သစ်ပင်အောက်မှာ တစ်ယောက်တည်း ထမင်းထိုင်စားနေတဲ့ စိတ်မကောင်းစရာ ကျောင်းသားလေးရဲ့ အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

သစ်ပင်အောက်မှာ တစ်ယောက်တည်း ထမင်းထိုင်စားနေတဲ့ စိတ်မကောင်းစရာ ကျောင်းသားလေးရဲ့ အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ကလေးတွေ အတွက် ကျောင်း နေ့လည်စာလေး ကောင်းနေရင် သူတို့ စိတ်ထဲ အလိုလို ပျော်ပါတယ်။

အရသာရှိတဲ့ နေ့လည်စာဟာ ကလေးတိုင်းအတွက်တော့ မဟုတ်ဘူး။ ပိုက်ဆံရှိ သားသမီးတွေအတွက် နေ့လည်စာကောင်းကို စားသုံးနိုင်ပေမယ့် နေ့လည်စာအတွက်တောင် မတတ်နိုင်တဲ့ ကလေးတွေက သိမ်ငယ်ရပါတယ်။

ဖေ့စ်ဘွတ် သုံးစွဲသူ Jennifer Bahaghari Paje ရဲ့ပို့စ်မှာ ကျောင်းသား ငယ်လေးတစ်ဦး သစ်ပင်အောက်မှာ တစ်ယောက်တည်း ထမင်းစားနေတာ တွေ့ရပါတယ်။

ပိုပြီး စိတ်မကောင်းစရာကောင်းတာက ကလေးစားတဲ့ ထမင်းချိုင့်မှာ ဟင်းကောင်းကောင်း တစ်ခုမှ မပါတာပါပဲ။ သူ့မှာ သူငယ်ချင်းမရှိလို့ သစ်ပင်အောက်မှာ ဒီလို လာစားနေရတာ ဖြစ်ပါတယ်။

၎င်း ကျောင်းသားက ဖိလစ်ပိုင်နိုင်ငံရှိ Butuan မြို့က မူလတန်းကျောင်းမှ ဖြစ်ပြီး သူ့ရဲ့ ထမင်းဘူးကြောင့် အခြား ကျောင်းသားတွေနဲ့ထမင်းအတူ စားရမှာ ရှက်တယ်တဲ့။

လူလူချင်း အတူတူ ဒီလိုမျိုး အစားသောက်ကြောင့် ခွဲခြား ဆက်ဆံရတာမျိုးမလိုလားတဲ့အတွက် အခု ပို့စ်ကို Jenniferက တင်ရတာဖြစ်ပါတယ်။

ဒီကလေးမှာလည်း အခြား ကလေးတွေနဲ့ သူငယ်ချင်းတွေ ဖြစ်ပိုင်ခွင့်ရှိသလို ကစားနိုင်မှာပေါ့။ ဟင်းမကောင်းရင်တောင် အနည်းဆုံး ကလေးဘဝကိုတော့ သူပျော်ပျော် ပါးပါးဖြတ်သန်းသင့်ပါတယ်။

Jennifer ရဲ့ ပို့စ်လေးကြောင့် အင်တာနက် သုံးစွဲသူတွေကြား ပျံနှံ့သွားပြီး ဒီကလေးနဲ့ ထမင်း အတူတူ လာစားပေးတဲ့ ကျောင်းသာလေးတွေလည်း ရှိလာပြီလို့ သိရပါတယ်။ တကယ့် ဝမ်းသာစရာပါပဲနော် ။

ပရိတ်သတ်ကြီးအားလုံးရဲ့ အမြင်လေးတွေကိုလည်း အောက်မှာရေးသား ခဲ့ပါအုံးနော်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူးတင် လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *