ့ ဖခင်တစ်ဦး

သမီးဖြစ်သူနဲ့ လက်ထပ်မည်ဆိုပါက ဝက်အကောင် ၃၀၀ ပါပေးမည်ဖြစ်ကြောင်း ကြေညာလာခဲ့တဲ့ ဖခင်တစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ် အကြောင်းလေးကတော့ တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာ နေထိုင်တဲ့ သမီးရှင် တစ်ဦးဟာ သမီးဖြစ်သူကို

အိမ်ထောင် ချပေးချင်တဲ့အတွက်“

သမီးဖြစ်သူနဲ့လက်ထပ်မည် ဆိုပါက ဝက်အကောင် ၃၀၀ ပေးအပ်မည်”လို့ ကြေညာထားခဲ့တယ်လို့ ဆိုပါတယ်။

ဖခင်က အိမ်ထောင် ချပေးချင်နေပြီဖြစ်တဲ့ အမျိုး သမီးလေးရဲ့နာမည်ကတော့

Zhang Zhiyuan ဖြစ်ပြီး သူမဟာ တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် မြို့ပေါ်က ကုမ္ပဏီတွေမှာ အလုပ်မလုပ်

တော့ဘဲ မိဘတွေရဲ့ လက်ငုတ်လက်ရင်းဖြစ်တဲ့ ဝက်မွေးမြူရေးကို ဦးစီး လုပ်ကိုင် ပေးနေတာဖြစ်ပါတယ်။

ဖခင်ဖြစ်သူရဲ့ ဝက်ခြံမှာ ဝက်အကောင်ရေ ၂၀၀၀ ခန့်ရှိပြီး Zhang Zhiyuan ဟာ သူတက်မြောက်ထားတဲ့

နည်းပညာတွေကို လက်တွေ့အသုံးချပြီး ဖခင်ရဲ့စီးပွားရေးကို တိုးတက်အောင် လုပ်ကိုင် ပေးခဲ့ပါတယ်။

သူကတော့ ရိုးရှင်းတဲ့ မွေးမြူရေး အလုပ်ကို သဘော ကျတယ်လို့ ဆိုထားပေမယ့် အသက်၂၅ နှစ်ရှိပြီ ဖြစ်သော်လည်း ရည်းစားမထားဘဲ

အိမ် စီးပွားရေးကိုပဲ တစိုက် မတ်မတ် လုပ်ကိုင်နေတဲ့ သမီးဖြစ်သူကို အပျိုကြီးဖြစ်မှာ စိုးရိမ်တာကြောင့် ဖခင်ဖြစ်သူက ဒီလိုကြေ ညာချက် ထုတ်ရတာပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး ထက်မြတ်တဲ့ မိန်းကလေးကို ရမယ့်အပြင် ဝက် ၃၀၀ ကိုလည်း ပိုင်ဆိုင်ရမယ့် အခွင့်အရေးမို့ ကာလသားတွေကတော့ ပီတိဖြာနေမှာ အမှန်ပါပဲ။

Zhang Zhiyuan ကတော့ ဘယ်သူ့ကို ရွေးချယ်ပြီး ဘယ်လို ဆုံးဖြတ်ချက် ချမလဲဆိုတာကလည်း စိတ် ဝင်စားစရာပါပဲနော်။

ပရိတ်သတ်တွေထဲက တစ်ယောက်ဆိုရင်လည်း ဘယ် လိုဖြစ်မလဲဆိုတာ အောက်ကမန့်မှာ ရေးသားခဲ့ပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *