သနားကြင်နာမှုရှိတဲ့ရဲသားကို မျက်ရည်ကျလောက်အောင် ကျေးဇူးတင်ခဲ့ရတဲ့ အဖွားအိုရဲ့ အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

သနားကြင်နာမှုရှိတဲ့ရဲသားကို မျက်ရည်ကျလောက်အောင် ကျေးဇူးတင်ခဲ့ရတဲ့ အဖွားအိုရဲ့ အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ဆင်းရဲနွမ်းပါးတဲ့ လူတွေ အပြစ်လုပ်မိလို့ အသနားခံကြတဲ့အခါ စိတ်မကောင်းသော်လည်း မမြင်ချင်ယောင်ဆောင်ပြီးပဲဖြစ်ဖြစ် ဥပဒေအတိုင်း ဆောင်ရွက်ကြရတာ ရဲသားတို့ရဲ့ တာဝန် ထုံးစံတစ်ခုလိုလည်း ပြောလို့ရပါတယ်။

နွမ်းပါးတဲ့ လူတွေကို အရေးယူရတာက ခက်ခဲပေမယ့်လည်း တိုင်းပြည်ရဲ့ ဥပဒေကို တင်းကြပ်စွာ ကိုင်တွယ်ပြီး တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရပါတယ်။ ထိုင်ဝမ်နိုင်ငံရှိ ရဲသားတစ်ဦးက လမ်းဘေးမှာ စည်း ကမ်း ချိုးဖောက်ပြီး ဆိုင်ခင်းရောင်းလို့ ဒဏ်ငွေများစွာအချခံရတဲ့ အဖွားအိုတစ်ဦးကို ကူညီခဲ့တဲ့အတွက် ၎င်း သတင်းက လူအများအပြား သိလာပါခဲ့တယ်။

ထိုင်ဝမ်မှာ ပျံကျဈေးဆိုင်တွေများစွာရှိပြီး တရားမဝင်ဖွင့်ထားကြတာဖြစ်ပါတယ်။ သို့ပေမယ့် ၎င်း ဆိုင်တော်တော်များများက လှည်းဘီးပါတာကြောင့် ရဲလိုက်ဖမ်းရင် လွယ်ကူစွာ ထွက် ပြေး တိမ်းရှောင်နိုင်ကြပါတယ်။

ငယ်ရွယ်သန်မာတဲ့ ဈေးသည်တွေကတော့ လွယ်ကူ လျင်မြန်စွာ ထွက်ပြေးနိုင်ကြပေမယ့်လည်း သက်ကြီး ရွယ်အိုဈေးသည်တွေကတော့ ထွက်မပြေးနိုင်ကြရှာပါဘူး။

(Pingtung) မြို့နယ်မှာ သနားကြင်နာတတ်တဲ့ ရဲသားတစ်ဦးဟာ အဖွားအိုတစ်ဦးကို ကူညီခဲ့တဲ့ဖြစ်ရပ်ကို အင်တာနက် အသုံးပြုသူတစ်ဦးက ခုလို မျှဝေလာခဲ့ပါတယ်။

တစ်နေ့မှာ ပျံကျဈေးသည်တွေကို ဒဏ်ငွေရိုက်ဖို့ ရဲတွေရောက်လာစဉ် ဈေးသည်တွေက လျင်မြန်စွာ သိမ်းဆည်းပြီး ထွက်ပြေးသွားကြပါတယ်။

မထွက်ပြေးနိုင်တဲ့ အဖွားအိုကတော့ ဒဏ်ငွေမရိုက်ဖို့ ရဲသားကို တောင်းပန်နေခဲ့ပြီး ရဲသားကလည်း သူမရဲ့ အပြုအမူဟာ ဥပဒေကို ချိုးဖောက်တာဖြစ်လို့ တာဝန်အရ ဆောင် ရွက်ရတာဖြစ် ကြောင်း ပြန်ပြောလာခဲ့ပါတယ်။

အဖွားအို ရှာဖွေထားတဲ့ ငွေလေးတွေက ဒဏ်ရိုက်တဲ့ အထဲပါသွားတော့မှာဖြစ်တဲ့အတွက် ရဲသားလည်း အလွန်စိတ်မကောင်းဖြစ်နေမိခဲ့ပါတယ်။

ထို့နောက် ရဲသားက အဖွားအိုရဲ့ ဒဏ်ငွေအတွက် ထိုင်ဝမ်ဒေါ်လာ (၂၀၀၀) ကို ထုတ် ပေးခဲ့ရာ အစမှာတော့ အဖွားအိုက အမှုတိုးမှာ စိုးတဲ့အတွက် မယူရဲခဲ့ပါဘူး။

ဒါပေမယ့် ရဲသားက စိတ်ရင်းမှန်နဲ့ပဲ ပိုက်ဆံကို ထုတ်ပေးခဲ့ပြီး ထွက်သွားခဲ့ပါတော့တယ်။ ၎င်း အဖြစ်အပျက်ကြောင့် အဖွားအိုက စိတ်မကောင်းစွာ ကျေးဇူးတင်ရင်း ငိုနေခဲ့ပါတော့တယ်။

အွန်လိုင်း အသုံးပြုသူတွေကတော့ ၎င်း ရဲသားရဲ့ သနားကြင်နာတတ်တဲ့ အပြု အမူကို လေးစားကြရင်း အဖြစ်အပျက်ကို ခုလို့ မျှဝေလျက်ရှိကြပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း ရဲသားအပေါ် ထင် မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆု တောင်းပေးလိုက်ပါတယ် ခင်ဗျာ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *