သမီးပြန်အလာ မမျှော်နဲ့တော့အမေ ( ကြွေလွင့်သွားခဲ့ရတဲ့ ပန်းလေးတစ်ပွင့် ညီမလေး မြတ်သက်သက်ခိုင် )

သမီးပြန်အလာ မမျှော်နဲ့တော့အမေ ( ကြွေလွင့်သွားခဲ့ရတဲ့ ပန်းလေးတစ်ပွင့် ညီမလေး မြတ်သက်သက်ခိုင် )

ကြွေလွင့် သွားခဲ့ရတဲ့ ပန်းလေး တစ်ပွင့် ညီမလေး မြတ်သက်သက်ခိုင် အိမ်က မထွက်ခင်မှာ အမေဟာ မှာတမ်းခြွေတယ် “ငါ့သမီးဂရုစိုက်နော် မေမေ စိတ်ပူတယ်” တဲ့ ဆိုင်ကယ် ဦးထုတ်လေးက မေမေ့ အကာ အ ကွယ်ပါပေါ့ ။

ဘယ်သူက ထင်ထားမှာလဲ မေမေ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ပြည်သူတွေကို ရေပိုက်တွေ မျက်ရည်ယို ဗုံးတွေနဲ့ ဖြိုခွဲကြမယ်လို့ သမီးတို့က စည်းကျော်လာကြတာလည်း မဟုတ်
အကာ အကွယ်ယူ လိုက်တာတောင် သမီးကို ထိအောင် ပစ်ကြတယ် မေမေ ။

နေတောင် ညိုရောပေါ့ သမီးပြန်အလာ မျှော်နေတဲ့ မေမေ အရိပ်လေးတောင် မတွေ့ရတဲ့အခါ ရင်ထဲလှိုက်ဖို ငိုကြွေးနေမလား ။ ဒါမှမဟုတ် ပြန်လာသမျှ လမ်းသွား လမ်းလာတွေကို ငါ့သမီးလေးရော မြသက်သက်ခိုင်လေးရောလို့ တွေ့သမျှ အကုန် လိုက်မေးနေမလား မေ့မေ့ ကျေးဇူးကြွေး မဆပ်ရသေးပါဘူး ။ ဒါပေမယ့် တိုင်းပြည် တာဝန် ကျေပွန်ခဲ့ပါတယ် ။

တစ်ချိန်မှာ လူတွေက နင့် သမီးရောလို့ မေးကြတဲ့ အခါ “ကျွန်မသမီးလေးဟာ သူရဲ ကောင်းမလေးပါ” လို့ မေမေ ဂုဏ်ယူစွာ ထုတ်ပြော နိုင်ပါတယ် မေမေ ။ ဖတ်နေရင်းကို မျက်ရည် မထိန်းနိုင် ခဲ့ပါဘူး ။ စစ် အာဏာ ရှင်စနစ် ကျဆုံးပါစေ ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *