သစ္စာဖောက်ဆိုတဲ့ တံဆိပ်တော့အကပ်မခံပါရစေနဲ့ အရေးတော်ပုံ မအောင်မချင်း အိမ်မပြန်ဘူးလို့ ပြောလာခဲ့တဲ့ ပိုင်ဖြိုးသု

သစ္စာဖောက်ဆိုတဲ့ တံဆိပ်တော့အကပ်မခံပါရစေနဲ့ အရေးတော်ပုံ မအောင်မချင်း အိမ်မပြန်ဘူးလို့ ပြောလာခဲ့တဲ့ ပိုင်ဖြိုးသု

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အရေးတော်ပုံ မအောင်မချင်း အိမ်မပြန်ဘူးလို့ ပိုင်ဖြိုးသုက သူ့ရဲ့ လူမူကွန်ယက် စာမျက်နှာမှ တဆင့် ဒီနေ့မှာပြော လိုက်ပါတယ် ။

”ခံစားချက်ကို ဦးစားပေးခဲ့မိလို့ မှားသွားပါတယ်လို့ ခံဝန်လေးထိုးပြီး အိမ်မှာ အေးဆေး ပြန်နေရမယ်တဲ့လား ။

မိသားစုနဲ့ ပြန်တွေ့ ရမယ်တဲ့လား ။

အလုပ်တွေ ပြန်လုပ် ရမယ်တဲ့လား ။

တစ်ချို့တွေ အသက်တွေ ပေးသွားကြပြီ ။

တချိူ့တွေ ထောင်ထဲ ရောက်ကုန်ကြပြီ ။

တချိူ့တွေ အားလုံးကို ပစ်ချထားခဲ့ပြီး လက်နက်တွေ ကိုင်နေကြရပြီ ။

သူတို့တွေ အိမ်ပြန်လို့ မရကြတော့ဘူး ။ မိသားစုနဲ့လည်း ကွဲကွာ ကုန်ကြပြီ ။

သူတို့ချစ်တဲ့ အလုပ်‌တွေလည်း လုပ်ခွင့်မရကြတော့ဘူး ။

အဲဒီ့လူတွေကို ငါရှက်တယ် ။

အဖြစ် မရှိသူဆိုတဲ့ ဂုဏ်ပုဒ်‌နဲ့တင် ငါ့အတွက် လုံလောက်ပါပြီ ။

သစ္ာစ ဖောက်ဆိုတဲ့ တံဆိပ်တော့ အကပ် မခံပါရစေနဲ့ ။

အရေးတော်ပုံ မအောင်မချင်း ငါ အိမ်မပြန်ဘူး ”လို့ ပိုင်ဖြိုးသုက ရေးသား ထားပါတယ် ။

ပရိတ်သတ်တွေကလည်း သရုပ်ဆောင် ပိုင်ဖြိုးသု အတွက် အားပေး စကားလေးတွေ ပြောခဲ့ပါအုံးနော် ။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ ။

Add a Comment

Your email address will not be published. Required fields are marked *