လွန်ခဲ့တဲ့ ခုနှစ်က တင်ခဲ့တာ post တစ်ခုကြောင့် ဝေဖန်‌မှု‌တွေ မြင့်တက်နေတဲ့ အပေါ် ပြန်လည် ဖြေရှင်းလာခဲ့တဲ့ ဖိုးသောကြာ

လွန်ခဲ့တဲ့ ခုနှစ်က တင်ခဲ့တာ post တစ်ခုကြောင့် ဝေဖန်‌မှု‌တွေ မြင့်တက်နေတဲ့ အပေါ် ပြန်လည် ဖြေရှင်းလာခဲ့တဲ့ ဖိုးသောကြာ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မြန်မာသံစဉ်တွေနဲ့ တူတူပရိတ်သတ် အားပေးမှု အခိုင်အမာနဲ့ အောင်မြင်ခဲ့တာကတော့ အဆိုတော် သုမောင်ရဲ့သား ဖိုးသေ ာကြာပါ။

မကြာခင်အချိန်ကလည်း လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတင်ခဲ့တာ post တစ်ခုကြောင့် ဝေဖန်ခံနေရတတာပါ။

ဒါကြောင့်ဆိုရှယ်မီဒီယာကိုသိပ်မသုံးတဲ့ ဖိုးသောကြာကတော့ သူရဲ့ ဆိုရှယ်မီဒီယာကနေခုမှာ အောက်ပါစာအတိုင်း ရှင်းပြခဲ့တာပါ။

လူ့ အလို နတ်မလိုက် ” လို့ပြောလိုက်ရင်ကိုယ်ကနတ်ကြီးဖြစ်နေပြန်ဦးမယ်။ အဲလိုပြောလို့လဲ မဖြစ်ပြန်ဘူး။ ဒဲ့ပြောတာပဲကောင်းပါတယ်လေ။

၂၀၁၆ ခုနှစ်က ကျနော်ရေးထားတဲ့ ပို့စ် တစ်ခုကိုကို ပြန်ရှယ်ပြီးကျတော်ကိုတိုက်ခိုက်နေကြတယ်ဆိုတာကျနော့်မိတ်ဆွေစစ်တွေ ပရိတ်သတ် စစ်စစ်တွေက ပြောလို့ကျနော်သိရတယ်။

နဂိုကတည်းကလည်း FB အသုံးနည်းတယ်။ FB က ကျနော့်ကမ္ဘာမဟုတ်ဘူး။ ကျနော်ဝင်လည်းမကြည့်ဘူး။ ရှင်းလည်းမရှင်းဘူး။ မရှင်းဘူးဆိုတာရှင်းစရာမလိုလို့မရှင်းဘူးဆိုတာ ရှင်းရှင်းလေးပါ။

မရှင်းပဲနေတော့ ”အိပ်ပျော်နေတာလား၊ကြောက်နေတာလား၊ သေနေပြီလား ”မျိုးစုံပါပဲ။ ဟော ထရှင်းကြည့်လိုက်လေ ” အိပ်နေရာက နိုးလာပြီ မနေနိုင်လို့ထွက်လာပြီ ကြောက်လို့ထွက်ရှင်းပြီလို့ ” ပြောကြဦးမယ်။

ခုလည်းမရှင်းပဲနေနေတာပါ။ အမှန်ကိုသိတဲ့လူတွေကစာတွေပို့ပြီး ရှင်းပေးပါဆိုလို့ ရှင်းရပါဦးမယ်။ ၂၀၁၆ က ကိစ္စမို့ ၂၀၁၆ ကိစ္စနဲ့ပဲအရင်ရှင်းပါ့မယ်။

လူတစ်ယောက်ကစာရေးတဲ့အခါ ဖြစ်ပေါ်နေတဲ့အချိန်ကာလနဲ့ ခံစားမှုပေါ်မူတည်ပါတယ်။ အဲဒီအချိန်ကရေးခဲ့တဲ့စာနဲ့ ခံစားမှု့ကို ခု ၂၀၂၁ မှာဘာလို့မရေးတာဆိုတော့ရှင်းရှင်းလေးပါပဲ ခံစားချက်မတူလို့ပါ။

ဟုတ်ပြီ ပွင့်ပွင့်လင်းလင်း‌ပဲ ပြောကြပါစို့။ ၂၀၁၅ ရွှေးကောက်ပွဲတုန်းက NLD အစိုးရကိုမဲပေးခဲ့တယ်။ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့အစိုးတစ်ရပ်ဖြစ်လာခဲ့တယ်။

ပြည်သူတစ်ယောက်အနေနဲ့ ၂၀၁၅ မတိုင်ခင်ကအစိုးနဲ့ နှိုင်းယှဉ်ခဲ့တယ်။ ဒါကလည်းလူ့သဘာဝပဲလေ။ ကိုယ့်အစိုးရဖြစ်လာတော့မှ ဈေးတွေတက်လာတယ်။ ဒါကိုအားမလိုအားမရဖြစ်ပြီး ရေးတယ်။

ပြည်သူတစ်ယောက်နေနဲ့ အော်တယ်။ ဒါ ဘာဖြစ်လည်း။ အဲဒီ့ကတည်းက ကျနော့်ကိုဝိုင်းဆဲကြတယ်။ အဲဒီ့ကတည်းက ပို့စ်ကိုဖျက်ခဲ့လို့ရတယ်။

ကျနော်မဖျက်ခဲ့ဘူး။ နောက်တစ်ခုက YBS တွေလုပ်တော့လူသွားပလက်ဖောင်း တွေပေါ်မှာ bus လမ်းညွှန်တွေလိုက်စိုက်တယ်။

စိုက်တာကလူသွားလမ်းမအလည်တဲ့တဲ့မှာစိုက်ချင်သလိုစိုက်ခဲ့ကြတယ်။ အောက် ခြေကဝန်ထမ်း‌တွေကတော့ ခိုင်းရင်လုပ်မှာပဲ။

ဒါကိုအပေါ်ကလူကစည်းစနစ်တကျ ခိုင်းဖို့လိုတယ် မြင်လို့ ပြည်သူတစ်ယောက်အနေနဲ့ထောက်ပြခဲ့တယ်ဒါလည်းဝိုင်းဆဲကြပြန်တာပဲ။

(ဆဲတဲ့လူတိုင်းကိုပြန်ဆဲရအောင်ကျနော့်မိဘကမဆုံးခဲ့တာမှ မဟုတ်တာလေ)။ အဲဒီ့မှာကျနော်အသိတစ်ခုရခဲ့တယ်။

လူကြီးတွေကိုယ်တိုင်ကကိုယ်တင်တဲ့အစိုးရ ကိုယ်ရွေးချယ်တဲ့ အစိုးရကိုယ်ဝေဖန်ပိုင်ခွင့် အပြစ်တင်ခွင့် တောင်းဆို ပိုင်ခွင့်ရှိတယ်လို့‌ ပြောခဲ့ပေမယ့် မတောင်းဆိုရဲ မဝေဖန်ရဲတဲ့ နိုင်ငံမှာကျနော်တို့နေနေရတယ်ဆိုတာပါပဲ။

ကမ္ဘာကိုမှီဖို့မပြောနဲ့မယှဉ်နဲ့ ကိုယ့်နိုင်ငံတွင်းမှာ ရှိတဲ့ ရန်ကုန်နဲ့ မန္တလေးပဲယှဉ်ကြည့်စမ်းပါ။ NLD အစိုးရလက်ထက်မှာ မန္တလေးမြို့ကြီးဘယ်လောက်တိုးတက်လာခဲ့လည်း။ ရှင်းရှင်းလေးပဲ။

ပြည်သူတွေပြောတဲ့အသံကိုနားထောင်တယ်။ ဝေဖန်တာကိုလက်ခံတယ်။ မန္တလေးကျုံးအပြင်ဘက်စတီးအကာတွေကာတာကအစ ပြည်သူ့ကိုချပြီးပြည်သူ့အကြိုက်ကိုလိုက်ပြီး အကောင်းဆုံးဖြစ်အောင် plan ချပြီးလုပ်ခဲ့တယ်။ဒါကဥပမာပဲ။

ကိုယ်ရွေးချယ်ခဲ့တဲ့အစိုးရဘာလုပ်လုပ်မှန်တယ် ဆိုပြီး ဇွတ်မှိတ်ထောက်ခံနေသမျှကျနော်တို့နိုင်ငံဘယ် တော့မှ မတိုးတက်နိုင်ပါ။ အဲလိုဘာလုပ်လုပ်မှန်တယ်ဆိုပြီးဇွတ် မှိတ်ထောက်ခံနေတဲ့အထဲမှာကျနော်မပါခဲ့ဘူး။

ဒါပေမယ့်အဲလို ဝေဖန်တာကို ဝိုင်းဆဲကြလို့ ခံခဲ့ရပြီးနောက်ပိုင်း ဘယ်တော့မှနိုင်ငံရေးအကြောင်း မပြောတော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ခုပြောနေတာတွေက၂၀၁၆ ကကိစ္စနဲ့ပက်သတ်ခဲ့တဲ့အကြောင်းတွေပဲ။ ကိုယ်ရေးခဲ့တဲ့ပိုစ့်နဲ့ပက်သတ်ပြီးဖျက်ဖို့ ဝိုင်းပြောကြတယ်။

ကိုယ်မှန်တာရေးခဲ့အတွက်ဖျက်ဖို့စိတ်ကူးမရှိပါဘူး။ နောက်တစ်ခုရှိပါသေးတယ် NLD ပါတီကိုမထောက်ခံတဲ့သူတွေရှိတယ်။ ထောက်ခံတဲ့သူတွေဒုနဲ့‌ဒေးရှိတယ် ။ ဘာပါတီမှမထောက်ခံတဲ့ သူတွေရှိတယ်။

ဒါကို NLD ပါတီကိုမထောက်ခံတဲ့သူကိုရန်သူလိုသ ဘောထားတဲ့လူတစ်စုရှိတယ်။ ဘယ်ပါတီမှမထောက် ခံတော့လည်း ကြားနေလို့ ပြောကြပြန်တယ်။ ခုလည်းကျနော့်ကို ၂၀၁၆ ကပို့စ်နဲ့ပက်သတ်ပြီး အဘဘောမတို့ဘာတို့ပြောကြပါတယ်။

ပြောချင်တာပြောကျနော် ဂရုမစိုက်ပါဘူး။ ကိုယ်မဟုတ်တာကိုယ်သိနေတဲ့အတွက် မခံစားဘူး။ ခေတ်အဆက်ဆက်အစိုးရအဆက်ဆက် ဖုန်းတစ်လုံး မြေတစ်ကွက် မတောင်းဖူးဘူးဆိုတာလည်း ပြောထားဘူးတယ်။

ခုချိန်ထိ ဖိုးသောကြာမှာ ကိုယ်ပိုင်အိမ်မရှိဘူး။ အဘဘောသာမခဲ့ပြီး တက်လာသမျှ အစိုးရကို ကပ်ခဲ့ရင်တော့ ဖိုးသောကြာ ချမ်းသာတာကြာလှပေါ့။

အဲဒါကိုအကြောင်းပြုပြီး ကျနော့်မိန်းမ လုပ်ငန်းကိုတိုက်ခိုက်ကြတယ်။ COVID ကာလကစပြီး နိုင်ငံရေး မငြိမ်သက်မှုတွေ ဖြစ်လာပြီးနောက်ပိုင်း အနုပညာသမားတွေ အလုပ်မရှိတာ လူတိုင်းနီးပါးပဲ။

အဲဒီထဲမှ ကျနော်ကိုယ်တိုင်အပါအဝင်ပါ။ အလုပ်မရှိပဲ ဘာနဲ့ စားနေသလည်း၊ အဘဘောမပြီး စားနေတာလား ဆိုတဲ့မေးခွန်းကြောင့်ပြောရပါဦးမယ်။

ကျနော်အလုပ်မရှိတော့ ကျနော့်မိန်းမက သူတတ်ထားတဲ့ သူဝါသနာပါတဲ့ bakery လုပ်ငန်းကို စလုပ်ပါတယ်။ ကျနော့် wall ပေါ်မှာတစ်စက်လေးမှ ကျနော် မကြော်ငြာပေးခဲ့ပါဘူး။

ကိုယ့်ဟာကိုယ်ကြိုးစားပါစေဆိုပြီး လွှတ်ပေးထားခဲ့တယ်။သူ့လုပ်ငန်းအောင်မြင်လာတယ်။ ဒါကို မနာလိုကြလို့ တိုက်ခိုက်ကြပြန်တယ်။ ရှိပါစေ။

သူ့အကျိုးပေးနှင့်သူရှိလာမှာ လော ကဓမ္မတာပါ။ ခုတော့ ကျနော်မကြော်ငြာပေးပါနဲ့ လူပိုသိလာတာကလည်း စေ တနာမှန်လို့ပဲ ထင်ပါတယ်။

ခုပြောခဲ့‌တာတွေကတော့ ” ဧတေန သစ္စဝဇ္ဇေန သောတ္တိ မေ ဟောတု သဗ္ဗဒါ ” ပါပဲ။ ကမ္ဘာပေါ်မှာ ဘာသာကြီး ၄ ခုရှိတယ်။ ဘာသာငယ်လေးတွေ အများကြီးရှိတယ်။

ကိုယ်ကြိုက်ရာ ကိုယ်ကိုးကွယ်နေကြတာပါပဲ။ ကျနော်က ဗုဒ္ဓဘာဘာ ကိုးကွယ်လို့ အခြားဘာသာ ဝင်ကိုကျနော်မုန်းခွင့်မရှိသလို ရန်သူလို့သဘောထားခွင့်မရှိပါဘူး။ ဒါကိုက ဒီမိုကရေစီပါ။

အဲဒီ့ ဘာသာတွေအားလုံးထဲကမှ တစ်ခုမှ မကိုးကွယ်လို့ဆိုပြီးကြားနေသူ ဆိုပြီးလည်း ကျနော်ပြောခွင့်မရှိပါဘူး။ ကမ္ဘာပေါ်မှ ဘာသာမဲ့တွေ အများကြီးရှိနေပြန်ပါတယ်။

အဲဒီ့တော့ ကိုယ့်ဘာသာရဲ့ အဆုံးအမအရကိုယ်လိုရာပြန်ဆွဲယူကြရရင်ဖြင့် ဗုဒ္ဓ အဆုံးအမဖြစ်တဲ့” အတ္ထာဟိ အတ္တနော နာထော ” ပါပဲ။

ဖိုးသောကြာ၄.၁၀.၂၀၂၁၂၀၂၁ ရှင်းတမ်း လာပါဦးမယ်“ဆိုပြီးတော့ ရှင်းလည်းခဲ့တာပါနော်။

နောက်ထပ်ရှင်းလင်းချက်တွေလည်းပြောပြဖို့ရှိသေး တာကြောင့်ပရိတ်သတ်ကြီးလည်း စောင့်မျှော်အား ပေးကြပါဦးတဲ့။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *