လေယာဉ်ကွင်းမှာ သန့်ရှင်းရေးအလုပ်လုပ်ခဲ့ပြီးနောက် အချိန်ပြည့်လေယာဉ်မှူးတစ်ဦးဖြစ်လာခဲ့တဲ့ အမျိုးသားတစ်ဦး (ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ပါတယ်)

လေယာဉ်ကွင်းမှာ သန့်ရှင်းရေးအလုပ်လုပ်ခဲ့ပြီးနောက် အချိန်ပြည့်လေယာဉ်မှူးတစ်ဦးဖြစ်လာခဲ့တဲ့ အမျိုးသားတစ်ဦး (ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ပါတယ်)

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ လေယာဉ် ကွင်းထဲက အမှိုက်တွေကို လိုက်စုဆောင်းတဲ့သူက လေယာဉ်မှူးဖြစ်လာနိုင်တယ်ဆို ထင်ပါသလား။ Mohammed Abubakar အ တွက်က ၎င်း အရာက သူ့ရဲ့ကြိုးစား အား ထုတ်မှုတွေကြောင့် အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။

Mohammed Abubakar အမည်ရှိတဲ့ အ မျိုးသားတစ်ဦးက Nigeria နိုင်ငံရှိ မြို့ငယ်လေးတစ်မြို့မှ မွေးဖွားလာခဲ့ပြီး အထက်တန်းပြီးတဲ့နောက် Kaduna Polytechnic တက္ကသိုလ်မှာ ကျောင်းတက်လာခဲ့ပါတယ်။ သို့ပေမဲ့ သူက အချိန်နှင့်တပြေးညီ တင်ပြရန် ပျက် ကွက်ခဲ့တာကြောင့် ကျောင်းမှ ကျောင်းဆက်တက်ဖို့ အခွင့်အရေးမရခဲ့ပါဘူး။

အိမ်မှာနေပြီး သူ့ရဲ့အခြေအနေကို တွေး တောနေမဲ့အစား Mohammedက Kabo Air လေဆိပ်မှာ လေဆိပ်သန့်ရှင်းရေးသမားအ ဖြစ် အလုပ်ဝင်လုပ်ခဲ့ပြီး တစ်နေ့ကို နိုင်ဂျီးရီးယား Naira ၂၀၀ ဒေါ်လာ (ဝ.၅၀) သာရရှိခဲ့ပါတယ်။

လူတော်တော်များများဟာ ကျွန်တော့်ကို ပိုက်ဆံမရှိဘဲ အလုပ်မရနိုင်ဘူးလို့ ဆိုကြတယ်။ ကျွန်တော်နောက်ပိုင်းမှာ လေ ကြောင်းလိုင်းနဲ့အတူ မြေပြင်ဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ ကုမ္ပဏီမှာရှိတဲ့ ကျွန်တော့်ရဲ့ ဝန်ဆောင်မှုမှတဆင့် လုံခြုံရေးကလွှဲရင် ယူနစ်အားလုံးနီးပါးမှာ အလုပ်ဝင်လုပ်ဖူးပါတယ်။

အဲ့ဒီအလုပ်တွေက ကျွန်တော့်ကို လေ ကြောင်း sector မှာ အလုပ်ရသွားဖို့ အများကြီးကူညီပေးခဲ့တယ်လို့ Mohammed က ပြောလာခဲ့ပါတယ်။ Mohammedက ၎င်း အလုပ်မှာ အလွန်ကြိုးစားလုပ်ဆောင်ခဲ့ပြီး သူ့ရဲ့အထက်အရာရှိများထံကနေ လေးစားခြင်းကို ခံခဲ့ရပါတယ်။

ထို့နောက် သူ့ကို လေယာဉ် အမှုထမ်းအဖြစ် ကမ်းလှမ်းခဲ့ကြပြီး Mohammed ကလည်း ၎င်းကို ဝမ်းမြောက်စွာ လက်ခံလာခဲ့ပါတယ်။ နောက်ပိုင်းမှာ Mohammed အား Aero Contractor တွေက လေယာဉ်အမှုထမ်းအ ဖြစ် ဌားရမ်းလာခဲ့ကြပါတယ်။

အဆင့်မြင့်လာတဲ့သူ့ရဲ့အလုပ်အကိုင်တွေကြောင့် Mohammedက လစာကောင်းလာခဲ့ပါတယ်။ ၎င်းဟာ ယခင် လေဆိပ်သန့်ရှင်းရေး သမားတစ်ဦးအတွက် ကြီးမားတဲ့ခြေလှမ်းဖြစ်လာခဲ့ပါတယ်။

သို့ပေမဲ့ Mohammed က လစာတိုးမြှင့်သွားခဲ့ပေမဲ့လည်း ၎င်းကို စိတ်အားရကျေနပ်မှုမရှိခဲ့ပါဘူး။ Mohammedက လေယာဉ်မှူးဖြစ်ချင်ခဲ့ပြီး သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အလှူငွေထည့်ဝင်မှုစနစ်သို့ ဝင်ရောက်ခဲ့ပြီး သူ့ရဲ့အစုရှယ်ယာတွေရလာတဲ့အခါ ၎င်းက သူအမှန်တကယ်လိုချင်တဲ့အရာကို ဖြစ်လာအောင် လုပ်လာခဲ့ပါတယ်။

သူ့ရဲ့မန်နေဂျင်း ဒါရိုက်တာရဲ့ထောက်ခံမှုဖြင့် Mohammed က ကနေဒါမှာ လေယာဉ်မှူး သင်တန်းတက်ရောက်ခဲ့ပြီး နောက်ဆုံးမှာ သူ့ရဲ့ကိုယ်ပိုင်လေယာဉ်မှူး လိုင်စင်ကို ရရှိလာခဲ့ပါတယ်။

Mohammedက အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရပြီးနောက် နောက်ဆုံးမှာ စီး ပွားဖြစ်လေယာဉ်မှူး လိုင်စင်ကို ရရှိလာခဲ့ပါတယ်။ ထို့နောက် သူက Nigerian ကုမ္ပဏီဖြစ်တဲ့ Azman Air လေကြောင်းလိုင်းကို join လာခဲ့ပါတယ်။

အခုတော့ လေယာဉ်ကွင်းမှာ (၂၄) နှစ်အကြာ သန့်ရှင်းရေးလုပ်ခဲ့တဲ့ Mohammedက အချိန်ပြည့် လေယာဉ်မှူး တစ်ယောက်ဖြစ် လာခဲ့ပါတော့တယ်။ ပရိတ်သတ်ကြီးအား လုံးလည်း Mohammed အပေါ်ထင် မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *