လူအုပ်ကြားထဲ ကျတော့် ညီလေးကို တွေ့မိသေးလား ကျတော့်လိုရုပ်ပါပဲလို ပြောရင်း ရှာခဲ့တဲ့ အစ်ကို

လူအုပ်ကြားထဲ ကျတော့် ညီလေးကို တွေ့မိသေးလား ကျတော့်လိုရုပ်ပါပဲလို ပြောရင်း ရှာခဲ့တဲ့ အစ်ကို

ချစ်ခင် လေးစားရပါသော ပရိတ်သတ်ကြီး ခင်ဗျာ…

သူ့ညီကို ဒီလိုပုံနဲ့ ပြန်တွေ့ရတယ့် အချိန် သူ့ရင်ထဲမှာ လောင်မယ့် အပူမီးကို တွေးကြည့် ခံစားကြည့်တာနဲ့တင် ကိုယ်ပါ တော်တော် ပူလောင်နေပါပြီ (အမြွှာတွေက စိတ်ချင်းပိုနီးကြတယ်တဲ့)

ကျတော်ထင်တယ် သူ့ညီကို ကိုင်မရင်း ညီလေး အားတင်းထားနော် ဆိုတဲ့ စကားတစ်ခွန်းတော့ သူသေချာ ပေါက်ပြောကို ပြောခဲ့မှာပါ ။ ထုတ်ချင်း ပေါက်ဝင်သွားတဲ့ ကျည်ဆံက အသက်ရှင် ဖို့ရာခိုင်နှုန်း နည်းသွားတယ် ဆိုပေမယ့် မျှော်လင့်ချက်တော့ သူထားခဲ့ဦးမှာပါ ။

ညီလေးရေ အကိုတို့ မင်းရဲ့ ဒီပုံလေးကို ကြည့်တိုင်း ဘယ်လိုမှဖြေမဆည်နိုင် ဘူးသိလား။ လမ်းထဲက အန်တီတွေက အစ မျက် ရည်ကျတယ် ။ တစ်နိုင်ငံလုံးလည်း မျက် ရည်ကျမှာ အကိုသိတယ် ။

သေနိုင်မယ်မှန်း သိရက်နဲ့ထွက်လာကြတယ် ဆိုထဲက အားလုံးဟာ အာဇာနည်ပါ ။ ကျဆုံးသွားတဲ့ ညီလေးတို့ လိုလူတွေကတော့ အကိုတို့ အားလုံးက တစ်နိုင်ငံလုံးက အသိအမှတ် ပြုလိုက်တဲ့ အာဇာနည်ပါ ။

ဒီနေ့မှာ ကျတော်တု့ိ ကံကောင်းစွာနဲ့ ပြေးခွင့် ကောပြန်ခွင့်ကော ရခဲ့ပါတယ် ။ အဲ့အတွက် ပြေးခွင့် ကောပြန်ခွင့်ကော မရလိုက်တဲ့ ညီလေးတို့ အတွက်ပါ ရှေ့ဆက်ပြီး နှစ်ဆပိုတောင့်ခံပေးပါ့မယ် ။ ညီလေး အေး ချမ်းရာမှာ အနားယူပါတော့ ။ ကောင်းရာ သုဂတိလာပါစေ။ Credit

Add a Comment

Your email address will not be published. Required fields are marked *