လူရွှင်တော်ကြီး ဦးစိန်ရိုးကို သွားရောက်လှူဒါန်းလာခဲ့ပြီး ခုလက်ရှိအခြေအနေကို ပြောပြလာခဲ့တဲ့ ဟာသ လူရွှင်တော် ဒိန်းဒေါင်

လူရွှင်တော်ကြီး ဦးစိန်ရိုးကို သွားရောက်လှူဒါန်းလာခဲ့ပြီး ခုလက်ရှိအခြေအနေကို ပြောပြလာခဲ့တဲ့ ဟာသ လူရွှင်တော် ဒိန်းဒေါင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဒီနေ့မှာတော့ ရယ်စရာဟာသ ဇာတ်ရုပ်တွေအပြင် မရိုးနိုင်တဲ့ အခွီပြက်လုံးတွေကြောင့် အချိန်တိုလေးအတွင်း ပရိတ်သတ်တွေရဲ့တစ် ခဲနက် အားပေးဝန်ရံမှုတွေနဲ့ ချစ်ခင် အား ပေးမှုတွေကို အများဆုံး ရရှိထားသူကတော့ လူရွှင်တော်ကြီး ဦးစိန်ရိုးနဲ့ ဒိန်းဒေါင်တို့ပဲ ဖြစ်ပါတယ်။

မျိုးဆက်သစ် သဘင် အနုပညာရှင်တွေရဲ့ အတု ယူစရာ ဝါရင့် လူရွှင်တော်ကြီး ဦးစိန်ရိုးဟာ လွန်ခဲ့တဲ့ ရက်ပိုင်းတွေကတည်းက လေဖြန်းသွားခဲ့ပြီး ဆေးကုသမှု ခံယူနေရတာကိုလည်း ပရိတ်သတ်တွေ အားလုံးသိရှိကြပြီး ဖြစ်မှာပါ။

ဆရာသမား တစ်ယောက်ဖြစ်ပြီး ဆေးကုသနေရတဲ့ လူရွှင်တော်ကြီး ဦးစိန်ရိုးအတွက် ဒိန်းဒေါင်က လှူဒါန်းမှုတွေပြုလုပ်ခဲ့ပြီး ခုလက်ရှိ ကျန်းမာရေး အခြေအနေလေးတွေကိုလည်း အသိပေး မျှဝေလာခဲ့ပါတယ်။

အသက် အရွယ်ကြီးရင့်နေတာမို့ ပရိတ်သတ်တွေ စိတ်ပူစိုးရိမ်နေကြပြီး ကျန်းမာရေးကြောင့် ဆေးကုသမှု ခံယူနေရတဲ့ လူရွှင် တော်ကြီး ဦးစိန်ရိုးအတွက် လူရွှင်တော် အသင်းမှ လှူဒါန်းငွေတွေကို ကိုယ်တိုင် သွားရောက်လှူဒါန်းပြီး ခုလက်ရှိအခြေအနေလေးကို ဓာတ်ပုံဗီဒီယိုလေးတွေနဲ့အတူ မျှဝေလာခဲ့တာပဲ ဖြစ်ပါတယ်။

လူရွှင်တော် အသင်းမှ အဖေကြီး ဦးစိန်ရိုးအား တစ်သိန်းကျပ် ထပ်မံ လှူဒါန်းပါတယ် ခင်ဗျာဆိုပြီး ဦးစိန်ရိုးရဲ့ ခုလက်ရှိ ကျန်း မာရေး အခြေအနေလေးတွေကို ဒိန်းဒေါင်က ပရိတ်သတ်တွေကို အသိပေးကာပြန်လည်မျှဝေတာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း လူရွှင်တော်ကြီး ဦးစိန်ရိုးအတွက် ဆုတောင်းစကားလေးတွေဆိုကာ မှတ်ချက်လေးတွေ ရေးသားခဲ့ကြပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း မင်္ဂလာရှိတဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆု တောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Add a Comment

Your email address will not be published. Required fields are marked *