ဝါသနာပါတဲ့ အဆိုတော် ဘဝကို စွန့်ပြီး တောထဲမှာ နေရတဲ့ခံစားချက်တွေကို ရင်ဖွင့်လာခဲ့တဲ့ အဆိုတော် မူးလာ

ဝါသနာပါတဲ့ အဆိုတော် ဘဝကို စွန့်ပြီး တောထဲမှာ နေရတဲ့ ခံစားချက်တွေကို ရင်ဖွင့်လာခဲ့တဲ့ အဆိုတော် မူးလာ

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ Myanmar Idol Season (4) အဆိုတော် တစ်ယောက်ဖြစ်တဲ့ မူးလာက ခုလက်ရှိမှာ စစ် အာဏာရှင် လူတစ်စုကို တော်လှန်ဖို့ လွတ်မြောက်နယ်မြေ ဆီရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ဝါသနာတဲ့ ဂီတလမ်းကြောင်းနဲ့ မိသားစုကို ခဏတာ စွန့်ခွာခဲ့တဲ့ မူးလာက တောထဲတောင်ထဲ ကြမ်းကြမ်း တမ်းတမ်းနေထိုင်ရင်း တစ်ခါတစ်လေမှာလည်း အိမ်ကို လွမ်းကြောင်း ပြောလာတာကို တွေ့ရပါတယ် ။

“ထင်ကြမှာပေါ့ သက်သောင့် သက်သာ သာယာ နေလိမ့်မှာပဲလို့ သီချင်းဆိုရခြင်းကို ပျော်ရွှင်တဲ့ လူအဖို့ သီချင်းဆိုဖို့ ကိုယ်ကိုယ်တိုင် နေရာဖန်တီး ဝါးခုတ် တွင်းတူး တိုင်စိုက် မြက်ပေါက် ဘယ်တွေး ဘူးမလဲဗျ ာ။

နိုင်ရာ ဝန်ထက်ပိုတဲ့ အားအင်များနဲ့ တော်လှန်ရေးကြီး အတွက် ကြိုစားလျက်ပါ ။ တခါတလေတော့လည်း အိမ်ကို အရမ်းလွမ်းတယ်ဗျာ” ဆိုပြီး ပြောလာခဲ့ပါတယ် ။

မူးလာလို သီချင်းဆိုတာ ပျော်တဲ့ လူတွေရော အခြားသောနယ်ပယ် အသီးသီးက ပြည်သူ လူထုတွေက အရာရာကို စွန့်လွှတ်ပြီး ပေးဆပ်နေကြတာ တကယ့်ကို လေးစားစရာပါပဲဗျာ ။

ပရိတ်သတ် တွေကလည်း အဆိုတော် မှုးလာ အတွက် အားပေး စကားလေးတွေ ပြောခဲ့ပါအုံးနော် ။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ ။

Add a Comment

Your email address will not be published. Required fields are marked *