ဝက်ပေါက်လေးတွေကို သူရဲ့ကလေးအရင် သဖွယ် ကြင်နာယုယစွာနဲ့ ပြုစု စောင့်ရှောက်ပေးနေတဲ့ မိခင် ကျားမကြီး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ဝက်ပေါက်လေးတွေကို သူရဲ့ကလေးအရင် သဖွယ် ကြင်နာယုယစွာနဲ့ ပြုစု စောင့်ရှောက်ပေးနေတဲ့ မိခင် ကျားမကြီး

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ မိခင် မေတ္တာကို သေချာလေး ပြသပေးနိုင်တဲ့ တကယ့် ဖြစ်ရပ်မှန် ကျားမကြီးရဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

၎င်း အဖြစ်ပျက်လေးက ထိုင်း နိုင်ငံမှာ ဖြစ်ခဲ့တာပါ။ တိရစ္ဆာန် ဥယျာဉ် တစ်ခုမှာ ခေါ်ယူ မွေးထားခံရတဲ့ ကျားမကြီး တစ်ကောင်ရှိပါတယ်။

အဆိုပါ ကျားမကြီးမှာ ကိုယ်ဝန် ရှိနေခဲ့ပါတယ်။

သို့ပေမယ့် ကျားမကြီးက တကယ်ကို ကံ မကောင်း စွာနဲ့ပဲ သူမရဲ့ ကလေးငယ်လေးတွေကို ဆုံးရှုံး သွားခဲ့ရပါတယ်။

ဒါနဲ့ပဲ ကျားမကြီးဟာ စိတ် ထိခိုက်ပြီး သူ့ကလေးတွေအတွက် ဝမ်းနည်း ကြေကွဲကာ မိခင် သောကရောက်နေရှာပြီး မစားနိုင် မသောက်နိုင်အထိကို ဖြစ်ခဲ့ပါတယ်။

တိရစ္ဆာန်ရုံရှိ ဝန်ထမ်း တွေကလည်း မိခင်ကျားမကြီးကို ဒီအတိုင်း မစားမသောက်ပဲ နေရင် ကြာရင် သူမရဲ့အသက်ကိုပါ စိုးရိမ် ရနိုင်ချေ ရှိတဲ့အတွက် သူမ ခံစားနေရတဲ့ သောကတွေ ပျောက်ဖို့ တခုခုနဲ့ ဖြေရှင်းကြဖို့ စီစဉ်ကြပါတယ်။

ဒီလိုနဲ့ ဝန်ထမ်းတွေက အကြံရသွားပြီး ဝက်ပေါက် ကလေးတွေကိုကျားပုံစံ အဝတ်ကလေးတွေနဲ့ ပြုလုပ် ဝတ်ဆင်ပေးပြီး ကျားမကြီးကို ပေးခဲ့လိုက်ပါတယ်။

အရမ်းကို အံ့သြဖို့ ကောင်းတာက မိခင်စိတ် ပြည့်ဝနေတဲ့ ကျားမကြီးက ဝက် ကလေးတွေကို သူ့ရဲ့ ကလေးအရင်းသဖွယ် ကြင်ကြင်နာနာနဲ့ တယုတယ ပြုစု စောင့်ရှောက်ပေးနေတာကို တွေ့မြင်ခဲ့ရပါတယ်။

ဝက်လေးတွေကပဲ သူ့ရဲ့ ကလေးအရင်းတွေ အလားပြုမူနေကြတာကြောင့် ချစ်ဖို့လည်းကောင်းပါတယ်။

ဖတ်ရှု့ အားပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း လူသားတွေပဲ ဖြစ်ဖြစ် တိရစ္ဆာန် တွေပဲ ဖြစ်ဖြစ် မိခင် မေတ္တာကတော့ အမြဲတမ်း ကြီးကျယ် မြင့်မြတ်လှပါတယ်။

ဖတ်ရှု့ပေးခဲ့ကြတဲ့ တစ်ဦး တစ်ယောက် ချင်းစီကိုလည်း ကျေးဇူး အထူး တင်ရှိပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *