သမီးငယ်လေးရဲ့ ပထမဆုံးမွေးနေ့ကို ဝမ်းနည်းစွာ တောင်းပန်ရင်း အဝေးက ဆုတောင်းပေးလိုက်တဲ့ အဆိုတော် Rဇာနည်

သမီးငယ်လေးရဲ့ ပထမဆုံးမွေးနေ့ကို ဝမ်းနည်းစွာ တောင်းပန်ရင်း အဝေးက ဆုတောင်းပေးလိုက်တဲ့ အဆိုတော် Rဇာနည်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အောင်မြင် ကျေ ာ်ကြားခဲ့တဲ့ အဆိုတော် တစ်ယောက်ဖြစ်သလို တော် လှန်ရေး တိုက်ပွဲကြီးမှာလည်း ပြည်သူတွေနဲ့ အတူရပ်တည်ကာ ဖေဖော်ဝါရီလ အစပိုင်းကတည်းက လမ်းပေါ်ထွက် လှုပ်ရှားမှုတွေမှာ အင်တိုက် အားတိုက် ပါဝင်ခဲ့သူကတော့ Rဇာနည်ပဲ ဖြစ်ပါတယ်။

တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစား ပါဝင်အားဖြည့်ခဲ့တာတွေကြောင့် (၅၀၅) က ဖြင့် အမှုဖွင့် အရေးယူခြင်း ခံထားရပြီး ခုလက်ရှိမှာတော့ လုံခြုံ ရေးအတွက် ရှောင်တိမ်းရင်း အရေး တော်ပုံအတွက်လည်း ကြိုးစား တိုက်ပွဲဝင်နေတဲ့ Rဇာနည်ကတော့ မိသားစုနဲ့ ရင်သွေးလေးတွေကို သတိရလွမ်းနေတဲ့အကြောင်း ပြောပြလာပါတယ်။

ဒီကနေ့မှာ ပထမဆုံး တစ်နှစ်ပြည့် မွေးနေ့ကျရောက် လာတဲ့ သမီးငယ် မစ်မစ်လေးရဲ့ မွေးနေ့မှာ မိသားစုနဲ့အတူ မရှိနိုင်လို့ ဝမ်းနည်း စိတ်မကောင်းစွာ တောင်း ပန်ရင်း သမီးလေးအတွက် အဝေးကနေ ဆုတောင်း စကားလေးဆိုလိုက်တာ ဖြစ်ပါတယ်။

အရမ်းချစ်ရတဲ့ သမီးလေး မစ်မစ်အတွက် မွေးနေ့ဆုတောင်းပေးရင်း အရမ်းလည်း လွမ်းနေတဲ့ အ ကြောင်းကိုလည်း Rဇာနည်က ခုလို ရေးသားပြောပြထားပါသေးတယ်။

“Happy Birthday Par သမီးငယ် မစ်မစ်လေး သမီးရဲ ပထမဆုံး တစ်နှစ်ပြည့်မွေးနေ့မှာ ပါပါး သမီးနဲ့အ တူ ရှိမနေနိုင်တာ sorry ပါနော်။ ပါပါး သမီးလေးကို အရမ်းလဲ လွမ်းတယ် အရမ်းလဲ ချစ်တယ်နော်။

သမီးလေး မေဘုန်းဇာနည် တစ်နှစ်ပြည့်မှ နှစ်ပေါင်းများစွာ မိသားစုနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ ကိုယ်ကျန်း မာ စိတ်ချမ်းသာ ပြီး ဘာသာ သာသနာအကျိုး လူ သား အားလုံး အကျိုးကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ပါစေ လို့ ပါပါး ဆုတောင်းပေးပါတယ်။

l love you Baby လေး မွချိ” ဆိုပြီး မွေးနေ့ ဆု တောင်းစ ကားလေး ဆိုထားတာပါ။

သမီးငယ်လေးရဲ့ ပထမဆုံးတစ်နှစ်ပြည့် မွေးနေ့လေးမှာ မိသားစုနဲ့ အတူ မရှိနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ Rဇာနည်ကို ပရိတ်သတ်ကြီးအားလုံးလည်း အားပေးစကားပြောရင်း မစ်မစ်လေးအတွက်လည်း မွေးနေ့ဆုတောင်းပေးခဲ့ပါအုံးနော်။

Add a Comment

Your email address will not be published. Required fields are marked *